ရခိုင်ဘာသာစကား
မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုသော တရုတ်-တိဗင်နွယ် ဘာသာစကား / From Wikipedia, the free encyclopedia
အာရကန်ဘာသာစကား (ရခိုင်ဟုလည်းသိကြသည် /rəˈkaɪn/; မြန်မာ: ရခိုင်ဘာသာ [ɹəkʰàɪɴ bàθà], MLCTS: rakhuin bhasa) ဗမာဘာသာစကား၏ ဒေသိယစကားဟုလည်းမှတ်ယူကြသည်။ "အာရကန်" သည် ရခိုင်ဒေသ၏ ရှေးအခေါ်ဖြစ်သည်။ ရခိုင်များကို ဒေသိယသံဖြင့် သုံးမျိုးခွဲခြားနိုင်သည်: စစ်တွေ–မရမာ (သုံးစွဲသူ သုံးချိုး နှစ်ချိုးခန့်)၊ ရမ်းဗြဲ နှင့် သံတွဲ[4] ဖြစ်သည်။ ရခိုင်ဘာသာစကားသည် ရခိုင်၊ မရမာ နှင့် ကမန်တို့၏ မိခင်ဘာသာစကားဖြစ်သည်။
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
ရခိုင်ဘာသာစကား | |
---|---|
အာရကန် | |
ဒေသခံ | မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ |
ဒေသ |
|
ဒေသခံ ပြောဆိုသူများ | ၁ သန်း (၂၀၁၁–၂၀၁၃)[1] 1 million second language in Myanmar (2013) |
ဒေသိယစကား |
|
ဘာသာစကားကုဒ်များ | |
ISO 639-3 | Either: rki – Rakhine ("Arakanese") rmz – Marma ("Burmese") |
Glottolog | arak1255 [2] |
ရခိုင်စာပေ အသုံးပြုမှု နည်းပါးသော်လည်း ရခိုင်တို့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း စကားများကို အစောဆုံး ရယူအသုံးပြုခဲ့ခြင်းဖြစ်သည် ဆိုသော အထောက်အထားများ ရှိသည်။ ရခိုင်ရှိ ကျောက်စာကို အစောဆုံးခရစ်နှစ် (၆) ရာစုခန့်တွင် ရေးထိုးခဲ့ကြောင်း သိရသည်။ ရှေးရခိုင်တို့သည် ကောင်းမှု ကုသိုလ် မှတ်တမ်းများကို ဂုပ္တအက္ခရာကို အသုံးပြုပြီး သင်္သက္ကတ ဘာသာဖြင့် ရေးထိုးမှုများလည်း ရှိကြောင်း သိရသည်။ ရခိုင် ဘာသာစကားသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်နှင့် ကျေးရွာများတွင် အဓိက ပြောဆိုသုံးစွဲနေကြပြီး ရခိုင်ပြည်နယ်ရှိ လူဦးရေအများစုသည် မြန်မာဘာသာကိုသာ စာရေးသားရာတွင် အသုံးပြုကြောင်း သိရသည်။