တိုကျို Skytree
ဂျပန်၊ တိုကျိုရှိ လေ့လာရေးနှင့် ရုပ်သံလွှင့်မျှော်စင် From Wikipedia, the free encyclopedia
ဂျပန်၊ တိုကျိုရှိ လေ့လာရေးနှင့် ရုပ်သံလွှင့်မျှော်စင် From Wikipedia, the free encyclopedia
တိုကျို Skytree (東京スカイツリー Tōkyō Sukaitsurī ) သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဆူမီဒါ တွင်ရှိသော ရုပ်သံထုတ်လွှင့်မှုနှင့် [3]လေ့လာမှုဆိုင်ရာ မျှော်စင်ဖြစ်သည်။ [4] [5]ဒူဘိုင်းမှ ဘာ့ခါလီ အဆောက်ဦ ပြီးလျှင် ကမ္ဘာတွင် ဒုတိယအမြင့်ဆုံး အဆောက်အဦဖြစ်သည်။[6]
တိုကျို Skytree | |
---|---|
東京スカイツリー | |
တိုကျို Skytree ၂၀၁၄ | |
အထွေထွေ အချက်အလက်များ | |
အခြေအနေ | ပြီးစီး |
အမျိုးအစား | ရုပ်သံလွှင့်၊ စားသောက်ဆိုင်နှင့်၊ observation tower |
ဗိသုကာစတိုင် | Neofuturistic |
တည်နေရာ | Sumida, Tokyo, Japan |
ကိုဩဒိနိတ် | 35.7101°N 139.8107°E |
တည်ဆောက်မှု စတင် | ၁၄ ဇူလိုင် ၂၀၀၈ |
ပြီးစီး | ၂၉ ဖေဖော်ဝါရီ ၂၀၁၂ |
ဖွင့်လှစ် | ၂၂ မေ ၂၀၁၂ |
ကုန်ကျငွေ | 65 billion JPY (600 million USD)[1] |
ပိုင်ဆိုင်သူ | Tobu Tower Skytree Co., Ltd. |
အမြင့် | |
ကောင်းကင်တိုင် ခေါင်ချွန်း | ၆၃၄.၀ m (၂,၀၈၀ ft) |
အမိုး | ၄၉၅.၀ m (၁,၆၂၄ ft) |
အပေါ်ဆုံးအထပ် | ၄၅၁.၂ m (၁,၄၈၀ ft) |
အသေးစိတ် အချက်အလက်များ | |
အထပ် အရေအတွက် | ၃၂ မြေပြင်အထက်[2] ၃ မြေပြင်အောက်[2] |
ဓာတ်လှေကား | ၁၃ |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | Nikken Sekkei |
ဖွံ့ဖြိုးအောင် ဆောင်ရွက်သူ | Tobu Railway |
အဓိက ကန်ထရိုက်တာ | Obayashi Corp. |
ဝဘ်ဆိုဒ် | |
tokyo-skytree.jp/en/ |
မျှော်စင်ဟောင်းဖြစ်သော တိုကျို မျှော်စင်သည် အထပ်မြင့် အဆောက်အဦးများ ဝန်းရံလျက်ရှိကာ မြေပြင်ကို ပြီးပြည့်စုံသော ဒစ်ဂျစ်တယ်ရုပ်သံ လွှမ်းခြုံမပေးနိုင်သည့် အတွက် ၎င်းသည် ကန်တိုဒေသအတွက် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ မျှော်စင်ဖြစ်လာသည်။ ၂၀၁၂ ခုနှစ် ဖေဖဝါရီလ ၂၉ ရက်နေ့တွင်ပြီးဆုံးခဲ့ပြီး ၂၀၁၂ခုနှစ် မေလ ၂၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[7] NHK နှင့် တိုဘူမီးရထား တို့မှ ငွေကြေးထောက်ပံ့ပေးခဲ့ပြီး စီးပွားဖြစ်ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသည့်အကြောင်းရင်းဖြစ်သည်။ ရထားသည် ကပ်လျက်ရှိ တိုကျို Skytree ဘူတာနှင့် အနီးရှိ Oshiage ဘူတာအနီးတွင်ရပ်တန့်သည်။ ၎င်းအစိတ်အပိုင်းသည် တိုကျိုဘူတာ၏ အရှေ့မြောက်ဘက် ၇ ကီလိုမီတာ (၄.၃ မိုင်) တွင်ရှိသည်။
၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အောက်ပါအချက် သုံးချက်ကို အခြေခံ၍ ကြေညာခဲ့သည်။[8]
ဂျပန်သမိုင်းဝင် ငါးထပ်ဘုရားနှင့် ဆင်တူသည်။[11] အမြင့် ၃၅၀မီတာ(၁,၁၅၀ပေ) အထက်မှ မြစ်နှင့် မြို့ကိုမြင်ကွင်းကျယ် ကြည့်ရှုနိုင်ရန် ထုလုံးရှည်ပုံစံ တည်ဆောက်ထားသည်။ ၎င်းသည် သုံးချောင်းထောက် ဖွဲ့စည်းတည်ဆောက်ပုံနှင့်ဆင်တူသည်။[12] အမြင့် ၃၅၀ မီတာ (၁,၁၅၀ ပေ) တွင်လာရောက်လည်ပတ်သူ ၂၀၀၀ နှင့် အမြင့် ၄၅၀ မီတာ (၁၄၈၀ ပေ)တွင် အယောက် ၉၀၀ လာရောက်လေ့လာနိုင်သည်။[13] အပေါ်ဘက်ရှိ (အများပြည်သူ) ကြည့်ရှုရာနေရာသည် ခရုပတ်ပုံသဏ္ဌာန်ရှိ၍ မှန်များဖြင့် ကာရံထားသည့် ကောင်းကင်လျှောက်လမ်းရှိ၍ ယင်းနေရာတွင် အများပြည်သူများသည် အပေါ်ဘက်စင်္ကြန်ရှိ တက်၍ရနိုင်သော အမြင့်ဆုံးနေရာသို့ ငါးမီတာတက်ရောက်နိုင်သေးသည်။ မှန်ကြမ်းခင်းတစ်ချပ်စီမှ အောက်ဘက်ရှိ လမ်းများကို တိုက်ရိုက် ကြည့်ရှု့နိုင်သည်။[14]
အားဖြည့်ကွန်ကရစ် ဖြင့်ပြုလုပ်ထားသည့် ဗဟိုဝင်ရိုးအပါအဝင် မျှော်စင်ကို ငလျင်ဒဏ် ခံနိုင်ရည်ရှိအောင်ပြုလုပ်ထားသည်။ မြေပြင်အထက် ပထမ ၁၂၅ မီတာအတွက် အတွင်းဘက် အဓိကမဏ္ဍိုင် ကို အပြင်ဘက် မျှော်စင် တည်ဆောက်ပုံ နှင့်တွဲဆက်ထားသည်။ အဲ့ဒီမှ ၃၇၅ မီတာအထိ အဓိကမဏ္ဍိုင်သည် မျှော်စင်ကိုယ်ထည်ကို ထိခိုက်မှုကိုလျော့ပါးစေသည့်ကိရိယာ နှင့် တွယ်ဆက်ထားသည်။ ၎င်းသည် ငလျင်လှုပ်နေစဉ်တွင် ကူရှင်အဖြစ် လုပ်ဆောင်ပေးသည်။ ထပ်တိုး အလိုက်သင့်ဒဏ်ခံနိုင်မှုကို ပေါင်းစပ် ထုထိန်းချုပ်ယန္တယား (mass control mechanism) (သို့) ငလျင်ဒဏ်ခံပစ္စည်းများ ကဲ့သို့သော တုန်ခါမှုဒဏ်ခံ ပစ္စည်းများ (tuned mass damper) တပ်ဆင်ထားခြင်းဖြင့် ရရှိသည်။ ထိခိုက်မှုကို လျော့ချပေးသည့် ကိရိယာသည် ငလျင်လှုပ်သည့်ဖြစ်စဉ်တွင် မျှော်စင် အောက်ခြေ၏ ဗဟို ဆွဲငင်အားကို တတ်နိုင်သမျှထိန်းပေးရန် အဆောက်အဦပုံစံနှင့်အတူ ရွှေ့လျားပေးသည်။ [15] ဒီဇိုင်နာများ၏ အဆိုအရ ထိုကိရိယာသည် ငလျင်မှ စွမ်းအင် ၅၀ ရာခိုင်နှုန်းကို စုပ်ယူနိုင်သည်။[16][17]
အပြင်ဘက်တွင် မှန်ကူကွက်ပုံစံ Skytree White အရောင်ခြယ်ထားသည်။ ၎င်းသည် aijiro (藍白 )ဟုခေါ်သည့် ဂျပန်ရိုးရာ ပြာလဲ့လဲ့ အဖြူရောင်ကို အခြေခံထားသည်။[18]
၁၆၊ ၁၀၊ ၂၀၀၉ ခုနှစ်တွင် အလင်းရောင်ပုံစံ နှစ်မျိုးကို ထုတ်ဖော်ခဲ့သည်။ Iki (ခေတ်ဆန်သော၊ ကြော့မော့သော) ဟုခေါ်သည့် ကောင်းကင်ပြာနှင့် Miyabi (ရည်မွန်ခြင်း၊ သိမ်မွေ့ခြင်း) ဟုခေါ်သည့် ခရမ်းရောင်ကို နေ့စဉ် တလှည့်စီ ထွန်းပေးမည်ဖြစ်သည်။ မျှော်စင်ကို LED မီးအသုံးပြု၍ အလင်းရောင်ပေးသည်။[19]
မျှော်စင်အတွက် အမည်ပေးခြင်းကို ၂၀၀၇ခုနှစ် အောက်တိုဘာမှ နိုဝင်ဘာလအထိ အများပြည်သူ ထံမှ အကြံပြုချက်များကို ကောက်ခံခဲ့သည်။ ၂၀၀၈ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကော်မတီမှ နောက်ဆုံး ရွေးကောက်ခံ အမည် ၆ ခုကိုရွေးချယ်ခဲ့သည်။ ၎င်းတို့မှာ
တစ်နိုင်ငံလုံး အနှံ့ မဲပေး၍ ၂၀၀၈ခုနှစ် ဇွန်လ ၁၀ရက်နေ့တွင် "တိုကျို စကိုင်းထရီး" ဟုကြေညာခဲ့သည်။ အမည်သည် မဲပေးသူ တစ်သိန်းတစ်သောင်းကျော် ၏ ၃၀ ရာခိုင်နှုန်း ဆန္ဒမဲပေါင်း သုံးသောင်းသုံးထောင်ခန့် ရရှိခဲ့သည်။ ဒုတိယအများဆုံးမှာ "တိုကျို အဲဒို မျှော်စင်" ဖြစ်သည်။.[20]
အမြင့် ၆၃၄ မီတာကို အလွယ်တကူ မှတ်မိစေရန် ရွေးချယ်ခဲ့သည်။ ကိန်းကဏန်းများဖြစ်သည့် ၆ (မူ)၊ ၃(ဆာ)၊ ၄(ရှီ) သည် "မူဆာရှီ" ကိုရည်ညွှန်းသည်။ တိုကျို Skytree တည်ရှိရာ ဒေသ၏ အမည်ဟောင်းသည် မူဆာရှီ ဖြစ်သည်။[21]
တိုကျို Skytree ကို ရေဒီယို/ရုပ်သံ ထုတ်လွှင့်ခြင်းနှင့် ဆက်သွယ်ရေးတာဝါအဖြစ် အသုံးပြုလျက် ရှိသည်။
ချန်နယ် | ချန်နယ် အမည် | သင်္ကေတ | လှိုင်းအား | ERP | အသံလွှင့် နယ်ပယ် |
---|---|---|---|---|---|
NHK General TV Tokyo | JOAK-DTV | 10 kW | 68 kW | ကန်တိုဒေသ | |
NHK Educational TV Tokyo | JOAB-DTV | ||||
Nippon Television | JOAX-DTV | ||||
TV Asahi | JOEX-DTV | ||||
TBS Television | JORX-DTV | ||||
TV Tokyo | JOTX-DTV | ||||
Fuji Television | JOCX-DTV | ||||
Tokyo MX | JOMX-DTV | 3 kW | 11.5 kW | တိုကျိုမြို့ |
ကြိမ်နှုန်း | ဌာန အမည် | သင်္ကေတ | လှိုင်းအား | ERP | အသံလွှင့် နယ်ပယ် |
---|---|---|---|---|---|
81.3 MHz | J-Wave Tokyo | JOAV-FM | 7 kW | 57 kW | တိုကျို |
82.5 MHz | NHK FM Broadcast Tokyo | JOAK-FM | |||
90.5 MHz | TBS Radio Sumida | ကန်တို ဒေသ တောင်ဘက် | |||
91.6 MHz | Nippon Cultural Broadcasting Sumida | ||||
93.0 MHz | Nippon Broadcasting System Sumida |
တမ်းပလိတ်:Tallest towers in the world.svg
Skytree ဖွင့်ပွဲနီးကပ်လာသည်နှင့်အမျှ လူများသည် လက်မှတ်ရရန် တစ်ပတ်ကြာစောင့်နေကြရသည်။ မျှော်စင်တက် ခရီးစဉ်အဖြစ် လုပ်ငန်းလည်ပတ်သည့် ပထမနှစ်လအတွက် ကြိုတင်စာရင်းပေးသူများနှင့် ပြည့်နှက်နေခဲ့သည်။[50] မျှော်စင်၏ လေ့လာရေးကုန်းပတ်မှ မြင်ကွင်းမှာ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ပိတ်ဆို့နေသော်လည်း အဖွင့်နေ့သည် သောင်းနှင့်ချီသောလူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် အချို့သော ဧည့်သည်များမှာ လေ့လာရေးကုန်းပတ်ပေါ်တွင် ခေတ္တနေရာယူထားခဲ့ရပြီး ဓာတ်လှေကား ၂ ခုကိုလည်းပိတ်ထားခဲ့ရသည်။[51]
Tobu ၏အဆိုအရ ပထမဆုံး အပတ်မှာပင် လူပေါင်း ၁.၆သန်း လာရောက်လည်ပတ်ခဲ့သည်။ ဒေသခံများမှ ခရီးသွားများ လာရောက်လည်ပတ်ခြင်းသည် ရပ်ရွာတည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် ဖြစ်စေပြီး ယခုအချိန်အထိ ဒေသခံများအတွက် စီးပွားရေးအကျိုးအမြတ် အနည်းငယ်သာရရှိစေသည်ဟုဆိုသည်။[52]
အရှည်ဆုံး မျှော်စင်များ စာရင်း
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.