From Wikipedia, the free encyclopedia
Gothabilly သည် ဂီတအကွဲအပြားဖြစ်သော ဂီတထဲမှ တစ်ခုဖြစ်ပြီး rockabilly ၏ ယဉ်ကျေးမှုဆိုင်ရာ မျိုးခွဲဖြစ်သည်။ portmanteau စကားလုံးဖြစ်ပြီး gothic နှင့် rockabilly တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၁၉၇၀ နောက်ပိုင်းတွင် the Cramps တီးဝိုင်းတွင် အသုံးပြုထားသည်ကို တွေ့ရသည်။ punk rock နှင့် rockabilly တို့ရောနှောထားသည်။[1][2] gothic နှင့် rockabilly ယဉ်ကျေးမှုနှင့် ဂီတနှင့်ဖက်ရှင်ကို ဖော်ပြရန် ဦးတည်ရာ တံတားတစ်ခုဖြစ်သည်။
Gothabilly | |
---|---|
ဖန်တီးသူ သို့ ဇာတိ | Rockabilly, psychobilly, gothic rock, punk rock, surf rock, deathrock, country rock |
ယဉ်ကျေးမှု ဇာတိ | အမေရိကန် ၁၉၇၀ နှောင်းပိုင်းများ |
တူရိယာ | ဂစ်တာ, double bass, ဒရမ် |
Regional scenes | |
အမေရိကန်နှင့် အင်္ဂလန်တွင် အဓိက။ သို့သော် စကင်ဒီနေးဗီးယားနိုင်ငံများသို့ ကြီးထွားလာခဲ့သည်။ | |
အခြား ခေါင်းစီး | |
Timeline of alternative rock |
၁၉၇၀ နောက်ပိုင်းတွင် Cramps တီးဝိုင်းသည် proto-gothabilly မျိုးခွဲကို ဖန်တီးရန် ကူညီခဲ့သည်။ မည်သို့ပင်ဆိုစေ နိုင်ငံတကာ gothabilly ပေါင်းစည်းထားသော albumများ ဖြန့်ချိသည့် တိုင်အောင် gothabilly ဟူသော ဝေါဟာရသည် မကျော်ခဲ့ပါဘူး။ Skully records မှ ၁၉၉၀ အလယ်တွင် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။[3][4] ဝေါဟာရသည် The Cramps တီးဝိုင်းနှင့် သက်ဆိုင်သော်လည်း သူတို့၏ဂီတဆိုင်ရာပုံစံသည် ၁၉၆၀ အစောပိုင်း၏ surf rock ပုံစံဖြစ်ပြီး traditional 12 bar blues နှင့်အတူ ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၁၉၅၀ rockabilly rhythms နှင့် vocal ပုံစံများကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံ gothic rock နှင့်ဆက်နွယ်နေပြီး အနက်ရောင် eyeliner များပါဝင်ပြီး အမျိုးသားနှင့် အမျိုးသမီးအဖွဲ့ဝင်များပါဝင်သည်။ gothic မျိုးခွဲယဉ်ကျေးမှုထဲတွင် ကျော်ကြားလာသည်။ တီးဝိုင်းသည် psychobilly အမျိုးအစားလွှမ်းမိုးလာခဲ့သည်။
Gothabilly သည် အမေရိကန်တွင် ရှင်သန်ခဲ့ပြီး ယနေ့ခေတ်တီးဝိုင်းများသည် California မှစတင်ခဲ့သည်။[5]
Gothabily သည် gothic ယဉ်ကျေးမှုနှင့် rockabilly ဂီတများရောနှောထားပြီး ဖွံဖြိုးတိုးတက်ခဲ့သည်။ gothabilly သည် country ဂီတနှင့် blues ဂီတတို့ကို ဆက်လက်ထိန်းသိမ်း ထားခဲ့သည်။ သို့သော်ထူးခြားသော ပုံစံများကို ဖန်တီးရန် punk rock နှင့် gothic rockကဏ္ဍာများကို ပေါင်းစပ်ထည့်ထားသည်။ slow tempo များနှင့်အတူ စိတ်အားငယ်ခြင်းများ စာပေကျမ်းဂန်များ၊ ဂမ္ဘီရပညာနှင့် ဘာသာရေးအကြောင်းအရာများ ပါဝင်သည်။ Gothabilly သည် double bass နှင့် ရိုးရှင်းသော rockabilly chord progressions ၏ rhythm များနှင့် punkလွှမ်းမိုးမှုများ ပေါင်းစပ်ထား သည်။ မည်သို့ပင်ဆိုစေ Jangly guitars များ၊ rolling jungle drum များ၊ organ နှင့်မကောင်းဆိုးဝါးများ၊ တစ္ဆေများနှင့် ထိတ်လန့်ဖွယ်ရာ အကြောင်းအရာများကို ပေါင်းစပ်ထားသည်။
Gothabilly ပုံစံသည် dark gothic လွှမ်းမိုးမှုနှင့်အတူ rock and roll ဖက်ရှင်များ လွှမ်းမိုးထားသည်။ gothabilly သည် retro culture revival, ၁၉၅၀ tattoo ပုံများ၊ animal print များ၊ creeps shoe cherry accessory polka cloth အဝတ်အစား၊ pencil skirts၊ ပိုက်ကွန်ခြေအိတ်များနှင့် High heel ၊ rockabilly နှင့် psychobilly အဖြစ်အပျက်မှ လူကြိုက်များသော အရာများပါဝင်သည်။ goth လွှမ်းမိုးမှုမှ softer texture များမှာ ပိုးထည်၊ ဖဲထည်၊ပန်းဇာများ၊ကက္တီပါများ၊ ကိုယ်ကျပ်အဝတ်များ၊ top hats၊ ရှေးဟောင်းလက်ဝတ်ရတနာများ၊ PVC နှင့် leather များကို တွေ့နိုင်သည်။
gothabilly ဟူသော အသုံးအနှုန်းသည် ဂီတဆိုင်ရာအမျိုးအစားသာမက ဖက်ရှင်နှင့် ဘဝနေထိုင်မှုပုံစံများအတွက် အသုံးပြုသည်။ gothabilly နှင့် psychobillyမှ အသံများ horror movie များတွင် တွေ့ရပြီး ကြောက်မက်ဖွယ်ရာ သေခြင်းတရားအကြောင်းအရာများကို တွေ့ရသည်။ gothabilly ယဉ်ကျေးမှုသည် internet community များ၊ blog နှင့် chat နှင့်ဂီတဖျော်ဖြေပွဲနှင့် ကမ္ဘာတစ်ဝန်းမှ လူမှုရေးအဖြစ်အပျက်များမှ ပျံ့နှံလာခဲ့သည်။[5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.