တရုတ်ရိုးရာ နှစ်ကြိုးတပ်တယော
တရုတ်ရိုးရာ ကြိုးနှစ်ကြိုးတပ် ဂီတတူရိယာ / From Wikipedia, the free encyclopedia
အာ့ဟူ (အင်္ဂလိပ်: Erhu; တရုတ်: 二胡, အာရ်ဟု; [aɻ˥˩xu˧˥]) သည် နှစ်ကြိုးတပ် ဘိုးတံတင်တေးဂီတတူရိယာဖြစ်ပြီး၊ အခြားအခေါ်အားဖြင့် ဆူးတယောဟူ၍လည်းကောင်း၊ တောင်ပိုင်းတယောဟူ၍လည်းကောင်း၊ တစ်ခါတစ်ရံတွင် တရုတ်တယော သို့မဟုတ် တရုတ်နှစ်ကြိုးတပ်တယော ဟူ၍လည်း အနောက်တိုင်း၌ လူသိများသည့် တူရိယာပစ္စည်းတစ်ခု ဖြစ်သည်။
အချက်တိုများ အမျိုးအစား, Playing range ...
အမျိုးအစား | ဘိုးတံတင်ပြီးတီးခတ်ရသည့်ကြိုးတပ်တူရိယာ |
---|---|
Playing range | |
D4 up to A7. | |
ဆက်စပ် တူရိယာများ | |
|
ပိတ်ရန်
၎င်းတူရိယာကို တစ်ကိုယ်တော်တူရိယာအဖြစ်လည်းကောင်း၊ တေးဂီတအသေးစားနှင့် ကြီးမားသော သံစုံတီးဝိုင်းများတွင်လည်းကောင်း အသုံးပြုသည်။ ၎င်းတူရိယာသည် တရုတ်လူမျိုးနွယ်ဝင်မျိုးစုံတွင် အသုံးပြုသည့် ဟူချင် ညှပ်တူရိယာများတွင် လူကြိုက်များသည့် တူရိယာတစ်ခုလည်းဖြစ်သည်။ စွယ်စုံ၊ ဘက်စုံသုံးနိုင်သည့် တူရိယာတစ်ခုအနေဖြင့် အာ့ဟူတူရိယာသည် ပေါ့ပ်၊ ရော့ခ်နှင့်ဂျက်ဇ်ဂီတကဲ့သို့သော ရိုးရာနှင့်ခေတ်ပြိုင်ဂီတအစီအစဉ်များတွင် အသုံးပြုကြသည်။[1]