ကမ္ဘာ့လူဦးရေ
ကမ္ဘာ့စုစုပေါင်းလူဦးရေ (သက်ရှိ ) / From Wikipedia, the free encyclopedia
ကမ္ဘာ့လူဦးရေ ဆိုသည်မှာ လက်ရှိအသက်ရှင်လျက်ရှိသော လူသား စုစုပေါင်းဦးရေဖြစ်သည်။ ၂၀၁၇ ဧပြီလ ၂၄ တွင် ကမ္ဘာ့လူဦးရေသည် ခန့်မှန်းခြေ ၇,၅၀၀,၀၀၀,၀၀၀ ရောက်ရှိခဲ့ပြီဖြစ်သည်။[1] ကုလသမဂ္ဂမှ ကြိုတင်ခန့်မှန်းထားသည်မှာ ကမ္ဘာ့လူဦးရေသည် ၂၁၀၀ ခုနှစ်တွင် ၁၁.၂ ဘီလီယံ တိုးပွားလာမည်ဟုဆိုသည်။[2]
ကမ္ဘာ့လူဦးရေသည် ၁၃၁၅-၁၇ ငတ်မွတ်ခေါင်းပါးမှုကြီးနှင့် ၁၃၅၀ သေမင်းတမန်ကပ်ဆိုး ပြီးကတည်းက ဆက်တိုက်တိုးပွားလာခဲ့သည်။ ယင်းအချိန်က ၃၇၀ မီလီယံခန့်သာ ရှိခဲ့သည်။[3] တစ်နှစ်လျင် ၁.၈% အထက်သို့ တိုးပွားလာသော အမြင့်ဆုံး ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းသည် ၁၉၅၅-၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်း၌ နှစ်စဉ်မွေးဖွားနှုန်းသည် ၁၃၉ မီလီယံခန့်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။[4] ယခုအခါမူ ၁၃၅ မီလီယံ ပုံသေနှုန်းထားဟု ဆိုသည်။[5] နှစ်စဉ် သေဆုံးနှုန်းသည် ၅၆ မီလီယံရှိပြီး ၂၀၄၀ ခုနှစ်တွင် ၈၀ မီလီယံနှုန်း ရှိလိမ့်မည်ဟု မျော်လင့်ရသည်။[6] ကုလသမဂ္ဂ လူဦးရေ ထောက်ပံ့ရေး၏အဆိုအရ ၂၀၁၁ အောက်တိုဘာ ၃၁ တွင် ၇ ဘီလီယံသို့ ရောက်ရှိခဲ့သည်။[7][8][9]အမေရိကန် သန်ခေါင်စာရင်းဌာနအရမူ ၂၀၁၂ မတ်လ ၁၂ တွင် ဖြစ်သည်။[10]
၂၀၁၆ ခုနှစ်အရ ကမ္ဘာ့လူဦးရေ၏ ပျမ်းမျှအသက်သည် ၃၀.၁ နှစ်ဖြစ်ပြီး အမျိုးသား ၂၉.၄ နှင့် အမျိုးသမီးမှာ ၃၀.၉ နှစ်ဖြစ်သည်။[11] ၂၀၁၂ ကုလသမဂ္ဂ၏ မျော်မှန်းချက်များအရ ကမ္ဘာ့လူဦးရေသည် ပုံမှန်တိုးတက်ဖွယ်ရှိပြီး ၂၀၅၀ ခုနှစ်တွင် ၈.၃ ဘီလီယံမှ ၁၀.၉ ဘီလီယံကြား ရောက်လိမ့်မည်ဟုဆိုသည်။[12][13] ၂၀၀၃ UN Population Division အရမူ ကမ္ဘာ့လူဦးရေသည် ၂၁၅၀ ခုနှစ်တွင် ၂၄ ၈ ဘီလီယံရှိလာမည်ဟုဆိုပြီး[14] ၂၀၁၄ ခန့်မှန်းချက်အရ ၉.၃ နှင့် ၁၂.၆ ဘီလီယံဟု ကြိုတင်ခန့်မှန်းထားသည်။[15][16] အချို့သော သုံးသပ်သူများက လူသားများ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု၊ ကမ္ဘာလုံးဆိုင်ရာ အစာပင်ရင်းနှင့် စွမ်းအင်အရင်အမြစ်များအပေါ် လွန်ကဲစွာ သုံးစွဲမှု စသည်တို့ကြောင့် ကမ္ဘာ့လူဦးရေသည် ရေရှည်တွင် ကြာရှည်ခံ/မခံ ဆိုသည်အား မေးခွန်းထုတ်ကြသည်။[17][18][19] ခန့်မှန်းချက်အရ အသက်ရှင်ခဲ့ဖူးသမျှ လူသားဦးရေ စုစုပေါင်းသည် ၁၀၆ မှ ၁၀၈ ဘီလီယံကြား ရှိသည်ဟုဆိုသည်။[20][21][22]
World population (millions, UN estimates)[23] | ||||
---|---|---|---|---|
# | Top ten most populous countries | 2000 | 2015 | 2030* |
1 | China* | 1,270 | 1,376 | 1,416 |
2 | India | 1,053 | 1,311 | 1,528 |
3 | United States | 283 | 322 | 356 |
4 | Indonesia | 212 | 258 | 295 |
5 | Brazil | 176 | 208 | 229 |
6 | Pakistan | 138 | 189 | 245 |
7 | Nigeria | 123 | 182 | 263 |
8 | Bangladesh | 131 | 161 | 186 |
9 | Russia | 146 | 143 | 139 |
10 | Mexico | 103 | 127 | 148 |
World total | 6,127 | 7,349 | 8,501 | |
Notes:
| ||||