From Wikipedia, the free encyclopedia
ဘာသာမဲ့ဆိုသည်မှာ ကိုးကွယ်သည့် ဘာသာ မရှိသူများကိုဆိုလိုသည်။ မည်သည့်ဘာသာကိုမှမကိုးကိုယ်ခြင်းအပြင်တန်ခိုးရှင်ဝါဒ အပေါ် မဝပ်တွားတတ်သူများနှင့်အကြွင်းမဲ့မယုံကြည်တတ်သူများသည်ဘာသာမဲ့ဝါဒီများဖြစ်သည် ဘာသာမဲ့သည်အယူဝါဒမဟုတ်ပဲ အယူဝါဒီ တစ်ခုမျှသာဖြစ်သည် သို့သော် ခံယူချက်တူသူများဖြင့် အစုအအဖွဲ့သဘောမျိုး လည်းရှိသည် ထို့အပြင် ဘာသာမဲ့ဝါဒီ သမား အများစုသည် သိပ္ပံ သမားများဖြစ်ကြပြီး သဘာဝလက်တွေ့အပေါ် တွင်အဓိကအလေးထားတတ်သူများဖြစ်ကြသည် သူတို့သည်အယူဝါဒ တစ်မျိုးမျိုး၏ လွမ်းမိုးခြယ်လှယ်မှုမှလွတ်မြောက်သူများအဖြစ်လည်း ခံယူတတ်ကြသည် ထို့အပြင်လူသားတို့၏ ပန်းတိုင်သည် ဘာသာတရားမဟုတ်ဟုရှုမြင်တတ်ကြပြီး လူသည်မွေးဖွားစဉ်ကာစတွင်မည်သည့်ဘာသာအယူဝါဒကိုကိုး ကွယ်သည်ဟုဟုတံဆိပ်တပ်ပါလာသူမျိုးမရှိပဲ မွေးဖွားရာနေရာဒေသနှင့် ပတ်ဝန်းကျင်၏သင်ကြားမှုမှတဆင့် သိနားလည်သည့်အရွယ်ရောက်လာသည့်တိုင် သူ၏မှတ်ဉာဏ်တွင်းသို့အကြောင်းအမျိုးမျိုးဖြင့်အသွတ်သွင်းခံခဲ့ရသည်ဟုသိရှိမိသူဟုတစ်မျိုးဆိုနိုင်သည် ယင်းတို့သည် မည်သည့်ဘာသာကိုမျှ ယုံကြည်ခြင်းမရှိဘဲ၊ ကမ္ဘာတွင် ရှိသည့် ဘာသာများသည် လူများမှ ဖန်တီးတီထွင်ထားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘာသာအယူဝါဒအတော်များများသည် ရုပ်(ကိုယ်)ထက် နာမ်(စိတ်ဝိညာဏ်)အား ပိုအလေးထားတတ်ကြသည် ဘာသာမဲ့များမှာမူ အချို့သည်ကလည်း စိတ်သည်အဓိက ဟုမှတ်ယူတတ်ကြသူများရှိသလို အချို့လည်းရုပ်ကိုပိုဦးစားပေး၍ အချို့မှာမူ ရုပ်လည်းအဓိကမဟုတ်သလို စိတ်သည်လည်းအဓိကမဟုတ်ဟုယူဆသူအမျိုးမျိုးရှိတတ်သည် အဓိကအားဖြင့်ဘာသာမဲ့အမျိုးအစားနှစ်မျိုးရှိသည်ဟုရေတွက်နိုင်သည် ပထမတမျိုးမှာဘုရားတစ်မျိုးမျိုး(သို့)ဘုရားများအားလက်ခံမှုရှိသောဘုရားရှိဝါဒနှင့် မည်သည့် ဘုရားအမျိုးအစားကိုမျှလက်ခံသည့်သူမျိုးမဟုတ်သည့်ဘုရားမဲ့ဝါဒ ဟူ၍ဖြစ်သည် ဘုရားရှိဘာသာမဲ့များသည် ဘာသာတရားနှင့်ဘုရားသည် ငြိမ်းချမ်းမှုကိုပေးသည်ဟုလက်ခံတတ်ကြပြီး ဘုရားမဲ့ဘာသာမဲ့များသည် ဘာသာတရားနှင့်ဘုရားသည် ငြင်းခုံမှုပြုတတ်ကြပြီး ဘာသာတရားနှင့်ဘုရားသည် ငြိမ်းချမ်းမှုထက်တိုက်ခိုက်မှုကို ပို၍ဦးတည်ဟုရှုဟုမြင်တတ်ကြသည် ဥပမာအားဖြင့်ဆိုရလျင် ဘုရားပေးသောစစ်ပွဲဆိုသောအသုံးအနှုန်းမျိုးအားဆိုလိုသည် ဘာသာမဲ့များသည်ဘာသာရှိများပြန်ဖြစ်လာနိုင်သလားဟုဆိုရသော်ပထမအမျိုးအစားမှာမူ ဘာသာရှိပြန်ဖြစ်လာနိုင်သော်ငြား ဒုတိယအမျိုးအစားမှာမူ သူတို့၏ယုံကြည်မှုသည် အသက်သေးဆုံးသည့်တိုင်အောင်ခိုင်မြဲသည်ဟု သိရှိရသည်
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.