စကူးတန် (ကြယ်စုတန်း)
From Wikipedia, the free encyclopedia
စကူးတန် သည် ကြယ်စုတန်းငယ်ဖြစ်ပြီး ၁၇ ရာစုနှစ်တွင် မိတ်ဆက်ခဲ့သည်။ လက်တင်ဘာသာဖြင့် ဒိုင်းဟု ဆိုလိုသည်။ စကူးတန်အား ၁၆၈၄ ခုနှစ်တွင် ပိုလန် နက္ခတ္တပညာရှင် Johannes Hevelius ဆိုသူမှ အမည်ပေးခဲ့သည်။[1] စကူးတန်၏ တောက်ပသောကြယ်ငါးစင်းမှာ Alpha Scuti, Beta Scuti, Delta Scuti, Epsilon Scuti နှင့် Eta Scuti တို့ဖြစ်ကြသည်။[2] ဆူပါကြယ်နီကြီးဖြစ်သော UY Scuti မှာ မိမိတို့သိရသည့် အကြီးဆုံးကြယ်များထဲတွင် ပါဝင်သည်။ ပိုင်အိုနီးယား ၁၁ အာကာသယာဉ်သည် စကူးတန်ကြယ်စုတန်းဆီသို့ ဦးတည်ကာ မောင်းနှင်နေသော်လည်း နောင်နှစ်ပေါင်း ထောင်ချီသည့်အထိ ယင်း၏ မည်သည့်ကြယ်အနီးအနားသို့ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။
အချက်တိုများ အတိုကောက်, မူလ ...
ကြယ်စုတန်း | |
Scutumရှိ ကြယ်များစာရင်း | |
အတိုကောက် | Sct |
---|---|
မူလ | Scuti |
အသံထွက် | /ˈskjuːtəm/, genitive /ˈskjuːtaɪ/ |
သင်္ကေတ | ဒိုင်း |
ညာဘက်တိမ်းစောင်းမှု | 18.7 |
နိမ့်ဆင်းမှု | −10 |
ကြယ်စုတန်း မိသားစု | ဟာကျူးလီ |
ဂယ်လက်တစ် ကွာဒရပ် | SQ4 |
ဧရိယာ | ၁၀၉ sq. deg. (၈၄) |
ပင်မကြယ်များ | ၂ |
Bayer/Flamsteed ကြယ်များ | ၇ |
ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ | ၁ |
၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ | ၀ |
၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ | ၀ |
အတောက်ပဆုံးကြယ် | α Scuti (၃.၈၅m) |
အနီးဆုံးကြယ် | LHS 3398 (၄၁.၅၄ ly, ၁၂.၇၄ pc) |
Messier objects | ၂ |
ဥက္ကာခဲများ | June Scutids |
အနီးအနား ကြယ်စုတန်းများ | အော်ကွိလာ ဓနု နက္ခတာရာ ဆာပန် |
လတ္တီကျု +၈၀° နှင့် −၉၀° ကြားတွင် မြင်နိုင်သည် ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ ဩဂုတ်ဖြစ်သည်။ |
ပိတ်ရန်