![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/97/UY_Scuti_zoomed_in%252C_DSS2_survey%252C_2003.png/640px-UY_Scuti_zoomed_in%252C_DSS2_survey%252C_2003.png&w=640&q=50)
UY Scuti
ကြယ် / From Wikipedia, the free encyclopedia
UY Scuti သည် ဧရာမ ကြယ်နီတစ်စင်းဖြစ်ပြီး ပြောင်းလဲနေသော ကြယ်တစ်စင်းဖြစ်သည်။ ယင်းသည် စကူးတန် ကြယ်စုတန်းထဲတွင်တည်ရှိသည်။ ၎င်းသည် အချင်းဝက်အကြီးဆုံး ကြယ်များအနက် တစ်ခုဖြစ်သည်။ တွက်ချက်မှုအရ ယင်း၏အချင်းဝက်မှာ ပျမ်းမျှအားဖြင့် နေအချင်းဝက်၏ အဆ ၁၇ဝ၈ ရှိသည်။ သို့မဟုတ် ၂.၄ ဘီလီယံ ကီလိုမီတာ (၁.၅ ဘီလီယံမိုင်) ဖြစ်ပြီး ထုထည်သည် နေ၏ အဆပေါင်း ၅ ဘီလီယံ ရှိသည်။ ယင်းသည် ကမ္ဘာမှ ၂.၉ kiloparsecs (အလင်းနှစ် ၉၅ဝဝ) ကွာဝေးသည်။ နေအဖွဲ့အစည်းအား ယင်းထဲသို့ ထည့်လိုက်ပါက ယင်း၏ ဖိုတိုစဖီးယားသည် ဂျူပီတာဂြိုဟ်ပတ်လမ်းထိ ထိုးထွက်နေမည်ဖြစ်သည်။ အချင်းဝက်အား မသိရသော်လည်း စနေဂြိုဟ်ပတ်လမ်းထိ ရှည်လျားနိုင်သည်။
အချက်တိုများ စောင့်ကြည့်ဒေတာ Epoch J2000 Equinox J2000, ကြယ်စုတန်း ...
![]() သိပ်သည်းသော ကြယ်ဘီလူးနီများထဲမှ UY Scuti (ပုံတွင် ပိုမိုတောက်ပစွာ မြင်ရသည်) ယင်းအား ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှ ကိုလမ်ဘီယာတက္ကသိုလ် Rutherfurd Observatory တွင် ရိုက်ကူးခဲ့သည်။ | |
စောင့်ကြည့်ဒေတာ Epoch J2000 Equinox J2000 | |
---|---|
ကြယ်စုတန်း | စကူးတန် |
ညာဘက် နိမ့်ဆင်းမှု | 18° 27′ 36.5334″[1] |
တိမ်းစောင်းမှု | −12° 27′ 58.866″[1] |
ပကတိ အရွယ်အစား (V) | 11.20[2] - 13.3[3] |
ဂုဏ်သတ္တိ | |
စတီလာ အမျိုးအစား | M4Ia[4] |
U−B အရောင်ညွန်းကိန်း | 3.29[4] |
B−V အရောင်ညွန်းကိန်း | 3.00[2] |
မတည်မြဲသောကြယ် | SRC[3] |
နက္ခတ္တဗေဒ | |
သင့်လျော် ရွေ့လျားမှု (μ) | RA: 1.3[5] mas/yr Dec.: −1.6[5] mas/yr |
အကွာအဝေး | 9,500 ly (2,900[6] pc) |
အသေးစိတ် | |
ဒြပ်ထု | 7-10[4] M☉ |
အချင်းဝက် | 1,708 ± 192[4] R☉ |
တောက်ပမှု | 340,000[4] L☉ |
မျက်နှာပြင် ဒြပ်ဆွဲအား(log g) | −0.5[4] cgs |
သက်ရောက်သည့် အပူချိန် | 3,365 ± 134[4] K |
ကြယ် စာရင်း | |
UY Sct, BD-12 5055, IRC -10422, RAFGL 2162, HV 3805 | |
ရည်ညွန်း ဒေတာ | |
SIMBAD | data |
ပိတ်ရန်
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/fe/UY_Scuti_size_comparison_to_the_sun.png/640px-UY_Scuti_size_comparison_to_the_sun.png)