ပြည်ထောင်စု တရားလွှတ်တော်ချုပ်
From Wikipedia, the free encyclopedia
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ လက်ရှိ ပြည်ထောင်စုတရားသူကြီးချုပ်မှာ ဦးသာဌေး ဖြစ်သည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ်အပါအဝင် တရားသူကြီး နည်းဆုံး ၇ ဦးမှ အများဆုံး ၁၁ ဦးနှင့်ဖွဲ့စည်းတည်ထောင်သည်။ (လက်ရှိတွင် တရားသူကြီး ၉ ဦးသာရှိသည်။) ပြည်ထောင်စုတရားသူကြီးချုပ် ကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ၏ အတည်ပြုချက်ဖြင့် ခန့်အပ်သည်။ အဆောင်အယောင်ဥပဒေအရ ပြည်ထောင်စုတရားသူကြီးချုပ် သည် ဒုတိယသမ္မတ နှင့် တန်းတူ အဆောင်အယောင်များကို ခံစားခွင့်ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်တန်းတူ အဆောင်အယောင်များကို ခံစားပိုင်ခွင့်ရှိသည်။
အချက်တိုများ ပြည်ထောင်စုတရားလွှတ်တော်ချုပ် Supreme Court of the Republic of the Union of Myanmar, စတင် ...
ပြည်ထောင်စုတရားလွှတ်တော်ချုပ် Supreme Court of the Republic of the Union of Myanmar | |
---|---|
![]() | |
စတင် | ၁၉၄၈ |
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | နေပြည်တော် |
ဆောင်ပုဒ် | သီလ၊ သမာဓိ၊ ပညာ |
လုပ်ပိုင်ခွင့်ပြုခြင်း | မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ |
သက်တမ်း | ၇၀ နှစ် သက်ပြည့်အနားယူချိန်ထိ |
ရာထူးနေရာ | ၁၁ |
ဝက်ဘ်ဆိုဒ် | unionsupremecourt.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ဦးသာဌေး [1] |
စတင်တာဝန်ထမ်းဆောင် | ၃ ဩဂုတ် ၂၀၂၃ |
ပိတ်ရန်
![](http://upload.wikimedia.org/wikipedia/commons/thumb/d/d7/High_Court_Burma1.jpg/640px-High_Court_Burma1.jpg)