![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f1/Statute_of_Maha_Bandula.jpg/640px-Statute_of_Maha_Bandula.jpg&w=640&q=50)
မဟာဗန္ဓုလ
မြန်မာစစ်သူကြီး / From Wikipedia, the free encyclopedia
စစ်သူကြီး အဂ္ဂ မဟာ သေနာပတိ သတိုးသုဓမ္မ မဟာ ဗန္ဓုလ (၆ နိုဝင်ဘာ ၁၇၈၂-၁ ဧပြီ ၁၈၂၅)သည် ဘိုးတော်ဘုရား နှင့် ဘကြီးတော် မင်းတို့လက်ထက်တွင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းခဲ့သော မြန်မာစစ်သူကြီးဖြစ်သည်။ ငယ်ရွယ်စဉ်တွင် မထင်ရှားသော အမျိုးအနွယ်မှ ဖွားမြင်လင့်ကစား စွမ်းရည်သတ္တိ၊ လုံ့လဝီရိယ၊ ကြိုးစားဆောင်ရွက်မှုတို့ကြောင့် နေမျိုးဟူ သောဘွဲ့၊ ထို့ပြင် အိမ်ရှေ့မင်းသားတို့သာ ရခွင့်ရှိသော စစ်သူကြီးဘွဲ့ကိုပါ ချီးမြှင့်ခံရသူဖြစ်၏။[1]
စစ်သူကြီး မဟာဗန္ဓုလ | |
အမည်ရင်း | မောင်ရစ် |
မိဖများ | ဦးပေါက်တော၊ ဒေါ်ငြိမ်း |
လူမျိုး | ဗမာ |
မွေးရပ် | ငပရင်းရွာ၊ ဘုတလင်မြို့နယ်၊ မြန်မာနိုင်ငံ |
မွေးနေ့ | ၆ နိုဝင်ဘာ ၁၇၈၂ |
ပညာအရည်အချင်း | |
အလုပ်အကိုင် | တော်ဝင်ဗမာ့တပ်မတော်၏ စစ်သူကြီး |
နိုင်ငံတော် သစ္စာခံခြင်း | ကုန်းဘောင်ခေတ် |
ချီးမြှင့်ခံရသော ဘွဲ့အမည်များ | အဂ္ဂမဟာ သေနာပတိ၊ သတိုးမဟာ ဗန္ဓုလ၊ နေမျိုးသူရ ရဲခေါင် |
တိုက်ပွဲများ | မြန်မာ-မဏိပူရ စစ်ပွဲ (၁၈၁၉)၊ မြန်မာ-အာသံ စစ်ပွဲ (၁၈၂၁ - ၁၈၂၂)၊ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၊ ဗမာ-အာသံ စစ်ပွဲ(-၁၈၂၁ - ၁၈၂၂) |
တာဝန်ထမ်းသည့်နှစ် | ၁၈၀၆ - ၁၈၂၅ |
ကွယ်လွန်သည့်နေရာ | ဓနုဖြူမြို့၊ မြန်မာနိုင်ငံ |
ကွယ်လွန်ရက် | ၁ ဧပြီ ၁၈၂၅ |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/f1/Statute_of_Maha_Bandula.jpg/640px-Statute_of_Maha_Bandula.jpg)
မဟာဗန္ဓုလသည် ပထမ အင်္ဂလိပ် - မြန်မာစစ် တွင် သူကျဆုံးသည်အထိ စစ်သေနာပတိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဏိပူရ နှင့် အာသံ တို့ကို နယ်မြေချဲ့ထွင်ရန် ဟူသော ကုန်းဘောင် မင်းဆက်၏ မူဝါဒတွင် Bandula (ဗန္ဓုလ)သည် အဓိက ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ၎င်းမူဝါဒသည် နောက်ဆုံး ရလဒ်အဖြစ် စစ်ပွဲဖြစ်ပွားခဲ့ပြီး မင်းဆက်ကို စတင်ကျဆုံးစေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ စစ်ပွဲ တွင်ကျဆုံးခဲ့သော ဗိုလ်ချုပ်ကြီးအား အင်္ဂလိပ်ကို သူ၏ ခုခံတိုက်ခိုက်မှုအတွက် မြန်မာတစ်မျိုးသားလုံးမှ အမျိုးသားသူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုကြသည်။ ယနေ့တွင် တိုင်းပြည်အတွင်းရှိ အထင်ရှားဆုံးသော နေရာအချို့ကို သူ့အားအစွဲပြု၍ အမည်ပေးထားသည်။