ကန်းထရီးဂီတ
From Wikipedia, the free encyclopedia
ကန်းထရီးဂီတ (Country music) (သို့) ကန်းထွီး အဲန် ဝက်(စ်)တဲန် (Country And Western) ဂီတ သည် ၁၉၂၀ အစောပိုင်းများတွင် အမေရိကန်တောင်ပိုင်း အက်ပလေချီးယာသား လူဖြူများ၏ ကျေးလက်ဂီတမှတဆင့် ပြန့်ပွားလာခြင်း ဖြစ်သည်။[1] Western swing, honky-tonk, bluegrass, rockabilly နှင့် new country စသည့်စတိုင်များ ပေါင်းစပ်ထားသော ကန်းထရီးဂီတသည် နောက်ပိုင်းတွင် ရမ်သမ်အဲန်ဘလူစ်၊ ရော့ခ် (R&B, Rock) ဂီတများ ရောနှောလာခဲ့သည်။ ၁၉၄၀ ခုနှစ် နောက်ပိုင်းတွင် ယခင်ရှိနှင့်ပြီးသော ဟီးလီဘီလီဂီတ (hillbilly music) အမျိုးအစားထက် ကန်းထရီးဂီတက ပိုမိုကျော်ကြားလာခဲ့သည်။
ကန်းထရီး ဂီတ | |
---|---|
ဖန်တီးသူ သို့ ဇာတိ | |
ယဉ်ကျေးမှု ဇာတိ | ၁၉၂၀ ခုနှစ်များ၊ အမေရိကန်တောင်ပိုင်း။ |
တူရိယာ |
|
ဆင့်ပွားပုံစံများ |
|
အမျိုးအစားခွဲများ | |
Bakersfield sound – Bluegrass – Bro-country – Close harmony – Honky tonk – Jug band – Progressive country – Nashville sound – Neotraditional country – Outlaw country – Red Dirt – Western swing – Texas country | |
ပေါင်းစပ်အမျိုးအစားများ | |
Alternative country – Country rock – Psychobilly – Rockabilly – Gothabilly – Cowpunk – Country rap – Country pop – Country soul – Sertanejo – Southern soul | |
အခြား ခေါင်းစီး | |
Country musicians – List of years in country music | |
၂၀၂၄ အတွင်း ကန်းထရီးဂီတ |
Country ဂီတသည် အမေရိကန်၏ ကျော်ကြားသော ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး ၁၉၂၀တွင် Southern United States မှ စတင်ခဲ့သည်။ ဤအမျိုးအစားသည် United States မှ အမျိုးအစားများ ဖြစ်သော folk, blues နှင့် western ဂီတမှ အခြေခံထားသည်။ country ဂီတသည် ballads နှင့် အကသီချင်းများနှင့် လိုက်ဖက်ပြီး ကြိုးတပ်တူရိယာများဖြစ်သော banjo, electric နှင့် အကူးစတစ်ဂီတာ၊ dobros နှင့် fiddles များဖြင့် ရိုးရှင်းသော စည်းဝါးများနှင့် တည်ဆောက်ထားသည်။ country ဂီတဟူသော ဝေါဟာရသည် ၁၉၄၀ အစောပိုင်း hillbilly ဂီတကို ဦးစားပေးရာမှ ကျော်ကြားလာခဲ့သည်။ အနောက်တိုင်းတေးဂီတတွင် အကျုံးဝင်ပြီး ၂၀ ရာစုအလယ်တွင် hillbilly ဂီတနှင့် တူညီသော ဇစ်မြစ်မှ ပြိုင်လျက်ပါဝင်သည်။ country ဂီတဝေါဟာရကို ယနေ့ခေတ်ပုံစံနှင့် မျိုးခွဲများကို ဖော်ပြရာ၌ အသုံးပြုသည်။ ၂၀၀၉ခုနှစ်တွင် country ဂီတသည် ရေဒီယိုမှ လွှင့်တင်သော အများဆုံးနားထောင်သော ဂီတအမျိုးအစားဖြစ်လာခဲ့သည်။