မော်စကိုဒေသ စံတော်ချိန်
From Wikipedia, the free encyclopedia
မော်စကိုဒေသစံတော်ချိန် (ရုရှား: моско́вское вре́мя) သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့အပါအဝင် ရုရှားနိုင်ငံ၏ အနောက်ဘက်ပိုင်းရှိ ဒေသများတွင် အသုံးပြုသော စံတော်ချိန်ဖြစ်သည်။ ရုရှားနိုင်ငံရှိ အချိန်ဇုန် ၁၁ ခုရှိသည်အနက် ဒုတိယမြောက် အနောက်ဘက်စွန်းကျသည့် အချိန်ဇုန်ဖြစ်သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ UTC+3 ကို အမြဲတမ်းအသုံးပြုခဲ့ကြပြီး[1] ထိုမတိုင်မီအချိန် ၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ထိ UTC+4 ကို အသုံးပြုခဲ့ကြသည်။[2]
USZ1 | ကာလင်နင်ဂရတ် စံတော်ချိန် | UTC+2 | (MSK–1) | |
MSK | မော်စကို စံတော်ချိန် | UTC+3 | (MSK±0) | |
SAMT | ဆာမာရာ စံတော်ချိန် | UTC+4 | (MSK+1) | |
YEKT | ယဲ့ကာကျယ်ရင်ဘုဂ် စံတော်ချိန် | UTC+5 | (MSK+2) | |
OMST | အုမ်းစ်ခ် စံတော်ချိန် | UTC+6 | (MSK+3) | |
KRAT | ကရာစနိုရာ့စ် စံတော်ချိန် | UTC+7 | (MSK+4) | |
IRKT | အီကုစ်ခ် စံတော်ချိန် | UTC+8 | (MSK+5) | |
YAKT | ယာကုစ်ခ် စံတော်ချိန် | UTC+9 | (MSK+6) | |
VLAT | ဗလာဒီဗော့စတော့ စံတော်ချိန် | UTC+10 | (MSK+7) | |
MAGT | မာဂါဒန် စံတော်ချိန် | UTC+11 | (MSK+8) | |
PETT | ကမ်ချသကာ စံတော်ချိန် | UTC+12 | (MSK+9) |
မော်စကိုဒေသစံတော်ချိန်ကို ရုရှားတနိုင်ငံလုံး၏ ရထားနှင့် သင်္ဘောအချိန်များတွင် အသုံးပြုကြပြီး လေယာဉ်အချိန်ကိုတော့ ဒေသစံတော်ချိန်ဖြင့်သာ ပျံသန်းခြင်းကို လုပ်ဆောင်သည်။ ရုရှားနိုင်ငံ၏ အချိန်များကို ရေဒီယိုအသံလွှင့်ဌာနများမှ နိုင်ငံတစ်နိုင်ငံလုံးသို့ ရုရှားစံတော်ချိန်အဖြစ် မကြာခဏထုတ်လွှင့်ကြေညာလေ့ရှိပြီး ကြေးနန်းများကိုလည်း မှတ်ပုံတင်ရာတွင် ထိုစံတော်ချိန်ဖြင့်သာ မှတ်ပုံတင်ကြသည်။ ရုရှားနိုင်ငံ၏ အချိန်ဇုန်များကို ဖော်ပြရာ၌ UTC ထက်စာလျှင် မော်စကိုစံတော်ချိန်ကိုသာ အခြေပြု၍ ဖော်ပြခြင်းကို ပြုလုပ်လေ့ရှိသည်။ ဥပမာအားဖြင့် ယာကုစ်ခ်ဒေသစံတော်ချိန်ကို ဖော်ပြရာတွင် UTC+9 အစား MSK+6 အဖြစ် နိုင်ငံတွင်း၌ ဖော်ပြကြသည်။