တိုကျို မျှော်စင်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဆက်သွယ်ရေးနှင့် လေ့လာရေးမျှော်စင် From Wikipedia, the free encyclopedia
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဆက်သွယ်ရေးနှင့် လေ့လာရေးမျှော်စင် From Wikipedia, the free encyclopedia
တိုကျို မျှော်စင် (東京タワー တိုကျို တာဝါ , တရားဝင် အမည်မှာ 日本電波塔 Nippon denpatō "ဂျပန် ရေဒီယို မျှော်စင်") သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Minato ခရိုင်ရှိ Shiba-koen တွင်တည်ရှိသော ဆက်သွယ်ရေးနှင့် လေ့လာမှုဆိုင်ရာ မျှော်စင်ဖြစ်သည်။ အမြင့် ၁၀၉၂ (၃၂၂.၉ မီတာ) ပေရှိပြီး ဂျပန်နိုင်ငံ၏ ဒုတိယ အမြင့်ဆုံး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည်။ အဆောက်အဦးသည် အီဖယ်လ် မျှော်စင်ကို မှီငြမ်းထားပြီး လေကြောင်းဘေးကင်းလုံခြုံရေး စည်းမျဉ်းများနှင့် ကိုက်ညီစေရန် အဖြူနှင့် လိမ္မော်ရောင်ကိုဆေးခြယ်ထားသည်။
တိုကျို မျှော်စင် | |
---|---|
東京タワー | |
၂၀၁၁ ခုနှစ်တွင် တွေ့မြင်ရသည့် တိုကျို မျှော်စင် | |
အထွေထွေ အချက်အလက်များ | |
အခြေအနေ | Completed |
အမျိုးအစား | ဆက်သွယ်ရေး မျှော်စင် လေ့လာရေး မျှော်စင် |
တည်နေရာ | 4-2-8 Shiba-koen, Minato, Tokyo 105-0011 |
ကိုဩဒိနိတ် | 35°39′31″N 139°44′44″E |
တည်ဆောက်မှု စတင် | ဇွန်၊ ၁၉၅၇ |
ပြီးစီး | ၁၉၅၈ |
ဖွင့်လှစ် | ၂၃၊ ဒီဇင်ဘာ၊ ၁၉၅၈ |
ကုန်ကျငွေ | ¥2.8 billion (US$8.4 million in 1958) |
ပိုင်ဆိုင်သူ | The Tokyo Tower Company (controlling shareholder: Toei Company and Mother Farm) |
အမြင့် | |
ဗိသုကာပုံစံ | ၃၃၃ m (၁,၀၉၃ ft) |
ကောင်းကင်တိုင် ခေါင်ချွန်း | ၃၃၂.၉ m (၁,၀၉၂ ft)[1] |
အပေါ်ဆုံးအထပ် | ၂၄၉.၆ m (၈၁၉ ft) |
Observatory | ၂၄၉.၆ m (၈၁၉ ft) |
အသေးစိတ် အချက်အလက်များ | |
အထပ် အရေအတွက် | ၁၆+ |
ဓာတ်လှေကား | ၄ |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | Tachū Naitō[2] |
အဆောက်အအုံ အင်ဂျင်နီယာ | Nikken Sekkei |
အဓိက ကန်ထရိုက်တာ | Takenaka Corporation[2] |
ခရီးသွားလုပ်ငန်းနှင့် အင်တင်နာငှားရမ်းခြင်းမှာ ၁၉၅၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မျှော်စင်၏ အဓိကဝင်ငွေဖြစ်သည်။ မျှော်စင်သို့ လူဦးရေ သန်း ၁၅၀ကျော် လည်ပတ်ခဲ့ကြပြီးဖြစ်သည်။ စားသောက်ဆိုင်နှင့် ဈေးဆိုင်များ ပါရှိသည့် လေးထပ် အဆောက်အဦသည် မျှော်စင်၏ အောက်တည့်တည့်တွင်ရှိသည်။ လေ့လာရေး ကုန်းပတ်နှစ်ခုသို့ FootTownမှ ထွက်ခွာကာ လည်ပတ်နိုင်သည်။ အမြင့် ပေ လေးရာ့ကိုးဆယ် (မီတာ ၁၅၀) တွင် အထပ်နှစ်ထပ်ပါသော ပင်မကုန်းပတ် (ယခင်က ပင်မလေ့လာရေးဟုလူသိများ) ရှိပြီး၊ သေးငယ်သော Top Deck (ယခင် "အထူးစောင့်ကြည့်လေ့လာရေး" ဟုလူသိများ) သည် အမြင့် ၈၁၉ ပေ (၂၄၉.၆ မီတာ ) တွင်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် Top Deckကို ပြုပြင်မွမ်းမံပြီးနောက် အမည်များကို ပြောင်းလဲခဲ့သည်။[3]
မျှော်စင်သည် အင်တင်နာအတွက် အထောက်အကူပြု ဖွဲ့စည်းပုံတစ်ခုဖြစ်သည်။ ၁၉၆၁ ခုနှစ် တွင် ရုပ်မြင်သံကြား ထုတ်လွှင့်ရန် ရည်ရွယ်ထားသည့် ရေဒီယိုအင်တင်နာများကို တပ်ဆင်ခဲ့သည်။ ယခုအခါ မျှော်စင်သည် ဂျပန်မီဒီယာများဖြစ်သော NHK၊ TBS နှင့် Fuji TV များအတွက် ရုပ်သံထုတ်လွှင့်ပေးနေသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံ၏စီစဉ်ထားသည့် ဒီဂျစ်တယ်ရုပ်မြင်သံကြား အသွင်ကူးပြောင်းမှုသည် ပြဿနာရှိနေသည်။ ဒေသသို့ ပြီးပြည့်စုံသော ဒစ်ဂျစ်တယ် ရုပ်သံထုတ်လွှင့်ရန် တိုကျိုမျှော်စင်၏ အမြင့်သည် လုံလောက်ခြင်းမရှိပါ။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တိုကျို Skytree ဟုလူသိများသော ပိုမိုမြင့်မားသည့် ဒစ်ဂျစ်တယ် ရုပ်သံလွှင့်မျှော်စင်ကို တည်ဆောက်ပြီးစီးခဲ့သည်။ တိုကျို မျှော်စင်ကို ငါးနှစ်လျှင် တစ်ကြိမ်ပြန်လည် ဆေးသုတ်သည်။ ၎င်းကို ဆေးသုတ်ရာတွင် တစ်နှစ်ကြာသည်။
၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည့် တိုကျိုမျှော်စင်သည် မြို့၏ ထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်လာပြီး တိုကျိုရှိ မီဒီယာများတွင် မကြာခဏဖော်ပြခြင်းခံရသည်။
အသံလွှင့်ဌာန NHK သည် ၁၉၅၃ ခုနှစ် တွင် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းကို စတင်ပြီးနောက် ကန်တိုဒေသတွင် အသံလွှင့်ရုံကြီးတစ်ခု လိုအပ်ခဲ့သည်။ NHK၏ ကိုယ်ပိုင်ထရန်စမစ်ရှင်းမျှော်စင် ပိုင်ဆိုင်သည့်လမှာပင် ပုဂ္ဂလိကရုပ်သံကုမ္မဏီများ လုပ်ငန်းစတင်ခဲ့သည်။ ဤဆက်သွယ်ရေးတိုးတက်မှုကြောင့် တိုကျိုအနှံ့ ရုပ်မြင်သံကြားထုတ်လွှင့်သည့် မျှော်စင်များမကြာမီတည်ဆောက်မည်ဖြစ်ရာ မြို့တော်ကို အဆက်မပြတ် သတင်းပေးပို့နိုင်လိမ့်မည်ဟု ဂျပန်အစိုးရအား ယုံကြည်စေခဲ့သည်။ အဆိုပြုထားသောဖြေရှင်းချက်မှာ ဒေသတစ်ခုလုံးကို ထုတ်လွှင့်ပေးနိုင်မည့် မျော်စင်ကြီးတစ်ခုတည်ဆောက်ခြင်းဖြစ်သည်။ [4] ထို့အပြင်ဂျပန်သည် ၁၉၅၀ ပြည့်လွန်နှစ်များတွင် စစ်ပြီးစနိုင်ငံဖြစ်သောကြောင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ပေါ်ပေါက်လာခြင်း၏ အထိမ်းအမှတ်အဆောက်အဦတစ်ခုကို ရှာနေဖွေခဲ့သည်။[5][6]
Nippon Denpatō၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ဟီစကီချီ မာအဲဒါသည် မူလက အင်ပိုင်ယာစတိတ် အဆောက်အဦးထက် ပိုမိုမြင့်မားစေရန် စီစဉ်ခဲ့သည်။ သို့သော် ရန်ပုံငွေနှင့် ပစ္စည်း မလုံလောက်မှုကြောင့် အစီအစဉ်ပျက်သွားသည်။ ကန်တို ဒေသတစ်လျှောက် တီဗီဌာန ထုတ်လွှင့်ရန် လိုအပ်သည့်အကွာအဝေးဖြင့် မျှော်စင်၏ အမြင့်ကို ဆုံးဖြတ်ခဲ့သည်၊ အကွာအဝေးသည် ၉၃ မိုင် (၁၅၀ ကီလိုမီတာ) ခန့်ရှိသည်။ ဂျပန်နိုင်ငံရှိ အထပ်မြင့်အဆောက်အဦများတွင် ကျော်ကြားသည့် ဒီဇိုင်နာTachu Naitoအား မျှော်စင်သစ်ဒီဇိုင်းရေးဆွဲရန် ရွေးချယ်ခဲ့သည်။ ဒီဇိုင်းကို အီဖယ်လ် မျှော်စင်ပေါ်တွင် အခြေခံကာရေးဆွဲခဲ့သည်။[7] အင်ဂျင်နီယာကုမ္ပဏီ Nikken Sekkei Ltd. ၏အကူအညီဖြင့် ၎င်း၏ ဒီဇိုင်းသည် တစ်နာရီလျှင် ၁၄၀မိုင် အထိတိုက်ခတ်နိုင်သည့် တိုင်ဖွန်းမုန်တိုင်း သို့မဟုတ် ၁၉၂၃ Great Kantō ငလျင်ထက် နှစ်ဆပြင်းထန်သောငလျင်များကို ခံနိုင်ရည်ရှိကြောင်း ပြောကြားခဲ့သည်။
ဆောက်လုပ်ရေး စီမံကိန်းသစ်များက ရာနှင့်ချီသော "တိုဘီ"(鳶) များကို ဆွဲဆောင်နိုင်ခဲ့သည်၊ အမြင့်တည်ဆောက်ရာတွင် ကျွမ်းကျင်သည့် ဂျပန်ရိုးရာ ဆောက်လုပ်ရေးလုပ်သားများ။ မျှော်စင်ပေါ်တွင် တစ်ရက်လျှင် အနည်းဆုံးအလုပ်သမား ၄၀၀ အလုပ်လုပ်ခဲ့ကြပြီး Takenaka ကော်ပိုရေးရှင်းသည် ၁၉၅၇ ခုနှစ် ဇွန်လ တွင် ပြိုကျခဲ့သည်။[4] သုံးပုံတစ်ပုံမှာ ကိုရီးယားစစ်ပွဲအတွင်းပျက်စီးခဲ့သည့် အမေရိကန်တင့်ကားများမှ သံမဏိသတ္တု အပိုင်းအစများဖြင့် တည်ဆောက်ထားသည်။[8][9] အောက်တိုဘာ ၁၄ ရက် ၁၉၅၈ခုနှစ်တွင် မီတာ ၉၀ ရှည်သည့် အင်တင်နာကိုတပ်ဆင်ရာ တိုကျို မျှော်စင်သည် လွတ်လပ်စွာရပ်တည်သည့် ကမ္ဘာ့အမြင့်ဆုံး မျှော်စင် ဖြစ်လာခဲ့သည်။[10] မျှော်စင်သည် တန်ချိန် ၄၀၀၀ သာရှိပြီး အီဖယ်လ် မျှော်စင်ထက် ပိုမိုမြင့်မားကာ တန်ချိန် ၃,၃၀၀ လျော့နည်းသည်။[11] တိုကျို Skytree မျှော်စင်အသစ် ပေါ်ပေါက်လာသည့်အခါ တိုကျို မျှော်စင်သည် ၂၀၁၀ ဧပြီလ အထိဂျပန်တွင် အမြင့်ဆုံး လူလုပ်ဖွဲ့စည်းပုံဖြစ်ခဲ့သည်။[7] အပြီးသတ်ကုန်ကျစရိတ်မှာ ယန်း ၂.၈ ဘီလီယံ (၁၉၅၈ ခုနှစ်တွင် ဒေါ်လာ ၈.၄ သန်း) ရှိခဲ့ပြီး ၁၉၅၈ ခုနှစ် ဇွန်လ ၂၃ရက် နေ့တွင် အများပြည်သူအတွက် ဖွင့်လှစ်ခဲ့သည်။[9][12] ၂၀၀၀ ပြည့်နှစ်တွင် တိုကျိုတာဝါကို ယန်း ၁၀ ဘီလီယံ အပေါင်ချထားခဲ့သည်။
ခေတ်မှီ လေကြောင်းဥပဒေနှင့်အညီ တောက်ပသည့်အရောင်ခြယ်ထားပြီး ဆက်သွယ်ရေး အင်တင်နာ အဖြစ် စီမံထားသည်။ မျှော်စင်၏ မြင်ကွင်းကျယ်ကြည့်ရှုလေ့လာသည့် နေရာနှစ်ခုကို ကမ္ဘာလှည့်ခရီးသည်များ မကြာခဏလာရောက်လေ့ရှိသည်။ မျှော်စင်သည် နေ့ရောညပါ ခိုင်မာသော အထင်ကရမှတ်တိုင် အဖြစ်တည်ရှိနေသည်။[14]
ငါးနှစ်လျှင်တစ်ကြိမ် မျှော်စင်ကို ဆေးပြန်သုတ်ရာတွင် အချိန်တစ်နှစ်ကြာသည်။ လာမည့် ၂၀၂၄ ခုနှစ်တွင် မျှော်စင်ကို ပြန်လည်ဆေးသုတ်မည်ဖြစ်သည်။[15][16]
ခရီးသွားလုပ်ငန်းနှင့် အင်တင်နာငှားရမ်းခြင်းမှာ တိုကျို တာဝါ၏ အဓိက ငွေအရင်းအမြစ်ဖြစ်သည်။ ၎င်းသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်သည့် အင်တင်နာ အဖြစ်အလုပ်လုပ်ပြီး ကွဲပြားသော ဆွဲဆောင်မှုများစွာရှိပြီး ခရီးသွားဧည့်သည်များလာရောက်သည့် နေရာတစ်ခုဖြစ်သည်။ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၅၈ ခုနှစ်နောက်ပိုင်းမှစ၍ မျှော်စင်သို့ လူဦးရေ သန်း ၁၅၀ကျော် လာရောက်လည်ပတ်ခဲ့ကြပြီး ဖြစ်သည်။[6] ၂၀၀၀ ခုနှစ်တွင် ၂.၃ သန်းအထိ နိမ့်ကျသည်အထိ မှန်မှန်ကျဆင်းခဲ့သည်။[17] ထိုအချိန်မှစကာ လည်ပတ်သူဦးရေ မြင့်တက်ခဲ့ပြီး တစ်နှစ်လျှင် ခန့်မှန်းခြေ လူဦးရေ ၃ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ [6] ပထမဆုံး ခရီးသွားများ လည်ပတ်ရမည့် နေရာမှာ မျှော်စင်အောက် တည့်တည့်တွင်ရှိသည့် လေးထပ်အဆောက်အဦ FootTown ဖြစ်သည်။ ထိုတွင် ဧည့်သည်များသည် စားသောက်ခြင်း၊ ဈေးဝယ်ခြင်း၊ ပြတိုက်များနှင့် ပြခန်းများစွာသို့ လည်ပတ်ခြင်းများ ပြုလုပ်နိုင်သည်။ ပင်မလေ့လာရေးကုန်းပတ် နှစ်ခုသို့ ရောက်ရှိရန် FootTown ၏ပထမထပ်မှ ဓာတ်လှေကားကို အသုံးပြုနိုင်သည်။[18] နောက်ဆုံးလေ့လာရေးကုန်းပတ်ဆီသို့ ရောက်ရှိရန် ပင်မလေ့လာရေးကုန်းပတ်၏ ဒုတိယအထပ်မှ ဓာတ်လှေကားဖြင့် နောက်ထပ်လက်မှတ်ဖြတ်ကာ တက်ရောက်နိုင်သည်။[19]
World Federation of Great Towers အဖွဲ့ဝင်ဖြစ်သည့် တိုကျို မျှော်စင်ကို များစွာသော အဖွဲ့အစည်းများက ရုပ်သံထုတ်လွှင့်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ရုပ်မြင်သံကြား ထုတ်လွှင့်ပေးရန်အတွက် တည်ဆောက်ထားသော်လည်း ၁၉၆၁ ခုနှစ်တွင် ရေဒီယို အင်တင်နာကိုပါတပ်ဆင်ခဲ့သည်။[6] ယခုအခါမျှော်စင်သည် ရေဒီယို၊ ဒစ်ဂျစ်တယ် ရေဒီယို၊ analog ရုပ်မြင်သံကြား၊ ဒစ်ဂျစ်တယ် တယ်လီဗီးရှင်း၊ စနစ်တို့ဖြင့် ရုပ်သံထုတ်လွှင့်ပေးနေသည်။ မျှော်စင်၏ အင်တင်နာကို အသုံးပြုသည့် ဌာနများမှာ[11]
ဂျပန်သည် အန်နလော့၊ ဒစ်ဂျစ်တယ် စနစ်နှစ်ခုလုံးဖြင့် တပ်ဆင်ထုတ်လွှင့်ပေးနေသည်၊ သို့သော် ၂၀၁၁ ဂျူလိုင်လတွင် ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ဒစ်ဂျစ်တယ်စနစ် တစ်ခုတည်းဖြင့်သာ ပြောင်းလဲထုတ်လွှင့် ပေးခဲ့သည်။ အထပ်မြင့် အဆောက်အဦ သို့မဟုတ် သစ်တောများဝန်းရံနေသည့် မျှော်စင်သည် ကြိမ်နှုန်းမြင့် ထုတ်လွှင့်နိုင်အောင် မမြင့်မားသည့်အတွက် တိုကျို တာဝါ သည် ဒစ်ဂျစ်တယ်ရုပ်သံ ထုတ်လွှင့်ခြင်းအတွက် စိတ်ချရသော အင်တင်နာမဟုတ်ပါ။ အခြားရွေးချယ်စရာ တစ်ခုအနေဖြင့် ၂၀၁၂ ခုနှစ်တွင် တိုကျို Skytree ဟုခေါ်သော အမြင့် ၆၃၄ မီတာ (ပေ ၂,၀၈၀) ရှိသည့် မျှော်စင်အသစ်ကို ဖွင့်လှစ်လိုက်သည်။[6] မျှော်စင် အသစ်ဆီသို့ ပြောင်းရွှေ့ထုတ်လွှင့်ရန် စီစဉ်နေသည့် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်းနှင့် အခြားစီးပွားဖြစ် ရုပ်သံထုတ်လွှင့်သူ ၅ ဦးအား ပိုမိုဆွဲဆောင်မှုဖြစ်စေရန် Nihon Denpatō မှတာဝန်ရှိသူများသည် အင်တာနာကို မီတာ ၈၀ မှ ၁၀၀ အထိတိုးချဲ့ရန် အစီအစဉ်မူကြမ်း ရေးဆွဲခဲ့သည်။ ၎င်းသည် ခန့်မှန်းခြေအားဖြင့် ယန်း ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀) ကုန်ကျမည်ဖြစ်သည်။ သို့သော် အစီအစဉ်သည် အလုပ်မဖြစ်ခဲ့ပေ။[20] Tokyo Tower is expected to stop transmitting digital TV radio waves with the exception of Open University of Japan, who will continue to broadcast through the tower. တိုကျိုဒေသတွင် အသံလွှင့်ခြင်းအတွက် FM ရေဒီယို အသံလွှင့် ဌာနများ သည် မျှော်စင်ကို ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ မျှော်စင်၏ အစီအစဉ် ဒါရိုက်တာဖြစ်သည့် ခဝဒါ မစဟီရို (Masahiro Kawada) သည် ရုပ်မြင်သံကြား ထုတ်လွှင့်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ တိုကျို Skytree အတွက် အရန်အဖြစ်ဖြစ်လာနိုင်ခြေကို ထောက်ပြခဲ့သည်။[6][21]
၂၀၁၁ခုနှစ်၊ မတ်လ၊ ၁၁ရက်နေ့တွင် Tōhoku ငလျင်ကြောင့် အင်တင်နာ၏ထိပ်ဖျား ပျက်ဆီးခဲ့သည်။[22] ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် ငလျင်အပျက်အဆီးကြောင့် အင်တင်နာကို ပြုပြင်ပြင်ဆင်ခဲ့ရာ မျှော်စင်၏ အမြင့်သည် ၃၁၅ မီတာသို့ ကျဆင်းခဲ့သည်။[1]
မျှော်စင်အောက်တွင် FootTown ဟုခေါ်သည့် လေးထပ်အဆောက်အဦရှိသည်။ ပထမထပ်တွင် အဏ္ဏဝါပြခန်း၊ ဧည့်ခန်းမတစ်ခု၊ လူ ၄၀၀ ဆန့်သည့် "Tower Restaurant"၊ FamilyMart စတိုးဆိုင်နှင့် အမှတ်တရပစ္စည်းဆိုင်များ ပါဝင်သည်။[23][24] သို့သော် ၎င်းအထပ်၏ အဓိကဆွဲဆောင်မှုမှာ ပင်မလေ့လာစောင့်ကြည့်ရေးအထပ်သို့ တိုက်ရိုက် စီးနင်းနိုင်သည့် ဓာတ်လှေကားသုံးခုဖြစ်သည်။[18] ဒုတိယထပ်သည် အဓိကအားဖြင့် အစားအသောက်နှင့် ဈေးဝယ်သည့်နေရာဖြစ်သည်။ In addition to the five standalone restaurants, the second floor's food court consists of four restaurants, including a မက်ဒေါ်နယ် and a Pizza-La.[25][26]
တိုကျို မျှော်စင်သည် လေကြောင်း ဘေးကင်းလုံခြုံမှု စည်းမျဉ်းများနှင့်အညီ အဖြူနှင့် international orange ကိုဆေးသုတ်ရန် စုစုပေါင်း နှစ်သောင်းရှစ်ထောင် (၂၈,၀၀၀) လီတာ (အမေရိကန် ဂါလန် ၇,၄၀၀)လိုအပ်သည်။[11] ၁၉၈၇ ခုနှစ် မျှော်စင်၏ နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ မရောက်ခင်ချိန်အထိ the only lighting on the tower were light bulbs located on the corner contours that extended from the base to the antenna. ၁၉၈၇ ခုနှစ် နွေရာသီတွင်၊ Nihon Denpatōသည် လျှပ်စစ်မီး ဒီဇိုင်နာ အိရှီ မိုတိုကို (Motoko Ishii) အား မျှော်စင်သို့ ဖိတ်ခေါ်ခဲ့သည်။ မျှော်စင်၏ နှစ်စဉ် လက်မှတ်ရောင်းရငွေသည် သိသိသာသာ ကျဆင်းခဲ့သည်။ တိုကျိုမြို့၏ အထိမ်းအမှတ်နှင့် အရေးပါသော ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ၏ ဆွဲဆောင်မှုတစ်ခုအဖြစ် ပြန်လည်တည်ထောင်ပြီး မျှော်စင်ကို ပြန်လည် သက်ဝင်လှုပ်ရှားလာစေရန် မီးဆင်သည့် နည်းလမ်းများကို ဒီဇိုင်း ပြန်လည် ရေးဆွဲရန် Ishiiအား ခန့်အပ်ခဲ့သည်။[27]
Unveiled in 1989, the new lighting arrangement required the removal of the contour-outlining light bulbs and the installation of 176 floodlights in and around the tower's frame.[27] နေဝင်ရီ တရောအချိန်မှ သန်းခေါင်ယံချိန်အထိ မျှော်စင် တစ်ခုလုံးကို မီးပဒေသာ ထွန်းပေးသည်။[11] အောက်တိုဘာ ၂ရက်နေ့မှ ဇွန်လိုင် ၆ရက်နေ့အထိ မျှော်စင်၌ လိမ္မော်ရောင်မီး လွှမ်းခြုံစေရန် Sodium vapor မီးအိမ်များကို အသုံးပြုသည်။ ဇူလိုင် ၇ရက်နေ့မှ အောက်တိုဘာ ၁ရက်နေ့အထိ မျှော်စင်အား အဖြူရောင် မီးထွန်းရန် metal halid မီးအိမ်များသို့ ပြောင်းလဲခဲ့သည်။ The reasoning behind the change is a seasonal one. အိရှီ ပြောကြားသည်မှာလိမ္မော်ရောင်သည် ထွေးနွေးသည့် အရောင်ဖြစ်ပြီး ဆောင်းရာသီကာလများကို သက်သာစေရန် ကူညီပေးသည်။ အပြန်အလှန်အားဖြင့်၊ အဖြူရောင်သည် နွေရာသီကာလများတွင် အေးမြသော အရောင်ဖြစ်သည်ဟု ယူဆကြသည်။[28]
၂၀၁၆ ခုနှစ်တွင် ထိပ်ကုန်းပတ်၏ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းခဲ့သည်။ ကုန်းပတ်နှစ်ခုလုံး၏ အမည်သစ်ကို ကြေညာခဲ့ပြီး ထိပ်ကုန်းပတ်ကို ၂၀၁၈ခုနှစ် မတ်လ ၃ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အဓိက ကုန်းပတ်၏ ပြန်လည်ပြုပြင်ခြင်းကို ၂၀၁၆ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး ကုန်းပတ်၏ တစ်စိတ်တစ်ပိုင်းကို ပိတ်သိမ်းခဲ့သည်။[3]
တိုကျိုမျှော်စင်တွင် ノッポン Noppon ဟုခေါ်သော လာဘ်ကောင်နှစ်ရုပ် ရှိသည်။ အင်္ကျီနှင့် ဘောင်းဘီဆက်လျက်ရှိသော အပြာရောင် အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသည့် အစ်ကိုနှင့် အနီရောင် အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသည့် ညီကို မျှော်စင်၏ နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၉၈ခုနှစ် ဒီဇင်ဘာ ၂၃ရက်နေ့တွင် မိတ်ဆက်ပေးခဲ့သည်။[29]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.