![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a2/SN1994D.jpg/640px-SN1994D.jpg&w=640&q=50)
စူပါနိုဗာ
သက်တမ်းကုန်ချိန်တွင် ကြယ်ပေါက်ကွဲမှု / From Wikipedia, the free encyclopedia
ဆူပါနိုဗာ (အင်္ဂလိပ်: Supernova) ဆိုသည်မှာ ဂယ်လက်ဆီတစ်ခုလုံးအား နေ သို့မဟုတ် သာမန်ကြယ်တစ်စင်းသည် ယင်း၏ နောက်ဆုံးသက်တမ်းကုန်ဆုံးချိန်တွင် စွမ်းအင်များထုတ်ပေးကာ ရက်သတ္တပတ် သို့မဟုတ် လနှင့်ချီကာ တောက်ပသော ပေါက်ကွဲဖြစ်စဉ်ဖြစ်သည်။ တောက်ပမှုသည် အခြားကြယ်များအား လွှမ်းမိုးသွားကာ အလင်းအလျင်၏ ၁ဝ ပုံ ၁ ပုံခန့် (တစ်စက္ကန့်လျင် ကီလိုမီတာ ၃ဝဝဝဝ) ထိ ရောက်ရှိသည်။ ဆူပါနိုဗာများသည် နိုဗာများထက် စွမ်းအားပိုကြီးသည်။ နိုဗာဆိုသည်မှာ လက်တင်ဘာသာဖြင့် အသစ်ဟု အဓိပ္ပာယ်ရသည်။ ဆူပါနိုဗာ ဆိုသော စကားလုံးအား ၁၉၃၁ ခုနှစ်တွင် Walter Baade နှင့် Fritz Zwicky ဆိုသူက ပထမဆုံး သုံးစွဲခဲ့သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/92/SN2005cs.jpg/320px-SN2005cs.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a2/SN1994D.jpg/640px-SN1994D.jpg)
ဆူပါနိုဗာဖြစ်ရပ်သည် သေအံ့ဆဲဆဲကြယ်ထဲမှ နယူကလိယား ဖျူးရှင်းဖြစ်ရပ် သို့မဟုတ် ကြီးမားသော ကြယ်များမှ ဒြပ်ဆွဲအား ယိုင်လဲမှုကြောင်း ဖြစ်ပွားနိုင်သည်။ နောက်ဆုံး လေ့လာမှုပြုခဲ့သော ဆူပါနိုဗာဖြစ်ရပ်မှာ နဂါးငွေ့တန်း ဂယ်လက်ဆီ၏ SN 1604 ဆိုသော ကြယ်တစ်စင်းဖြစ်သည်။ အခြားသော ဂယ်လက်ဆီများမှ လေ့လာချက်များအရ ပျမ်းမျှအားဖြင့် ရာစုနှစ်တစ်ခုအတွင်းတွင် ဆူပါနိုဗာဖြစ်ရပ်သည် သုံးကြိမ် ဖြစ်ပွားတတ်သည်ဟုဆိုသည်။ ဆူပါနိုဗာဖြစ်ရပ်များသည် ကြယ်တာရာကြားခံနယ်များတွင် ပစ္စည်းအသစ်များ ထုတ်ပေးသည့် သိသာထင်ရှားသော အခန်းတစ်ခုပင်ဖြစ်သည်။ ထို့အပြင် ပေါက်ကွဲမှုမှ ဖြစ်လာသောအရာသည် ကြယ်အသစ်များကို မွေးဖွားစေနိုင်သည်။ ကျွန်ုပ်တို့ နေထိုင်ရာ ဂယ်လက်ဆီ ဖြစ်သော နဂါးငွေ့တန်း ဂယ်လက်ဆီ တွင် နောက်ဆုံး စူပါနိုဗာ ကြယ်ပေါက်ကွဲမှုမှာ ၁၆၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည်။ ကျွန်ုပ်တို့ အနေနှင့် အခြား ဂယ်လက်ဆီများမှာ ကြယ်ပေါက်ကွဲမှုများကိုလည်း တွေ့မြင်နိုင်သည်။ အခြား ဂယ်လက်ဆီပေါင်း မြောက်မြားစွာ ရှိသည့် အတွက် ကျွန်ုပ်တို့ အနေနှင့် နှစ်စဉ် နှစ်တိုင်း အခြား ဂယ်လက်ဆီများမှ စူပါနိုဗာ ၃၀၀ ခန့်ကို တွေ့မြင်နိုင်သည်။
အလွန်ကြီးမားသော ကြယ်တို့ကို ဟိုက်ပါဂျိုင်းယင့် ဟုခေါ်လေ့ရှိပြီး ၎င်းတို့ထက် ပို၍သေးငယ်သော ကြယ်များကို စူပါဂျိုင်းယင့် ဟု ခေါ်လေ့ ရှိသည်။ ထိုကြယ်များမှာ အလွန်ကြီးမားသည့် အတွက် သူတို့၏ ဗဟိုထုသို့ ပြင်းထန်စွာ ဖိနှိပ်ကြပြီး စွမ်းအင်များကို အလျှင်အမြန် ကုန်ဆုံးစေလေ့ ရှိသည်။ ထို့အတွက်ကြောင့် ထိုသို့သော ကြယ်များမှာ နှစ်သန်းပေါင်း အနည်းငယ်မျှသာ ရှင်သန်လေ့ ရှိသည်။ မကြာမီတွင် သူတို့သည် တွင်းမည်း သို့မဟုတ် နယူထရွန်ကြယ် အဖြစ် ပြောင်းလဲသွားကြသည်။ သေးငယ်သော ကြယ်များမှာပေါက်ကွဲလေ့ မရှိပေ။ ၎င်းတို့မှာ တဖြည်းဖြည်း အပူချိန်လျော့ကာ ကျုံ့ဝင်သွားပြီး ဒွဖ်ဖြူ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
စူပါနိုဗာများသည် အလွန်ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်သည်။ အကယ်၍ ကြယ်တို့ ပေါက်ကွဲပါက ထိုအလင်းရောင်သည် အခြားကြယ်များ၏ အလင်းရောင်ထက် ပို၍ တောက်ပသည်။ အကယ်၍ စူပါနိုဗာ ကြယ်ပေါက်ကွဲမှုသည် ကမ္ဘာနှင့်နီးသော နေရာတွင် ဖြစ်ပေါ်ပါက နေ့ခင်းဖက် ကောင်းကင်တွင်ပင် တွေ့မြင်နိုင်သည်။