ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ
မြန်မာနိုင်ငံရေးပါတီ / From Wikipedia, the free encyclopedia
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်၍ မေလ ၄ ရက်နေ့က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့သည်။ ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ကို ယခုလ ၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၈ ဖြင့် ရရှိခဲ့သည်။ ပါတီတွင် ဥက္ကဋ္ဌ တဦး၊ ဒု ဥက္ကဋ္ဌ ၄ ဦး (ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူ၊ ဦးအောင်ဘန်းသာ)၊ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ တွဲဘက်အတွင်းရေးမှူး ၄ ဦး (ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦသာထွန်းလှ၊ ခိုင်ပြည်စိုးတို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ပါတီရုံးချုပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထားရှိကာ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ဝင်ပြိုင်ရန် ရည်ရွယ်သော်လည်း ရခိုင်လူမျိုး အများစုရှိသော ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဓိကထား ယှဉ်ပြိုင်ခဲ့သည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ | |
---|---|
အင်္ဂလိပ် အမည် | Rakhine Nationalities Development Party |
ဥက္ကဋ္ဌ | ဒေါက်တာအေးမောင် |
အတွင်းရေးမှူး | ခိုင်ပြည့်စိုး |
တည်ထောင်ခြင်း | ၆ မေ ၂၀၁၀ |
ဖျက်သိမ်းခြင်း | ၁၃ ဇန်နဝါရီ ၂၀၁၄[1] |
ဌာနချုပ် | စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
နိုင်ငံရေး သဘောတရား | ရခိုင်လူမျိုး အခွင့်အရေး |
ဝက်ဘ်ဆိုဒ် | |
http://rakhinendparty.webs.com/ | |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[2] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[3][4][5][6][7]