ဂျေ အာ အာ တော်ကီးန်
အင်္ဂလိပ်လူမျိုး အတွေးအခေါ်ပညာရှင် နှင့်စိတ်ကူးယှဉ်စာပေဖန်တီးရေးသားသူ / From Wikipedia, the free encyclopedia
ဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန် (အင်္ဂလိပ်: John Ronald Reuel Tolkien) သည် အင်္ဂလိပ်လူမျိုး စာရေးဆရာ၊ ကဗျာဆရာ၊ ဘာသာဗေဒပညာရှင်၊ တက္ကသိုလ်ဆရာ ဖြစ်၍ ဂန္ထဝင်မြောက် ကျယ်ပြန့်စိတ်ကူးယဉ် (high fantasy) လက်ရာများဖြစ်သော ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင်၊ လင်းလက်တောက်ပသောရတနာသုံးသွယ် (The Silmarillion) တို့ကိုရေးသားသူလည်းဖြစ်သည်။
ဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန် | |
---|---|
Tolkien in the 1940s | |
အမည်ရင်း | ဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန် |
မွေးဖွား | 3.1.1892 ဘလူးဖောင်တိန်မြို့၊ တောင်အာဖရိက။ |
ကွယ်လွန် | ၁၉၇၃ ဘောန်မာ့သ် (Bournemouth)၊ အင်္ဂလန် |
အလုပ်အကိုင် | စာရေးဆရာ၊ ကဗျာဆရာ၊ ဝေါဟာရဗေဒပညာရှင်၊ တက္ကသိုလ်ပါမောက္ခ |
လူမျိုး | အင်္ဂလိပ် |
နိုင်ငံသား | ဗြိတိသျှ |
မိခင်ကျောင်း | Exeter College, Oxford |
စာပေအမျိုးအစား | Fantasy, high fantasy, translation, literary criticism |
ထင်ရှားသည့်လက်ရာ |
|
အိမ်ထောင်ဖက် | အက်ဒစ်ဘရက် |
သားသမီး |
|
ကိုးကွယ်မှု | ရိုမန်ကက်သလစ် |
၎င်းသည် ရော်လင်ဆန်နှင့် ဘော့စ်ဝပ်သ် ပါမောက္ခ (အန်ဂလို-ဆက်ခ်ဆန်ဘာသာစကား)၊ ၁၉၂၅-၁၉၄၅ထိ အောက်စဖို့ဒ်တက္ကသိုလ်၊ ပမ်းဘရုတ်ကောလိပ် (Pembroke College, Oxford) ပညာရေးရာအဖွဲ့ဝင်ရာထူး၊ ၁၉၄၅-၁၉၅၉ထိ မာတန် အင်္ဂလိပ်ဘာသာစကားနှင့် စာပေ ပါမောက္ခ (Merton Professor of English Language and Literature) နှင့် အောက်စဖို့ဒ်တက္ကသိုလ်၊ မာတန်ကောလိပ်ပညာရေးရာအဖွဲ့ဝင်ရာထူးကို ထမ်းဆောင်ခဲ့သည်။[1] စီ အက်စ် လူးဝစ် (C. S. Lewis) နှင့် မိတ်ဆွေရင်းချာဖြစ်၍ ထိုနှစ်ဦးစလုံးမှာ အလွတ်သဘောစာပေဆွေးနွေးသည့်အဖွဲ့ Inklings အဖွဲ့ဝင်များလည်းဖြစ်သည်။ ၁၉၇၂ မတ်လ ၈ တွင် ဗြိတိသျှဘုရင်မ အဲလိဇဘတ် ၏ သူကောင်းပြုခြင်းခံရသည်။
တော်ကီးန်ဆုံးပါပြီးနောက် သား ခရစ်တိုဖာက ဖခင်ဖြစ်သူ၏ The Silmarillion အပါအဝင် ထုတ်ဝေခြင်းမပြုရသေးသော လက်ရေးစာမူများ၊ အကျယ်တဝံ့ရေးထားသော မှတ်စုများကို အခြေခံ၍ စာအုပ်များစွာထုတ်ဝေခဲ့သည်။ ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင်များနှင့်အတူ ထိုစာအုပ်များသည် ဇာတ်လမ်းများ၊ ကဗျာများ၊ စိတ်ကူးယဉ်သမိုင်းကြောင်းများ၊ တီထွင်ထားသော ဘာသာစကားများ၊ စိတ်ကူးယဉ်ကမ္ဘာ အာဒါ (Arda)၊ ထိုအာဒါ အတွင်းရှိ အလယ်ပိုင်းကမ္ဘာမြေ (Middle-earth) စသည်တို့၏ ဆက်စပ်ကြောင်းရာ ကိုယ်ထည်များဖြစ်ကြသည်။[မှတ်စု 1] ၁၉၅၁နှင့် ၁၉၅၅အကြား တော်ကီးန်က ထိုရေးသားခြင်းများ၏ ကြီးမားသောအပိုင်းအား legendarium ဆိုသော ဝေါဟာရဖြင့် သုံးစွဲခဲ့သည်။[2]
တော်ကီးန်မတိုင်ခင် စာရေးဆရာအများအပြားမှာ စိတ်ကူးယဉ်လက်ရာများစွာအား ထုတ်ဝေပြီးဖြစ်ခဲ့သော်လည်း[3] ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင် ဝတ္ထုတို့၏ ကြီးမားသည့်အောင်မြင်မှုများကြောင့် စိတ်ကူးယဉ်စာပေအမျိုးအစားပြန်လည်နိုးထလာခဲ့သည်။ ဤအချက်သည် တော်ကီးန်အား ခေတ်ပေါ်စိတ်ကူးယဉ်စာပေ[4][5] (သို့) စကားလုံးတိတိကျကျဆိုရလျှင် ကျယ်ပြန့်စိတ်ကူးယဉ်စာပေ (high fantasy) ၏ ဖခင်ကြီး အဖြစ် လူသိထင်ရှားကွဲပြားစေခဲ့သည်။[6] ၂၀၀၈၌ The Times မဂ္ဂဇင်းက ၁၉၄၅မှစ၍ အကြီးအကျယ်ဆုံး ဗြိတိသျှစာရေးဆရာ (၅၀)စာရင်း၌ အဆင့် ၆ အဖြစ်သတ်မှတ်ထည့်သွင်းခဲ့သည်။[7] Forbes မဂ္ဂဇင်းက ၂၀၀၉တွင် ကွယ်လွန်ပြီးစာရေးဆရာများ၏ ထိပ်တန်းဝင်ငွေရစာရင်း၌ အဆင့် ၅ သတ်မှတ်ခဲ့ပေသည်။[8]