ယခင်ဗြိတိသျှကိုလိုနီနိုင်ငံအများစုပါဝင်သော နိုင်ငံတကာအဖွဲ့အစည်း From Wikipedia, the free encyclopedia
ဗြိတိသျှဓနသဟာယ(အင်္ဂလိပ်: Commonwealth of Nations)သည် ဗြိတိသျှ နေမဝင် အင်ပါယာထဲတွင် ပါဝင်ခဲ့သော နိုင်ငံများကို စုစည်း၍ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ မူလက ဗြိတိသျှ ဓနသဟာယ နိုင်ငံများအဖွဲ့ ဟုခေါ်ဆိုခဲ့ပြီး ၁၉၂၆ ခုနှစ် ဗြိတိသျှ အင်ပါယာ စတင် မပြိုကွဲခင် အချိန်တွင် ဖွဲ့စည်းခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၅၃နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။ မိုဇမ်ဘစ် နိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများမှာ ဗြိတိသျှ ကိုလိုနီဟောင်းများ ဖြစ်သည်။ ထို အဖွဲ့သည် စီးပွားရေး၊ ကျန်းမာရေးနှင့် ဆင်းရဲမှု တိုက်ဖျက်ရေး စသည့် အရေးကြီးလုပ်ငန်းများတွင် လက်တွဲ လုပ်ဆောင်ကြသည်။
ဓနသဟာယနိုင်ငံများအဖွဲ့ | |
---|---|
ဓနသဟာယ နိုင်ငံများအဖွဲ့ဝင်နိုင်ငံများ | |
Headquarters | Marlborough House လန်ဒန်မြို့, ယူနိုက်တက်ကင်းဒမ်း |
Working language | အင်္ဂလိပ်ဘာသာစကား |
အမျိုးအစား | Voluntary Association[1] |
ဦးဆောင်သူများ | |
• အကြီးအကဲ | ချားလ်စ် ၃ |
• အထွေထွေ အတွင်းရေးမှူး | Patricia Scotland |
• ဓနသဟာယနိုင်ငံများအဖွဲ့ရုံးသဘာပတိ | ဘောရစ် ဂျွန်ဆင် |
တည်ထောင် | |
• ဘော်လ်ဖော် ကြေညာချက် | 19 November 1926 |
• ဝက်စ်မင်စတာလွှတ်တော်၏ ဥပဒေပြထမ်းခြင်း | 11 December 1931[2] |
• လန်ဒန် ကြေညာချက် | 28 April 1949 |
ဧရိယာ | |
• စုစုပေါင်း | ၂၉,၉၅၈,၀၅၀ km2 (၁၁,၅၆၆,၈၇၀ sq mi) |
လူဦးရေ | |
• 2016 ခန့်မှန်း | 2,418,964,000 |
• သိပ်သည်းမှု | ၇၅/km2 (၁၉၄.၂/sq mi) |
ဝက်ဘ်ဆိုဒ် thecommonwealth.org |
ဓနသဟာယ နိုင်ငံများအဖွဲ့ ဟူသော အကြံအစည် ကို ၁၈၈၄ တွင် လော့ဒ် ရို့စ်ဘရီ အာချီဘော ပရီမို့စ် က ဩစတြေးလျ နိုင်ငံသို့ အလည်ရောက်ရှိစဉ် စတင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ နောင်တချိန် တွင် ဗြိတိသျှ ကိုလိုနီများ လွတ်လပ်ရေး ရလာနိုင်ကြောင်း နှင့် ထိုနိုင်ငံများ စုစည်း၍ ဓနသဟာယ နိုင်ငံများအဖွဲ့ ဖွဲ့စည်းဖို့ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဓနသဟာယ နိုင်ငံများအဖွဲ့သည် နိုင်ငံရေးအဖွဲ့ မဟုတ်ပေ။ ဓနသဟာယ နိုင်ငံများအဖွဲ့(the Commonwealth of Nations)၏ အကြီးအကဲအဖြစ်ထမ်းဆောင်ရသော ဗြိတိသျှဘုရင်မကြီး အဲလိဇဘက် (၂)သည် ဤလွတ်လပ်သောအဖွဲ့အစည်း၏ ပြယုတ်အမှတ်သင်္ကေတလည်းဖြစ်၏။ သို့သော် နိုင်ငံရေး၊ အုပ်ချုပ်ရေးအာဏာသက်ရောက်မှုမရှိပေ။ ပြယုတ်သဘောသာဖြစ်ပေသည်။ ထို့ပြင် သူသည် အဖွဲ့ဝင် ၁၆နိုင်ငံ ဖြစ်သော ဓနသဟာယဘုရင့်နိုင်ငံများအဖွဲ့(Commonwealth realm)[မှတ်စု 1] ၏ (အခြေခံဥပဒေအရ)နိုင်ငံတော်အ၏ စည်းမျဉ်းခံဘုရင်နှင့် အကြီးအကဲလည်း ဖြစ်သည်။ သို့သော် အတွင်းရေးမှူးသည်သာ အဖွဲ့၏ နေ့စဉ်လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်သည်။ သို့သော် ဗြိတိသျှနိုင်ငံ သို့မဟုတ် အတွင်းရေးမှူးသည် ထိုနိုင်ငံများအပေါ် မည်သည့် ထိန်းချုပ်မှုမျိုးကို မှ မလုပ်ဆောင်နိုင်ပေ။ ၅၃ နိုင်ငံလုံး နီးပါး သည် လွတ်လပ်သော နိုင်ငံများ အဖြစ်ရပ်တည်နေပြီး ၎င်းတို့၏ ကိုယ်ပိုင် အစိုးရလည်း ရှိသည်။ ထိုနိုင်ငံများသည် တူညီသော ရည်မှန်းချက်များ ကို လုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
ရည်မှန်းချက် အချို့မှာ −
မြန်မာနိုင်ငံ သည် လည်း လွတ်လပ်ရေး ရရန်ညှိနိုင်းမှုများ ပြုလုပ်စဉ်အခါ က ဓနသဟာယ နိုင်ငံများအဖွဲ့ သို့ဝင်ရန် အခွင့်အရေး ရသော်လည်း မဝင်ရောက်ခဲ့ပေ။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.