ဘာဘေးဒိုးစ်နိုင်ငံ
From Wikipedia, the free encyclopedia
ဘာဘေးဒိုးစ်နိုင်ငံသည် အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ပိုင်းရှိ အင်တီလီးစ် (Lesser Antilles) ကျွန်းစု ထဲမှ ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အလျား ၃၄ကီလိုမီတာနှင့် အကျယ် ၂၃ ကီလိုမီတာမျှသာရှိပြီး ၄၃၁စတုရန်းကီလိုမီတာမျှသာရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ ဝင်းဒ်ဝါ့ဒ်ကျွန်း နှင့် ကရစ်ဘီယံပင်လယ် တို့မှ အရှေ့ဘက် ကီလိုမီတာ ၁၀၀ မျှသာဝေးကွာသည်။ [7] စိန့်ဗင်းဆင့်နှင့်ဂရင်နာဒင်းစ် ကျွန်းနိုင်ငံမှ အရှေ့ဘက် ၁၆၈ ကီလိုမီတာအကွာ၊ ထရီနီဒက်နှင့်တိုဘာဂိုကျွန်းနိုင်ငံမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာ တွင် တည်ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ ဟာရီကိန်းမုန်တိုင်းဧရိယာမှ ကင်းလွတ်သော နယ်မြေဖြစ်သည်။ အစောပိုင်းတွင် ပေါ်တူဂီကိုလိုနီနယ်အတွင်း ကျရောက်ခဲ့ဖူးပြီး ၁၆၂၅တွင် အင်္ဂလန်ဘုရင်၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိသျှအင်ပါယာအတွင်း ကျရောက်ခဲ့သည်။ [8] လူဦးရေ စုစုပေါင်း ၂၇၅,၃၃၈ ခန့်ရှိသည်။ [9] လူဦးရေ ၈၀,၀၀၀ ခန့်မှာ မြို့တော် ဘရစ်ချ်တောင်း တွင် နေထိုင်ကြသည်။ [10] ၁၉၆၆ တွင် ဘာဘေးဒိုးစ်နိုင်ငံသည် လုံးဝလွတ်လပ်သော တိုင်းပြည်ဖြစ်လာခဲ့ပြီး ဓနသဟာယအဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာသည်။ တိုင်းပြည်၏အကြီးအကဲအဖြစ် အင်္ဂလန်ဘုရင်မ ဒုတိယမြောက်အယ်လီဇဘက် ကိုထားရှိခဲ့သည်။[11] ၂၀၂၁ အောက်တိုဘာတွင် ဆန်ဒရာ မေဆန်ကို နိုင်ငံ၏ပထမဆုံးသမ္မတအဖြစ် ပါလီမန်မှရွေးချယ်တင်မြှောက်ခဲ့သည်။ ၂၀၂၁ နိုဝင်ဘာ ၃၀ တွင် သမ္မတမေဆန်သည် ဘုရင်မအယ်လီဇဘက်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အစားထိုးခဲ့ရာ သမ္မတနိုင်ငံဖြစ်လာခဲ့သည်။[12][13] ဘာဘေးဒိုးစ်နိုင်ငံသည် ကရစ်ဘီယံဒေသအတွင်း ခရီးသွားလုပ်ငန်းအဖွံ့ဖြိုးဆုံးတိုင်းပြည်ဖြစ်ပြီး ဒေသတွင်း လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Development Index|HDI) လည်း ၀.၇၈၈ ဖြင့် အမြင့်ဆုံးဖြစ်သည်။
ဘာဘေးဒိုးစ်နိုင်ငံ | |
---|---|
ဆောင်ပုဒ်: "Pride and Industry" | |
နိုင်ငံတော် သီချင်း: "In Plenty and In Time of Need" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘရစ်တောင်းမြို့ 13°06′N 59°37′W |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | Bajan Creole |
လူမျိုးစု (၂၀၁၀[1]) |
|
ကိုးကွယ်မှု |
|
Demonym |
|
အစိုးရ | ပြည်ထောင်စု ပါလီမန်သမ္မတစနစ် |
• သမ္မတ | ဆန်ဒရာ မေဆန် |
• ဝန်ကြီးချုပ် | မီယာ မာတလေ |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဆီးနိတ် | |
House of Assembly | |
ယူနိုက်တက်ကင်းဒမ်းမှ လွတ်လပ်ရေးရရှိ | |
• အချုပ်အခြာအာဏာရရှိ | ၃၀ နိုဝင်ဘာလ ၁၉၆၆ |
• ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာ | ၇ ဒီဇင်ဘာ ၁၉၆၆ |
• သမ္မတစနစ်စတင် | ၃၀ နိုဝင်ဘာလ ၂၀၂၁ |
ဧရိယာ | |
• စုစုပေါင်း | ၄၃၉ km2 (၁၆၉ sq mi) (အဆင့်: ၁၈၃) |
• ရေထု (%) | မပြောပလောက် |
လူဦးရေ | |
• ၂၀၁၉ ခန့်မှန်း | ၂၈၇,၀၂၅[2] (အဆင့် - ၁၈၂) |
• ၂၀၁၀ သန်းခေါင်စာရင်း | ၂၇၇,၈၂၁[3] |
• သိပ်သည်းမှု | ၆၆၀/km2 (၁,၇၀၉.၄/sq mi) (အဆင့် - ၁၅) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၅.၃၉၈ ဘီလီယံ |
• Per capita | $၁၈,၇၉၈[4] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၅.၂၀၇ ဘီလီယံ |
• Per capita | $၁၈,၁၃၃[4] |
HDI (၂၀၁၉) | ၀.၈၁၄[5] အလွန်မြင့် · ၅၈ |
ငွေကြေး | ဘာဘေဒိုး ဒေါ်လာ ($) (BBD) |
အချိန်ဇုန် | AST (UTC−4) |
ယာဉ်ကြောစနစ် | ဘယ်[6] |
တယ်လီဖုန်းကုဒ် | +1 -246 |
Internet TLD | .bb |