![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c8/Taj_Mahal_in_March_2004.jpg/640px-Taj_Mahal_in_March_2004.jpg&w=640&q=50)
တာ့ဂျ်မဟာရ်
အိန္ဒိယနိုင်ငံ၊ အာဂရာမြို့ရှိ စကျင်ကျောက် ဂူဗိမာန် / From Wikipedia, the free encyclopedia
တာ့ဂျ်မဟာရ် (အင်္ဂလိပ်: Taj Mahal; /ˌtɑːdʒ məˈhɑːl/) သည် အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အရှေ့ဘက် ၁ မိုင်ခန့်ဝေးသော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည်။ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တာ့ဂျ်မဟာရ် | |
---|---|
ဒေသခေါ်အမည် ဟင်ဒီ: ताज महल | |
![]() တာ့ဂျ်မဟာရ် အား တောင်ဘက်မှ မြင်ရပုံ | |
တည်နေရာ | အာဂရာမြို့၊ ဥတ္တရပဒေသပြည်နယ်၊ အိန္ဒိယနိုင်ငံ |
ကိုဩဒိနိတ် | 27°10′30″N 78°02′31″E |
အမြင့် | ၇၃ မီတာ (၂၄၀ ပေ) |
တည်ဆောက် | ၁၆၃၂ - ၁၆၅၃[1] |
ဗိသုကာ | Ustad Ahmad Lahauri |
ဗိသုကာစတိုင် | Mughal architecture |
လေ့လာသူ | ၃ သန်းခန့် (၂၀၀၃ အတွင်း) |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့် စံနှုန်း | (i) |
ရွေးချယ်သတ်မှတ်ခြင်း | ၁၉၈၃ (၇ ကြိမ်မြောက် အစည်းအဝေး) |
ရည်ညွှန်းနံပါတ် | 252 |
တည်နေရာ | အိန္ဒိယနိုင်ငံ |
ဒေသ | အာရှ-ပစိဖိတ် |
တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာပေါ်တွင် အလှဆုံးသော အဆောက်အအုံကြီးဟူ၍ ဆိုကြသည်။ တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်းများ ထွတ်ခေါင်’ဟု အနက်ရ၏။ ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အလောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ လေသည်။[2]
တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ် တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည်။