![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/67/HR-diag-no-text-2.svg/langmy-640px-HR-diag-no-text-2.svg.png&w=640&q=50)
ကြယ်ပုနီ
သေးငယ် အေးမြသော ကြယ်အမျိုးအစား / From Wikipedia, the free encyclopedia
ကြယ်ပုနီ (အင်္ဂလိပ်: Red dwarf) ဆိုသည်မှာ ပင်မအစီစဉ်တွင်ရှိသော အေးမြသောကြယ်၊ K သို့မဟုတ် M အမျိုးအစား ကြယ်တစ်စင်းဖြစ်သည်။ ကြယ်ပုနီများသည် နေထုထည်၏ ဝ.ဝ၇၅ ထက်လျော့နည်းကာ မျက်နှာပြင်အပူချိန်မှာ ၄ဝဝဝ ကေလ်ဗင်ခန့် ရှိသည်။ ကြယ်ပုနီများသည် နဂါးငွေ့တန်း ဂယ်လက်ဆီထဲတွင် အများစုဖြစ်ကြသော ကြယ်အမျိုးအစားပင်ဖြစ်သည်။ အနည်းဆုံး နေနှင့် အနီးဆုံးဖြစ်စေကာမူ သူတို့၏ နည်းပါးလှသော တောက်ပမှုကြောင့် အလွယ်တကူ မလေ့လာနိုင်ပေ။ ကမ္ဘာမြေမှဆိုပါက ယင်းအား သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။[1] ပရိုဆီမာ စင်တောရိသည် နေမှအနီးဆုံးကြယ်ပုနီတစ်စင်းဖြစ်ပြီး အနီးဆုံးကြယ်အစင်း ၃ဝ စာရင်းတွင် ၂ဝ ခုမြောက်ဖြစ်သည်။ အချို့သော ခန့်မှန်းတွက်ချက်မှုများအရ နဂါးငွေ့တန်းတွင် ကြယ်ပုနီများသည် ၄ ပုံ ၃ ပုံခန့် လွှမ်းမိုးထားသည်ဟုဆိုသည်။[2] စတီလာ မော်ဒယ်များအရ နေထုထည်၏ ဝ.၃၅ ထက်ငယ်သော ကြယ်ပုနီများသည် သာမိုနူကလိယား ဖျူးရှင်းဖြင့် ဟိုက်ဒရိုဂျင်သည် ဟီလီယမ်အဖြစ် လောင်ကျွမ်းသောကြောင့် ပင်မအူတိုင်လောင်ကျွမ်းမှုကို ရှောင်ရှားစေနိုင်သည်။[3] ထို့ကြောင့် ကြယ်ပုနီများသည် နှေးကွေးစွာဖြင့် ဆက်တိုက်တောက်ပကြပြီး လောင်စာကုန်ဆုံးချိန်ထိ နှစ်ပေါင်း ထရီလီယံတိုင်အောင် ကြာရှည်ကြသည်။ စကြဝဠာ၏ တိုတောင်းသော သက်တမ်းအရ အဆင့်မြင့် ဆင့်ကဲ့ပြောင်းလဲသည့် ကြယ်ပုနီများသည် မတည်ရှိနိုင်ပေ။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/95/New_shot_of_Proxima_Centauri%2C_our_nearest_neighbour.jpg/320px-New_shot_of_Proxima_Centauri%2C_our_nearest_neighbour.jpg)