ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်
ဗြိတိသျှဘုရင် / From Wikipedia, the free encyclopedia
ဆဋ္ဌမမြောက်ဂျော့ဘုရင် (အဲလ်ဘတ် ဖရက်ဒရစ် အာသာ ဂျော့၊ ၁၄ ဒီဇင်ဘာ ၁၈၉၅ - ၆ ဖေဖော်ဝါရီ ၁၉၅၂) သည် ယူနိုက်တက်ကင်းဒန်းနိုင်ငံ၏ ဘုရင်ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှစ၍ ကွယ်လွန်ချိန်အထိ ဗြိတိသျှ ဓနသယာယ နိုင်ငံများ၏ အဦးအစီ: ဖြစ်ခဲ့သည်။ အိန္ဒိယအင်ပါယာ၏ နောက်ဆုံးသခင် ဖြစ်သကဲ့သို့ ဓနသယာယအဖွဲ့၏ ပထမဆုံးအကြီးအကဲလည်း ဖြစ်သည်။
ဆဋ္ဌမမြောက် ဂျော့ ဘုရင် | |||||
---|---|---|---|---|---|
ယူနိုက်တက်ကင်းဒမ်း ဘုရင် နှင့် ဗြိတိသျှ ဓနသယာယ နိုင်ငံများအဦးအစီး (ပိုမို၍...) | |||||
နန်းသက် | ၁၁ ဒီဇင်ဘာ ၁၉၃၆ – ၆ ဖေဖော်ဝါရီ ၁၉၅၂ | ||||
ထီးနန်းစိုးစံခြင်း | ၁၂ မေလ ၁၉၃၇ | ||||
ရှေ့မင်းဆက် | အဌမမြောက် အက်ဒ်ဝပ် ဘုရင် | ||||
နောက်မင်းဆက် | ဒုတိယမြောက် အယ်လိဇဘက် ဘုရင်မ | ||||
ဝန်ကြီးချုပ်များ | စာရင်း ကြည့်ရန် | ||||
မွေးဖွား | (1895-12-14)၁၄ ဒီဇင်ဘာ၊ ၁၈၉၅ ယော့ခ်ကော့တစ်ဂျ်၊ ဆန်ဒရင်ဂမ်ကျေးလက်စံအိမ်၊ နော်ဖော့ခ်နယ်၊ အင်္ဂလန်ပြည်မြောက်ပိုင်း | ||||
ကွယ်လွန် | ၆ ဖေဖော်ဝါရီလ ၁၉၅၂ (သက်တော် ၅၆ နှစ်) ဆဲရင်းဟမ်း အိမ်တော်၊ နောဖော့ခ်၊ ယူနိုက်တက်ကင်းဒမ်း | ||||
ထာဝရ အိပ်စက်ရာ နေရာ | ၁၅ ဖေဖော်ဝါရီ ၁၉၅၂ St George's Chapel၊ ဝင်ဆာ ရဲတိုက် | ||||
အိမ်ထောင်ဖက် | အဲလိဇဘက် ဘိုးဝက်စ် လီယွန် (လက်ထပ် ၁၉၂၃) | ||||
သားသမီးများ အသေးစိတ် |
| ||||
| |||||
စံအိမ် | ဝင်ဆာ စံအိမ်တော် (၁၉၁၇ခုနှစ် မှ) Saxe-Coburg and Gotha (၁၉၁၇ခုနှစ် အထိ) | ||||
ခမည်းတော် | ပဉ္စမမြောက်ဂျော့ဘုရင် | ||||
မယ်တော် | တက္ကအိမ်တော်အရှင်မ မာရီ | ||||
လက်မှတ် |
နန်းတက်ပြီးချိန်၌ အဲလ်ဘတ် ဟု လူသိများလာသော်လည်း မိသားစုတွင်းနှင့် ရင်းနှီးသူများက ဘာတီ ဟု ခေါ်ကြသည်။ အဘွားဖြစ်သူ ဝိတိုရိယဘုရင်မဘက်မှ မွေးဖွားလာကာ အဘိုးဖြစ်သူ အဲလ်ဘတ်၏ အမည်ကို ယူထားခြင်းဖြစ်သည်။ ပဉ္စမမြောက်ဂျော့ဘုရင် ၏ ဒုတိယမြောက်သားဖြစ်သောကြောင့် ထီးနန်းဆက်ဆံရန် မမျှော်လင့်ဘဲ ငယ်ဘဝကို အစ်ကိုဖြစ်သူ အက်ဒ်ဝပ်၏ အရိပ်အောက်တွင် နေရသည်။ အရွယ်ရောက်သော် ရေကြောင်းကောလိပ်တက်ကာ ပထမကမ္ဘာစစ်အတွင်း တော်ဝင်ရေတပ်မတော်နှင့် တော်ဝင်လေတပ်မတော်တို့တွင် အမှုထမ်းသည်။ ၁၉၂၀ ခုနှစ်တွင် ယော့မြို့စား ဖြစ်လာသည်။ အဲလိဇဘတ် ဘိုဝီလီယွန် (Elizabeth Bowes-Lyon) နှင့် ၁၉၂၃ တွင်လက်ထက်ပြီး အဲလိဇဘတ်နှင့် မာဂရက်ဟူသော သမီးနှစ်ဦး ရခဲ့သည်။ ၁၉၂၀ နှစ်လယ်ပိုင်းတွင် ငယ်စဉ်က မဖျောက်နိုင်ခဲ့သည့် စကားထစ်ခြင်းကို ကုသနိုင်မည့်ကုထုံး တွေ့သည်။
ဖခင်နတ်ရွာစံပြီးနောက် ၁၉၃၆ ခုနှစ်တွင် အစ်ကိုဖြစ်သူက အဌမမြောက်အက်ဒ်ဝပ်ဘုရင် အဖြစ် နန်းတက်သည်။ သို့သော်လည်း နှစ်ကုန်ပိုင်းတွင်ပင် အမေရိကန်လူမျိုး မုဆိုးမ ဝဲလစ် ဆင်ပဆန် အား လက်ထပ်လိုကြောင်း ပြောသည်။ ဗြိတိသျှ ဝန်ကြီးချုပ် စတန်လေ ဘဲ့ဝင်း (Stanley Baldwin) က နိုင်ငံရေးနှင့် ဘာသာရေးကန့်သတ်ချက်တို့ကြောင့် ထိုသို့မလုပ်သင့်ကြောင်း အကြံပေးသည်။ ဆင်ပဆန်အားလက်ထပ်ရန် အက်ဒ်ဝပ်က နန်းစွန့်သွားသောအခါ ဝင်ဆာအိမ်တော် (House of Windsor) ၏ တတိယမြောက်ထီးနန်းဆက်ခံသူအဖြစ် ဂျော့က သရဖူဆောင်းခွင့်ရသည်။
ဂျော့ အုပ်ချုပ်စဉ်ကာလသည် ဗြိတိသျှအင်ပါယာ ပြိုကွဲစပြုနေပြီး ဓနသယာယနိုင်ငံဟူ၍ ဖွဲ့စည်းရန် အရှိန်ယူစဉ်ကာလ ဖြစ်သည်။ ဂျော့ နန်းတက်ချိန်တွင် အိုင်းရစ်လွတ်လပ်သောပြည်နယ်၏ပါလီမန်က တိုင်းပြည်၏ဖွဲ့စည်းပုံတွင် ဘုရင်ပါဝင်မှုကို ဖယ်ရှားလိုက်သည်။ နောက်တစ်နှစ်တွင် အိုင်းရစ်၏ ဖွဲ့စည်းပုံသစ်ရေးကာ ပြည်နယ်၏အမည်ကို အိုင်ယာလန်ဟုပြောင်းပြီး သမ္မတရုံးသစ် ဖွင့်သည်။ ၁၉၃၉ ခုနှစ်တွင် အိုင်ယာလန်မပါသည့် ဓနသယာယနိုင်ငံများနှင့် နာဇီဂျာမနီတို့ စစ်ဖြစ်သည်။ ၁၉၄၀ တွင် အီတလီ၊ ၁၉၄၁ တွင် ဂျပန်တို့ စစ်အတွင်း အသီးသီးပါဝင်လာသည်။ ၁၉၄၅ တွင် ဗြိတိန်နှင့် အပေါင်းအပါများက စစ်နိုင်ခဲ့သော်လည်း ဆိုဗီယက်နှင့် အမေရိကန်တို့ ကမ္ဘာ့ရှေ့တန်းသို့ရောက်လာကာ ဗြိတိသျှအင်ပါယာမှာ တဖြည်းဖြည်းမှေးမှိန်လာသည်။ ၁၉၄၇ တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့အား လွတ်လပ်ရေးပေးသော်လည်း ဂျော့မှာ ဘုရင်အဖြစ် ဆက်ရှိနေသည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လရောက်မှသာ အိန္ဒိယအင်ပါယာဟူသောအမည်ကို ဖျက်သိမ်းလိုက်သည်။ ၁၉၄၉ ခုနှစ်တွင် ဓနသယာယနိုင်ငံများမှထွက်ကာ သီးခြားသမ္မတနိုင်ငံအဖြစ် အိုင်ယာလန်က ကြေညာသည်။ နောက်တစ်နှစ်တွင် အိန္ဒိယကလည်း သမ္မတနိုင်ငံဖြစ်လာသည်။ ဂျော့က ဓနသဟာယနိုင်ငံများအကြီ:အကဲဟူသောအမည်ကို ပြောင်းလဲသုံးစွဲသည်။ နောက်ပိုင်းနန်းစံနှစ်များမှာ ကျန်းမာရေးပြဿနာများနှင့် ရှုပ်ထွေးနေပြီး နတ်ရွာစံသော် သမီးကြီး ဒုတိယမြောက်အဲလိဇဘတ်ဘုရင်မ က နန်းတက်သည်။