From Wikipedia, the free encyclopedia
၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (အင်္ဂလိပ်: 2019–20 coronavirus pandemic) သည် လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာ ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2) ကြောင့် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉၏ လတ်တလောတွင် ဖြစ်ပွားနေဆဲ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည်။[2] တရုတ်နိုင်ငံ ဟူပေ့ခရိုင် ဝူဟန်မြို့၌ ၂၀၁၉ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့သည်။[3] ၂၀၂၀ စက်တင်ဘာ ၆ ရက်နေ့အထိ နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၈၈ တွင် ဖြစ်ပွားသူပေါင်း ၂၆ သန်း ကျော်ရှိပြီး ၈၈၀,၀၀၀ ကျော် သေဆုံးခဲ့ကာ သက်သာပျောက်ကင်းသူ ၁၈ သန်းကျော် ရှိခဲ့သည်။[1] အဓိက ဖြစ်ပွားလျက်ရှိသော နေရာဒေသများတွင် တရုတ်ပြည်မကြီး၊ ဥရောပ၊ အီရန်၊ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။[1] ဥရောပတိုက်သည် ရောဂါဖြစ်ပွားရာ ဗဟိုချက် ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။[4] မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ရောဂါပိုး ကူးစက်ခံထားရသူ နှစ်ဦးအား ၂၀၂၀-မတ်လ-၂၃ တွင် စတင်တွေ့ရှိခဲ့သည်။[5]
၄ နိုဝင်ဘာ ၂၀၂၄ အရ ၂၀၁၉–၂၀ ကိုရိုနာဗိုင်းရစ် ဖြစ်ပွားမှုပြ မြေပုံ
| |
ရောဂါ | ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ (COVID-19) |
---|---|
ဗိုင်းရပ်စ် ဗီဇ | လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာ ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2) |
ပထမဆုံး ဖြစ်ပွားမှု | ဝူဟန်မြို့၊ ဟူပေ့ခရိုင်၊ တရုတ်နိုင်ငံ 30°37′11″N 114°15′28″E |
အတည်ပြုပြီး | ၂၆.၉ သန်း+[1] |
ပြန်လည်ကောင်းမွန်သူ | ၁၈ သန်း+[1] |
သေဆုံးသူ | ၈၈၀,၀၀၀+[1] |
၎င်းဗိုင်းရပ်စ်ပိုးသည် လူအချင်းချင်းလည်း ကူးစက်တတ်သော အထောက်အထားများလည်း ရှိပြီးဖြစ်ရာ ကူးစက်သည့်အရေအတွက်[6]မှာ အာရှ-ပစိဖိတ်၊ မြောက်အမေရိက၊ ဥရောပမှ တိုင်းပြည်တချို့၏ ဖြစ်ပွားကြောင်းသတင်းထုတ်ပြန်မှုများနှင့်အတူ[7] ၂၀၂၀ ဇန်နဝါရီအလယ်ပိုင်းတွင် မြင့်တက်လာပုံပေါ်ခဲ့သည်။[8] ရောဂါပျိုးချိန်သည် ၂ ရက်မှ ၁၄ ရက်အတွင်းဖြစ်သည်။[9] ရောဂါလက္ခဏာမစတင်ချိန်ကပင် ကူးစက်တတ်ကြောင်းလည်း အထောက်အထားရှိ၏။[10]ကူးစက်ခံရသည့်ဤရောဂါသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်၍ နောက်ဆက်တွဲဆိုးကျိုးများတွင် အဆုတ်ရောင်ခြင်း(pneumonia), ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာခက်ခဲခြင်းရောဂါလက္ခဏာအစု(acute respiratory distress syndrome)နှင့်အသက်သေဆုံးနိုင်ခြင်းလည်း ဖြစ်နိုင်သည်။[11]
ရောဂါမပြင်းထန်သည့်အခြေနေမျိုး၌ စုံစမ်းထောက်လှမ်း၍ မသိနိုင်သော်လည်း လူအတော်များများကို ကူးစက်ပြီးဖြစ်နိုင်သည်။[12][13] တရုတ်ပြည်ပြင်ပ ပထမဆုံးဒေသတွင်းကူးစက်မှုအဖြစ် ဗီယက်နမ်နိုင်ငံတွင် ဖခင်မှ သားဆီသို့ ကူးစက်ခဲ့သည်။[14] မိသားစုအတွင်းမဟုတ်ဘဲ တရုတ်ပြည်ပြင်ပ ဒေသတွင်းကူးစက်မှုမှာ ဇန်နဝါရီ ၂၂ ဂျာမနီတွင် တရုတ်လုပ်ငန်းရှင် အလည်ပတ်ရောက်လာသူမှ ဂျာမန်အမျိုးသားတစ်ယောက်သို့ မြူးနစ်မြို့အနီး အစည်းအဝေးပွဲတစ်ခု၌ ကူးစက်ခဲ့သည်။[15]
ရင်ဆိုင်တုံ့ပြန်သောအားဖြင့် အဝေးပြေးဘက်စ်ကားများ၊ လေကြောင်း၊ ရထားဖြင့်ပြင်ပသို့ခရီးသွားခြင်း၊ မြို့တွင်းပို့ဆောင်ရေးများ ရပ်နားထားမှုအပါအဝင် ဟူပေ့ခရိုင်နှင့်အနီးရှိ ပေါင်းစပ်လူဦးရေ ၅၇ သန်းကျော်သော ဝူဟန်မြို့နှင့် တစ်ခြား (၁၅)မြို့များကို တစ်စိတ်တစ်ပိုင်း (သို့) အပြည့်အဝ သွားလာခြင်းများ ပိတ်ပင်ထားသည်။[16][17][18][19] ရိုးရာဘုရားကျောင်းပွဲတော်များ၊ ဘေဂျင်းမြို့ တားမြစ်ထားသော မြို့တော်(Forbidden City)အပါအဝင် နှစ်သစ်ကူးပွဲတော်များ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို ရောဂါပြန့်ပွားမှုကိုစိုးရိမ်၍ ပိတ်ထားခဲ့ကြသည်။[20] ဟောင်ကောင်ကလည်း ဤကူးစက်ရောဂါပြန့်ပွားမှုကို အမြင့်ဆုံးအဆင့်ဖြင့်တုန်ပြန်လုပ်ဆောင်၍ အရေးပေါ်အခြေနေကြေညာပြီး ကျောင်းများကို ဖေဖော်ဝါရီလအလယ်ထိ ပိတ်ခြင်း၊ နှစ်ကူးပွဲတော်ကို ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့သည်။[21][22]
နိုင်ငံအတော်များများကလည်း ဝူဟန်မြို့နှင့် ဟူပေ့ခရိုင်များကို ခရီးမသွားရန် တပ်လှန့်ထားပြီးဖြစ်သည်။[23] တရုတ်ပြည်မကြီးကို ခရီးသွားခဲ့သူများကို အနည်းဆုံးနှစ်ပတ်ကြာ ကျန်းမာရေးစစ်ဆေးရန်နှင့် ရောဂါလက္ခဏာပေါ်က ၎င်းတို့ကျန်းမာရေးဆိုင်ရာအဖွဲ့များကို သတင်းပို့ရန်အကြောင်းကြားထားသည်။ [24] ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူဟု သံသယရှိသူတိုင်းကို မျက်နှာအကာသုံးရန်နှင့် ဆေးရုံဆေးပေးခန်းသို့ ကိုယ်တိုင်သွားရောက်မည့်အစား ဆရာဝန်ကို တိုက်ရိုက်ခေါ်ရန်အကြံပြုထားသည်။[25] တရုတ်ပြည်မှသူများ (သို့) တရုတ်ပြည်တွင် ကြိုတင်ခန်းယူထားခြင်းအတွက် အခကြေးငွေမယူဘဲ ဖျက်သိမ်းပေးခြင်း ပြန်အမ်းငွေပေးခြင်းစသောအရာများကို ဟိုတယ်တချို့က လုပ်ဆောင်နေခဲ့ကြသည်။[26] လေဆိပ်၊ ဘူတာရုံများတွင် ခန္ဓာကိုယ်အပူတိုင်းကိရိယာများတပ်ဆင်၍ ရောဂါပိုးသယ်ဆောင်လာသူများကို ခွဲခြားနိုင်ရန်ကျန်းမာရေးအသိပေးကြေညာခြင်း၊ သတိပေးဆိုင်းဘုတ်များထောင်ခြင်းစသည်တို့ကို လုပ်ဆောင်နေသည်။[27] ဇန်နဝါရီ ၃၀ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က နိုင်ငံတကာစိုးရိမ်မှု၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ(Public Health Emergency of International Concern)ကြေညာကာ ဤသို့ဆုံးဖြတ်ကြေညာရခြင်းမှာ ကျန်းမာရေးအဆောက်အအုံနိမ့်ကျသော နိုင်ငံများသို့ ပြန့်နှံ့လျှင် ရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးက ဖြစ်စေနိုင်သော အကျိုးသက်ရောက်မှုအပေါ် အခြေခံပါသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။[28][29][30][31]
ဝူဟန်မြို့သည် ဟူပေ့ခရိုင်၏ မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံတွင် သတ္တမမြောက်လူဦးရေအထူထပ်ဆုံးမြို့လည်းဖြစ်၍ လူဦးရေ (၁၁)သန်းကျော်နေထိုင်လျက်ရှိသည်။ ခေတ်အဆက်ဆက် နိုင်ငံ၏ အဓိကပို့ဆောင်ဆက်သွယ်ရေးဆုံချက်ဖြစ်ကာ ကိုးခရိုင်၏ အချက်ချာလမ်းကြောင်းကြီး ("Nine Provinces' Thoroughfare")ဟု လူသိများသည်။(九省通衢),[32] ပြီးလျှင် တရုတ်ပြည်၌ အရေးကြီးဆုံးရထားလမ်းဆုံချက်(၄)ခုထဲမှ တစ်ခုအပါအဝင်လည်းဖြစ်သည်။ ရထားလမ်းများသည် အနီးစပ်ဆုံး ဘေဂျင်းမြို့တောင်ဘက်သို့[33]၁,၁၀၀ km (၇၀၀ mi)၊ ရှန်ဟိုင်းမြို့အနောက်သို့၈၀၀ km (၅၀၀ mi)နှင့် ဟောင်ကောင်မြောက်ဘက်သို့ ၉၇၀ km (၆၀၀ mi) စသဖြင့်အသီးသီးရှိကြသည်။[34] ဝူဟန် တီယန်ဟီနိုင်ငံတကာလေဆိပ်(Wuhan Tianhe International Airport)မှ ဥရောပတိုက်၊မြောက်အမေရိကတိုက်ရှိ အဓိကနိုင်ငံတကာလေဆိပ်များသို့ တိုက်ရိုက်ပျံသန်းမှုများရှိလေသည်။[35]
၂၀၁၉ ဒီဇင်ဘာအတွင်း ဝူဟန်တွင် အကြောင်းရင်းမသိရသော အဆုတ်ရောင်ရောဂါ၏ လက္ခဏာများကို ပြသသည့်ရောဂါဖြစ်ပွားမှု အများအပြားသည် ဟွမ်းနန်ပင်လယ်စာ လက်ကားဈေးကြီးနှင့်တိုက်ရိုက်ပတ်သက်မှုရှိခဲ့သည်။ ထိုဈေးကြီး၌ ဆိုင်ခန်းပေါင်းများစွာရှိပြီး ငါး၊ ကြက်၊ ရစ်ငှက်၊ လင်းနို့၊ မားမာ့တ်(marmots)၊ အဆိပ်ရှိမြွေ၊ အပြောက်ပါသမင် နှင့် တစ်ခြားတောရိုင်းတိရစ္ဆာန်ကောင်သားများကို ရောင်းချကြသည်။ ချက်ချင်းဆိုသလို အထင်အမြင်တစ်ခုမှာ (အဆိုကြမ်း) ဤကိုရိုနာဗိုင်းရပ်စ်ဆန်း(novel coronavirus)မှာ တိရစ္ဆာန်ကြောင့်(zoonosis)ဟု ကောက်ချက်ချကြသည်။[36][37][38][39]
ကိုရိုနာဗိုင်းရပ်စ်များသည် တိရစ္ဆာန်များကြား ကူးလူးလည်ပတ်နိုင်သည်။ သို့သော် ဤပိုးသည် ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာစု (severe acute respiratory syndrome - SARS) ဆားစ်ရောဂါ၊ အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာစု(Middle East respiratory syndrome - MERS) မားစ်ရောဂါ၊ အခြားကိုရိုနာဗိုင်းရပ်စ်လေးမျိုးကြောင့်ဖြစ်သော ပုံမှန်အအေးမိခြင်း(common cold)နှင့်ဆင်တူသည့် မပြင်းထန်သော အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်ပွားမှုများကဲ့သို့ ရောဂါပိုးမှာ ဆင့်ကဲတိုးတက်ပြောင်းလဲလာပြီး လူများကိုကူးစက်နိုင်သည်ဟု သိရှိထားကြသည်။ လူကိုကူးစက်နိုင်သော ကိုရိုနာဗိုင်းရပ်စ်အားလုံးသည် လူအချင်းချင်းကြား ပျံ့နှံ့နိုင်သည်ဟု သက်သေများလည်းရှိသည်။[40][41]
2019-nCoV ရောဂါဖြစ်ပွားမှု ပထမဆုံးအတည်ပြုခဲ့သည့် (၄၁)ခုအနက် အစောဆုံးတွေ့ရသော ရောဂါလက္ခဏာများကို ၂၀၁၉ ဒီဇင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ရာ လူတစ်ဦးသည် အဆိုပါဈေးကြီးနှင့်လည်း မထိတွေ့၊ ကျန်ရှိသော ကူးစက်ခံလူလေးဆယ်နှင့်ပါ ထိတွေခြင်းမရှိပါဟုဆိုသည်။[43] ရောဂါဖြစ်ပွားမှုများ မြင့်တက်လာသည်နှင့်အမျှ ဈေး၏အရေးပါမှုသည်လည်း ကျဆင်းလာခဲ့သည်။[43][44]
တရုတ်သိပ္ပံပညာရှင်များက လျင်မြန်စွာပင် ထိုကိုရိုနာဗိုင်းရပ်စ်မျိုးကို သီးခြားခွဲထုတ်နိုင်ခဲ့၍ ထိုပိုး၏ မျိုးရိုးဗီဇအစီစဉ်ကို (Nucleic acid sequence or genetic sequence) ကမ္ဘာတစ်ဝန်းက ဓာတ်ခွဲခန်းများအား ပိုး၏ကူးစက်မှုကို ထောက်လှမ်းနိုင်သော Polymerase chain reaction စမ်းသပ်မှုများ လွတ်လပ်စွာပြုလုပ်နိုင်စေရန် အသိပေးခဲ့ကြသည်။ WHOအဖွဲ့ကြီးက တရုတ်ပြည်ကို ထိုကဲ့သို့ လျင်မြန်စွာဆောင်ရွက်နိုင်မှုအတွက် ချီးကျူးခဲ့သည်။[45][36][46][47][48] 2019-nCoV၏ genome sequenceသည် ဆားစ်ရောဂါပိုး(SARS-CoV)နှင့် ၇၅-၈၀% ထိ တူညီနေပြီး လင်းနို့ကိုရိုနာဗိုင်းရပ်စ်တချို့ (bat coronaviruses)နှင့် ၈၅% ထိတူနေသည်။[49][50] အတည်ပြုခဲ့သည့် ပထမဆုံးရောဂါဖြစ်မှု (၄၁)ခုတွင် သုံးပုံနှစ်ပုံမှာ တိရစ္ဆာန်အရှင်များရောင်းသော ဟွမ်းနန်ပင်လယ်စာလက်ကားဈေးကြီးနှင့် ပတ်သက်မှုကြသည်။[44][51][52][53] ယခင်ဖြစ်ဖူးခဲ့သည့် ဆားစ်ရောဂါကဲ့သို့ တူညီသောသေစေနိုင်မှုမျိုးရှိသည်/မရှိဆိုခြင်းနှင့်ကား ရှင်းလင်းစွာမသိသေးပါ။[45][36][46][47]
ဇန်နဝါရီလ ၁၇ တွင် ယူနိုက်တက်ကင်းဒမ်း လန်ဒန်တော်ဝင်ကောလိပ်(Imperial College London)အဖွဲ့တစ်ခုသည် ဇန်နဝါရီ ၁၂ လောက်က ရောဂါလက္ခဏာများစတင်ခြင်းနှင့်အတူ ဖြစ်ပွားမှုပေါင်း ၁,၇၂၃ (95% confidence interval, 427–4,471)ရှိခဲ့ပြီးပြီဟူ၍ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်မှာ ထိုင်း၊ ဂျပန်သို့ စဦးပျံ့နှံမှုပုံစံအပေါ်အခြေခံတွက်ချက်သည်။ တွက်ချက်ရာတွင် ဘေးပရောဂမပါ ကိုယ်တိုင်လူအချင်းချင်းကူးစက်နိုင်ခြင်းကို မဖယ်ထုတ်သင့်ဟု ကောက်ချက်ချထားသည်။[54][55] ထိုကောက်ချက်ကို ဖြစ်ပွားသည့်အတိုင်း ထိုအချိန်မှစ၍ အတည်ပြုထားခဲ့ကြသည်။ နောက်ထပ် ရောဂါဖြစ်ပွားမှုများပိုသိလာသောအခါ ဝူဟန်မြို့တော်၌ 2019-nCoVပိုးကြောင့်ဖြစ်ပွားမှု ၄၀၀၀မှာ ၂၀၂၀ ဇန်နဝါရီ ၁၈ အချိန်လောက်မှ ရောဂါလက္ခဏာစတင်ပေါ်ခဲ့သည်ဟု နောက်ပိုင်းပြန်လည်တွက်ချက်ခဲ့သည်။[56][12] ဟောင်ကောင်တက္ကသိုလ်အုပ်စုတစ်စုမှလည်း တရုတ်ပြည်အတွင်း ပို့ဆောင်ရေးအသေးစိတ်နောက်တိုးအချက်များနှင့်အတူ အစောပိုင်းလေ့လာသုံးသပ်မှုအတိုင်း အလားတူကောက်ချက်မျိုးချခဲ့ကြသည်။[13] ဇန်နဝါရီ ၂၀တွင် ရှန်းကျန်း(Shenzhen)မှ တစ်ဦး၊ ဘေဂျင်းမှ နှစ်ဦးအပါအဝင် လူနာသစ် ၁၄၀နီးပါး၌ ဖြစ်ပွားခြင်း တဟုန်ထိုးတိုးလာသည်ဟု တရုတ်ပြည်က သတင်းထုတ်ပြန်သည်။[57] ဇန်နဝါရီ ၂၅၊ ဓာတ်ခွဲခန်းအတည်ပြုဖြစ်ပွားမှု စုစုပေါင်း ၂၀၆၂ ရှိ၍ ပြည်မတွင် ၂၀၁၆၊ ထိုင်းတွင် ၇၊ ဟောင်ကောင်တွင် ၆၊ မကာအိုတွင် ၅၊ ဩစတေးလျတွင် ၅၊ မလေးရှားတွင် ၄၊ စင်္ကာပူတွင် ၄၊ ပြင်သစ်တွင် ၃၊ ဂျပန်တွင် ၃၊ တောင်ကိုရီးယားတွင် ၃၊ ထိုင်ဝမ်တွင် ၃၊ အမေရိကန်ပြည်ထောင်စုတွင် ၃၊ ဗီယက်နမ်တွင် ၂၊ နီပေါတွင် ၁၊ ဆွီဒင်တွင် ၁ စသဖြင့်အသီးသီးဖြစ်သည်။[58][59][60]
တည်နေရာ[မှတ်စု 1] | အတည်ပြုဖြစ်စဉ်များ[မှတ်စု 2] | သေဆုံးမှုများ | ပြန်လည်သက်သာ[မှတ်စု 3] | ကိုးကား | ||
---|---|---|---|---|---|---|
225 | ၁.၄၆သန်း + | ၈၅,၀၀၀ + | ၃၁၅,၀၀၀ + | |||
United States[မှတ်စု 4] | ၄၁၇၂၀၆ | ၁၄၁၈၃ | ၂၂၇၀၂ | [65][66] | ||
Spain[မှတ်စု 5] | 146,690 | 14,673 | 48,021 | [68] | ||
Italy[မှတ်စု 6] | 139,422 | 17,669 | 26,491 | [71] | ||
Germany[မှတ်စု 7] | 110,483 | 2,183 | 31,432 | [72][73] | ||
France[မှတ်စု 8] | 82,048 | 10,869 | 21,254 | [75][76] | ||
China (mainland)[မှတ်စု 9] | 81,802 | 3,333 | 77,279 | [77] | ||
Iran[မှတ်စု 10] | 67,286 | 4,003 | 29,812 | [83] | ||
United Kingdom[မှတ်စု 11] | 60,733 | 7,097 | – | [85] | ||
Turkey | 38,226 | 812 | 1,846 | [86] | ||
Belgium | 23,403 | 2,240 | 4,681 | [87] | ||
Switzerland | 23,254 | 893 | 9,800 | [88] | ||
Netherlands[မှတ်စု 12] | 20,549 | 2,248 | – | [90] | ||
Canada | 19,165 | 427 | 4,485 | [91] | ||
Brazil | 14,049 | 688 | 127 | [92][93] | ||
Austria | 12,852 | 273 | 4,512 | [94][95] | ||
Portugal | 12,442 | 345 | 184 | [96] | ||
South Korea | 10,384 | 200 | 6,776 | [97] | ||
Israel[မှတ်စု 13] | 9,404 | 72 | 801 | [98] | ||
Russia[မှတ်စု 14] | 8,672 | 63 | 580 | [102] | ||
Sweden[lower-alpha 1] | 8,512 | 695 | 333 | [103] | ||
Ireland | 6,074 | 235 | 25 | [104] | ||
Australia[lower-alpha 2] | 6,024 | 50 | 2,813 | [105] | ||
Norway[မှတ်စု 15] | 6,012 | 101 | – | [106] | ||
Chile | 5,546 | 48 | 1.115 | [109][110] | ||
Denmark[မှတ်စု 16] | 5,402 | 218 | 1,621 | [112] | ||
India | 5,274 | 149 | 411 | [113] | ||
Poland | 5,205 | 159 | 222 | [92][114] | ||
Czech Republic | 5,033 | 91 | 181 | [115] | ||
Romania | 4,761 | 209 | 528 | [116] | ||
Japan | 4,257 | 81 | 632 | [117] | ||
Pakistan | 4,187 | 58 | 467 | [118] | ||
Malaysia | 4,119 | 65 | 1,487 | [119] | ||
Ecuador | 3,995 | 220 | 140 | [120] | ||
Philippines | 3,870 | 182 | 96 | [121][122] | ||
Luxembourg | 3,034 | 46 | 500 | [123] | ||
Indonesia | 2,956 | 240 | 222 | [124] | ||
Peru | 2,954 | 107 | 1,231 | [125][126] | ||
Saudi Arabia | 2,932 | 41 | 631 | [127] | ||
Mexico | 2,785 | 141 | 633 | [128][129] | ||
United Arab Emirates | 2,659 | 12 | 239 | [130][131] | ||
Finland[မှတ်စု 17] | 2,487 | 40 | – | [135][136] | ||
Serbia[မှတ်စု 18] | 2,447 | 61 | 118 | [138] | ||
Thailand | 2,369 | 30 | 888 | [139] | ||
Panama | 2,249 | 59 | 16 | [140] | ||
Qatar | 2,210 | 6 | 178 | [141] | ||
Dominican Republic | 1,956 | 98 | 36 | [142] | ||
Greece | 1,832 | 81 | 269 | [143][144] | ||
Colombia | 1,780 | 50 | 100 | [145] | ||
South Africa | 1,749 | 13 | 45 | [146][147] | ||
Argentina | 1,715 | 60 | 266 | [148] | ||
Ukraine[lower-alpha 3] | 1,668 | 52 | 35 | [149] | ||
Singapore | 1,623 | 7 | 406 | [150][151] | ||
Iceland | 1,586 | 6 | 559 | [152] | ||
Algeria | 1,572 | 205 | 237 | [153][154] | ||
Egypt[lower-alpha 4] | 1,450 | 94 | 276 | [155][156] | ||
Croatia | 1,343 | 19 | 179 | [157] | ||
Morocco[မှတ်စု 19] | 1,242 | 91 | 97 | [159][160] | ||
Estonia | 1,185 | 24 | 69 | [161] | ||
Slovenia | 1,091 | 40 | 102 | [162] | ||
Belarus | 1,066 | 13 | 77 | [163] | ||
Moldova[မှတ်စု 20] | 1,056 | 24 | 43 | [164] | ||
Iraq | 1,031 | 64 | 344 | [165] | ||
New Zealand | 969 | 1 | 282 | [166] | ||
Hong Kong | 961 | 4 | 264 | [167] | ||
Lithuania | 912 | 15 | 8 | [168] | ||
Hungary | 895 | 58 | 94 | [169] | ||
Armenia | 881 | 9 | 114 | [170] | ||
Kuwait | 855 | 1 | 111 | [171] | ||
Azerbaijan[မှတ်စု 21] | 822 | 8 | 63 | [172] | ||
Bahrain | 821 | 5 | 467 | [173] | ||
Bosnia and Herzegovina | 794 | 34 | 79 | [174] | ||
Diamond Princess[lower-alpha 5] | 712 | 12 | 619 | [175] | ||
Kazakhstan | 709 | 7 | 53 | [176] | ||
Cameroon | 685 | 9 | 60 | [177] | ||
Tunisia | 623 | 23 | 25 | [178] | ||
Puerto Rico | 620 | 24 | – | [179] | ||
North Macedonia | 617 | 30 | 35 | [180][181] | ||
Bulgaria | 593 | 24 | 42 | [182] | ||
Slovakia | 682 | 2 | 16 | [183] | ||
Latvia | 577 | 2 | 16 | [92][184] | ||
Lebanon | 575 | 19 | 62 | [185] | ||
Andorra | 564 | 23 | 52 | [186] | ||
Uzbekistan | 545 | 3 | 30 | [187] | ||
Cyprus[မှတ်စု 22] | ၄၈၄ | 14 | 47 | [188] | ||
Costa Rica | 483 | 2 | 24 | [189] | ||
Uruguay | 424 | 7 | 150 | [190] | ||
Afghanistan | 423 | 11 | 18 | [191] | ||
Oman | 419 | 2 | 72 | [192] | ||
Albania | 400 | 22 | 154 | [193] | ||
Cuba[lower-alpha 6] | 396 | 11 | 27 | [194] | ||
Burkina Faso | 384 | 19 | 127 | [195] | ||
Taiwan | 379 | 5 | 67 | [196][197] | ||
Réunion[မှတ်စု 23] | 358 | 0 | 40 | [198] | ||
Jordan | 353 | 6 | 138 | [199] | ||
Ivory Coast | 349 | 3 | 41 | [200][201] | ||
Honduras | 312 | 22 | 6 | [202] | ||
Malta | 299 | 0 | 5 | [203] | ||
Ghana | 287 | 5 | 31 | [204] | ||
San Marino | 279 | 34 | 40 | [205] | ||
Niger | 278 | 11 | 26 | [206] | ||
Kyrgyzstan | 270 | 4 | 25 | [207] | ||
Mauritius | 268 | 7 | – | [208] | ||
Palestine | 263 | 1 | 44 | [209] | ||
Nigeria | 254 | 6 | 44 | [210] | ||
Vietnam | 251 | 0 | 126 | [211] | ||
Montenegro | 248 | 2 | 4 | [212] | ||
Senegal | 237 | 2 | 105 | [213] | ||
Bangladesh | 218 | 20 | 33 | [214][215] | ||
Georgia[မှတ်စု 24] | 211 | 3 | 50 | [216] | ||
Bolivia | 210 | 15 | 2 | [217] | ||
Sri Lanka | 189 | 7 | 44 | [218] | ||
Faroe Islands | 184 | 0 | 131 | [219] | ||
Kosovo[မှတ်စု 25] | 184 | 5 | 30 | [220] | ||
DR Congo | 180 | 18 | 9 | [221] | ||
USS Theodore Roosevelt[မှတ်စု 26] | 173 | 0 | 0 | [63] | ||
Kenya | 179 | 6 | 7 | [222] | ||
Mayotte | 171 | 2 | 22 | [223] | ||
Jersey | 170 | 3 | – | [224] | ||
Guernsey | 166 | 4 | 34 | [225] | ||
Venezuela | 166 | 7 | 65 | [226] | ||
Isle of Man[မှတ်စု 27] | 158 | 1 | 82 | [227] | ||
Martinique | 152 | 4 | 50 | [228] | ||
Guinea | 144 | 0 | 5 | [65] | ||
Guadeloupe | 139 | 7 | 31 | [229] | ||
Brunei | 135 | 1 | 91 | [230][231] | ||
Greg Mortimer | 128 | 0 | 0 | [232] | ||
Guam[မှတ်စု 28] | 121 | 4 | 27 | [66][233] | ||
Cambodia | 117 | 0 | 63 | [234] | ||
Paraguay | 115 | 5 | 15 | [235] | ||
Gibraltar | 113 | 0 | 60 | [236] | ||
Rwanda | 105 | 0 | 7 | [237] | ||
Trinidad and Tobago | 105 | 7 | 1 | [238] | ||
El Salvador | 93 | 5 | 9 | [239] | ||
Northern Cyprus[မှတ်စု 29] | 91 | 2 | 29 | [240] | ||
Djibouti | 90 | 0 | 9 | [241] | ||
Madagascar | 88 | 0 | 2 | [242] | ||
Guatemala | 87 | 3 | 17 | [243] | ||
Monaco | 79 | 1 | 3 | [244][245] | ||
Liechtenstein | 77 | 1 | 0 | [246] | ||
Aruba | 74 | 0 | 14 | [247] | ||
French Guiana[မှတ်စု 30] | 72 | 0 | 34 | [76][248] | ||
Togo | 65 | 3 | 23 | [249] | ||
Barbados | 63 | 3 | 6 | [250] | ||
Jamaica | 63 | 3 | 9 | [251] | ||
Mali | 56 | 5 | 12 | [252][253] | ||
Ethiopia | 52 | 2 | 4 | [254] | ||
Uganda | 52 | 0 | 0 | [255] | ||
French Polynesia | 47 | 0 | 0 | [256] | ||
Cayman Islands | 45 | 1 | 6 | [257] | ||
Republic of the Congo | 45 | 5 | 0 | [258] | ||
Macau | 44 | 0 | 10 | [259] | ||
U.S. Virgin Islands | 45 | 1 | 36 | [260] | ||
Sint Maarten | 40 | 6 | 1 | [261] | ||
Bermuda | 39 | 2 | 21 | [262] | ||
Zambia | 39 | 1 | 3 | [263] | ||
Bahamas | 36 | 6 | 5 | [264] | ||
Guinea-Bissau | 33 | 0 | 0 | [265] | ||
Guyana | 33 | 5 | 8 | [266] | ||
Saint Martin | 32 | 2 | 11 | [267] | ||
Eritrea | 31 | 0 | 0 | [268] | ||
Gabon | 30 | 1 | 1 | [269] | ||
Benin | 26 | 1 | 5 | [270] | ||
Haiti | 25 | 1 | – | [271] | ||
Tanzania | 24 | 1 | 5 | [65] | ||
Myanmar | 22 | 3 | 1 | – | [272] | |
Libya | 20 | 1 | 1 | [273] | ||
Antigua and Barbuda | 19 | 1 | 0 | [274] | ||
Maldives | 19 | 0 | 13 | [275] | ||
Syria | 19 | 2 | 3 | [276] | ||
New Caledonia | 18 | 0 | 1 | [277] | ||
Angola | 17 | 2 | 2 | [278] | ||
Equatorial Guinea | 16 | 0 | 1 | [279] | ||
Namibia | 16 | 0 | 2 | [280][281] | ||
Fiji | 15 | 0 | 0 | [282] | ||
Mongolia | 15 | 0 | 11 | [283] | ||
Dominica | 14 | 0 | 0 | [284] | ||
Laos | 14 | 0 | 0 | [285] | ||
Saint Lucia | 14 | 0 | 0 | [286] | ||
Liberia | 13 | 3 | 0 | [287] | ||
Curaçao | 13 | 1 | 5 | [288] | ||
Coral Princess[မှတ်စု 31] | 12 | 0 | 0 | [290] | ||
Grenada | 12 | 0 | 0 | [291] | ||
Sudan | 12 | 2 | 2 | [292] | ||
MS Zaandam & Rotterdam[မှတ်စု 32] | 11 | 2 | 0 | [294][295] | ||
Zimbabwe | 11 | 2 | 0 | [296] | ||
Saint Kitts and Nevis | 11 | 0 | 0 | [297] | ||
Seychelles | 11 | 0 | 0 | [298] | ||
Greenland | 11 | 0 | 10 | [299] | ||
Northern Mariana Islands | 11 | 2 | – | [300][301] | ||
Suriname | 10 | 1 | 3 | [302][303] | ||
Akrotiri and Dhekelia | 10 | 0 | 0 | [304] | ||
Mozambique | 10 | 0 | 1 | [305] | ||
Chad | 10 | 0 | 2 | [306] | ||
Eswatini | 10 | 0 | 4 | [307] | ||
Åland Islands | 9 | 0 | 0 | [308] | ||
Nepal | 9 | 0 | 1 | [309][310] | ||
Central African Republic | 8 | 0 | 0 | [160] | ||
Malawi | 8 | 1 | 0 | [311] | ||
Turks and Caicos Islands | 8 | 1 | – | [312] | ||
Montserrat | 8 | 0 | 0 | [313] | ||
St. Vincent & the Grenadines | 8 | 0 | 1 | [314] | ||
Somalia[မှတ်စု 33] | 8 | 0 | 1 | [315] | ||
Belize | 7 | 1 | 0 | [316][317] | ||
Cape Verde | 7 | 1 | 0 | [318] | ||
Vatican City | 7 | 0 | – | [319] | ||
Sierra Leone | 7 | 0 | 0 | [320] | ||
Botswana | 6 | 1 | 0 | [321] | ||
Mauritania | 6 | 1 | 2 | [322] | ||
Nicaragua | 6 | 1 | 2 | [323][324] | ||
Saint Barthélemy | 6 | 0 | 1 | [267] | ||
Donetsk People's Republic[မှတ်စု 34] | 5 | 0 | 0 | [326] | ||
Bhutan | 5 | 0 | 2 | [327] | ||
Gambia | 4 | 1 | 2 | [328] | ||
Luhansk People's Republic[မှတ်စု 34] | 4 | 0 | 0 | [329] | ||
São Tomé and Príncipe | 4 | 0 | 0 | [330] | ||
Anguilla | 3 | 0 | 0 | [331] | ||
British Virgin Islands | 3 | 0 | 0 | [332] | ||
Burundi | 3 | 0 | 0 | [333] | ||
Falkland Islands | 2 | 0 | 0 | [334] | ||
Papua New Guinea | 2 | 0 | 0 | [335] | ||
Sint Eustatius | 2 | 0 | 0 | [336][337] | ||
Somaliland | 2 | 0 | 0 | [338][339] | ||
South Sudan | 2 | 0 | 0 | [340] | ||
Abkhazia | 1 | 0 | 0 | [341] | ||
Artsakh | 1 | 0 | 0 | [342] | ||
East Timor | 1 | 0 | 0 | [343] | ||
Guantanamo Bay[မှတ်စု 35] | 1 | 0 | 0 | [344] | ||
Saint Pierre and Miquelon | 1 | 0 | 0 | [345] | ||
As of 6 ဩဂုတ် 2024 (UTC) · History of cases: China, international | ||||||
Notes
|
တရုတ်နှစ်ကူး လူအများလှည့်လာသွားလာမှု၏ စနက်ဖြင့် ဇန်နဝါရီ အစောပိုင်း၊လလယ်ပိုင်းတွင် ဤဗိုင်းရပ်စ်မှာ တရုတ်ပြည် တစ်ခြားခရိုင်များသို့ ပျံ့နှံ့သွားကြသည်။ နိုင်ငံတကာခရီးသွားများ၏ သယ်ဆောင်မှုများဖြင့် ဖြစ်ပွားမှုများကို တစ်ခြားနိုင်ငံများ၌လည်း စုံစမ်းသိရှိနိုင်ခဲ့သည်။ ထိုင်း (၁၃ ဇန်နဝါရီ)၊ ဂျပန် (၁၅ ဇန်နဝါရီ)၊ တောင်ကိုရီးယား (၂၀ ဇန်နဝါရီ)၊ ထိုင်ဝမ်နှင့် အမေရိကန်ပြည်ထောင်စု (၂၁ ဇန်နဝါရီ)၊ ဟောင်ကောင်နှင့် မကာအို (၂၂ ဇန်နဝါရီ)၊ စင်ကာပူ (၂၃ ဇန်နဝါရီ)၊ ပြင်သစ်၊ နီပေါနှင့် ဗီယက်နမ် (၂၄ ဇန်နဝါရီ)၊ ဩစတြေးလျနှင့် မလေးရှား (၂၅ ဇန်နဝါရီ)၊ ကနေဒါ (၂၆ ဇန်နဝါရီ)၊ ကမ္ဘောဒီးယား (၂၇ ဇန်နဝါရီ)၊ ဂျာမနီ (၂၈ ဇန်နဝါရီ)၊ ဖင်လန်၊ သီရိလင်္ကာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (၂၉ ဇန်နဝါရီ)၊ အိန္ဒိယ၊ အီတလီနှင့် ဖိလစ်ပိုင် (၃၀ ဇန်နဝါရီ)၊ ယူနိုက်တက်ကင်းဒမ်း၊ ရုရှား၊ ဆွီဒင်နှင့် စပိန် (၃၁ ဇန်နဝါရီ) တို့၌ ဤဗိုင်းရပ်စ်ကို ထောက်လှမ်းသိရှိခဲ့ကြသည်။[346][58] ဖေဖော်ဝါရီ ၁ရက်နေ့၌ ကမ္ဘာတစ်လွှား 12,000ထက်ပိုများသော ရောဂါဖြစ်ပွားမှုများကို တရားဝင်စုံစမ်းသိရှိနိုင်ခဲ့ကာ ၉၈%မှာ တရုတ်ပြည်တွင်ဖြစ်သည်။[346] ဗိုင်းရပ်စ်ကြောင့် လူပေါင်း၁,၃၅၅ ယောက်သေဆုံးပြီးဖြစ်သည်။ တရုတ်ပြည်ပြင်ပ ပထမဆုံးသေဆုံးမှုမှာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြစ်ပြီး ဖိလစ်ပိုင်တွင် ဖြစ်ပွားခဲ့သည်။[347][346] ခန့်မှန်းတွက်ချက်မှုပုံဇယားက တစ်ကယ့်ရောဂါကိန်းဂဏန်းမှာ စစ်တမ်းထုတ်ထားနိုင်သော ကူးစက်မှုအရေအတွက်ထက် အဆအနည်းငယ် ပိုသည်ဟု ညွှန်းဆိုသည်။ ဒေသတွင်း လူမှလူသို့ ကူးစက်ခြင်းကို ဗီယက်နမ်၊ ဂျပန်၊ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စု (ရှီကာဂိုပြည်နယ်)တို့တွင် အတည်ပြုခဲ့ကြသည်။[348] သို့သော် ယခုထိ တရုတ်ပြည်ပြင်ပ၌ ရောဂါပြန့်စေသည့်နေရာဌာနများ(active centers of propagation)ဟူ၍ အတည်မပြုရသေးပေ။ ဇန်နဝါရီ ၂၃တစ်ဝိုက်မှစ၍ တရုတ်ပြည်တွင်း/ပ၌ WHOအဖွဲ့ နှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များက ဦးဆောင်၍ အရေးကြီးသောကြိုးပမ်းမှုတစ်ခုလုပ်ဆောင်ကြပြီး ပြည်သူများကိုတပ်လှန့်ရန်နှင့် ဗိုင်းရပ်စ်နောက်ထပ်ပြန့်ပွားခြင်းကို တားဆီးရန်အစီအမံများလုပ်ဆောင်ကြရန် ဖြစ်သည်။ ဇန်နဝါရီ ၃၀တွင် တရုတ်ပြည်တွင်း၌ ဖြစ်ပွားမှု၇,၇၁၁ နှင့် ဇန်နဝါရီ ၂၉ တိုင်းပြည် ၁၈ခု၌ ၈၃ခု ရှိသည်ဟု သက်သေများဖြင့် ညွှန်းဆိုခဲ့ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုရိုနာဗိုင်းရစ်ဆန်း(2019-nCoV)ကို နိုင်ငံတကာစိုးရိမ်မှု၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ(Public Health Emergency of International Concern)ကြေညာခဲ့သည်။[349]
ရောဂါကူးစက်ခြင်းနှင့် သိရှိနိုင်ခြင်းကြား ၁၀ရက်နောက်ကျသည်ဟူယူဆမှု၊ ထုတ်ပြန်ထားသော ရောဂါဖြစ်ပွားမှုများအပေါ်အခြေခံ၍ Northeastern University နှင့် Imperial College Londonမှ သုသေသနပညာရှင်များက တစ်ကယ့်အရှိကူးစက်မှုအရေအတွက်သည် သတင်းထုတ်ပြန်သောအချိန်၌ အတည်ပြုသည့်အရေအတွက်ထက် ၁၀ဆပိုမိုများပြားနိုင်လောက်သည်ဟု တွက်ချက်ခန့်မှန်းကြသည်။ Imperial Collegeက ဇန်နဝါရီ ၂၁လောက်၌ အတည်ပြုဦးရေ ၄၄၀အပေါ် ၄,၀၀၀ဟု ခန့်မှန်းပြီး Northeastern Universityက ဇန်နဝါရီ ၂၆လောက်တွင်၂၁,၃၀၀ကူးစက်မှု၊ ဇန်နဝါရီ ၂၇လောက်တွင် ၂၆,၂၀၀ထိမြင့်တက်သော တွက်ချက်မှု(with a confidence of 95% within the interval 19,200–34,800)စသဖြင့် အသီးသီးခန့်မှန်းတွက်ချက်ခဲ့ကြသည်။[350][351][352] ၂၀၂၀ ဇန်နဝါရီ ၃၀၊ Lancet၏ ထုတ်ဝေမှု ဆောင်းပါးတစ်ခုတွင် ၂၀၂၀ ဇန်နဝါရီ ၂၅နေ့စွဲ၌ တစ်ဦးတစ်ယောက်ချင်းကူးစက်မှုပေါင်း ၇၅,၈၁၅ခုရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။[353]
ပြင်းထန်အဆုတ်ရောင်ရောဂါ(severe pneumonia")အဖြစ် သံသရှိဖွယ်ဖြစ်ပွားမှုများကို မှားယွင်းစစ်တမ်းထုတ်မည့်အစား ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုများကို မှန်မှန်ကန်ကန်ထောက်လှမ်းနိုင်ရန် ဆေးရုံများအတွက် ဤရောဂါဖြစ်ပွားမှုဒေသများ၌ လုံလောက်သော ကျန်းမာရေးဝန်ထမ်းများ၊စက်ကိရိယာများ ရရှိနိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများလည်းရှိကြသည်။[354][355][356] ရောဂါလက္ခဏာကြုံတွေ့ရသော အမြောက်အမြားကို ကွဲပြားသောရောဂါလက္ခဏာများရှိသော လူနာများနှင့်အနီးကပ်ထိတွေ့မှုကိုရှောင်ရှားနိုင်ရန် ဆေးရုံများသို့သွားမည့်အစား အိမ်၌ပင် (ကူးစက်မှုကိုမပြန့်ပွားစေရန်)ရောဂါခြေချုပ်သဘောမျိုးဖြင့်နေထိုင်ရန် ပြောဆိုခဲ့သည်။[357] ဇန်နဝါရီနှောင်းပိုင်းတွင် ဝူဟန်မှ ဂျပန်သို့ နိုင်ငံသားပြန်လည်ခေါ်ဆိုသည့် လေကြောင်းခရီးစဉ်နှစ်ခုတွင် အနီးစပ်ဆုံးအနေဖြင့် ပြန်လည်ခေါ်ခဲ့သော လူ (၄၀၀)၌ ၅ယောက်မှာ ဤဗိုင်းရပ်စ်ပိုးရှိသည်ဟု စစ်တမ်းထုတ်နိုင်ခဲ့ပြီး၊ တစ်ဦးမှာ ရောဂါလက္ခဏာပြ၍ ကျန်လေးဦးမှာ ရောဂါလက္ခဏာမပြသခဲ့ပါ။ [358]
ရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်းများပါဝင်နိုင်ပြီး[11][360] လက္ခဏာမှာ ခပ်ပျော့ပျော့မှသည် အလွန်ပြင်းထန်ခြင်းသို့ ပြောင်းလဲနိုင်သည်။[11][360] ပြင်းထန်သောကူးစက်မှုများသည် အဆုတ်ရောင်ရောဂါ၊ ကျောက်ကပ်ပျက်ဆီးခြင်းနှင့် သေဆုံးခြင်းများကို ဖြစ်စေနိုင်သည်။[361][362] အပေါ်ပိုင်းအသက်ရှုလမ်းကြောင်းရောဂါလက္ခဏာများဖြစ်သည့် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းတို့မှာ အဖြစ်နည်းပါးသည်။[44][51]
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ရောဂါစတင်ထိတွေ့မှုမှ ရောဂါလက္ခဏာစပြသသည့် ရောဂါပျိုးချိန်(incubation period)ကို(၂) ရက်မှ (၁၀)ရက်ခန့်ဟု ခန့်မှန်းတွက်ချက်ထားကာ[363] အမေရိကန်ပြည်ထောင်စုရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာန(Centers for Disease Control and Prevention -CDC)က ၂ရက်မှ ၁၄ရက်ဟုခန့်မှန်းတွက်ချက်ကြသည်။[9] ပထမဆုံးအတည်ပြုဖြစ်ပွားမှု(၄၁)ခုအား ဝူဟန်ဆေးရုံများသို့တင်ခဲ့ရာ (၁၃ဦး - ၃၂%)မှာ တစ်ခြားသောနာတာရှည်ရောဂါများ : ဆီးချို၊သွေးတိုး ကိုခံစားနေခဲ့ရသည်။ ခြုံငုံကြည့်လျှင် (၁၃ဦး - ၃၂%)မှာ အထူးစောင့်ကျပ်ဂရုစိုက်မှုလိုအပ်ပြီး (၆ဦး - ၁၅%)မှာ သေဆုံးခဲ့၏ ။[44] သေဆုံးသူအများမှာ ၎င်းတို့၏ကိုယ်ခံစွမ်းအားစနစ်ကို အနှောင့်အယှက်ပေးသော အသက်ရွယ်ကြီးမြင့်မှု(advanced age)၊ သွေးတိုး(hypertension)၊ နှလုံး(cardiovascular disease)စသဖြင့် အခြေနေများရှိခဲ့ကြသည်။[364]
ရောဂါကူးစက်ခံထားရသောသူမှ ၃ ပေ (၀.၉၁ မီတာ) မှ ၆ ပေ (၁.၈ မီတာ)အတွင်း ချောင်းဆိုး၊နှာခြေသောအခါ ထုတ်လွှတ်လိုက်သော လေထဲက (အရည်)စက်ကလေးများမှတဆင့် ကိုရိုနာဗိုင်းရပ်စ်များသည် အဓိကအားဖြင့် ပျံ့နှံ့ကြသည်။[365][366][367]. မစင်မှ ပါးစပ်သို့ကူးစက်ခြင်းနည်း(fecal-oral transmission)မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်သည်။[368]
မူလအစဖြစ်ပွားသူ (၄၁)ယောက်အနက် သုံးပုံနှစ်ပုံမှာ ဟွမ်းနန်ပင်လယ်စာလက်ကားဈေးကြီးနှင့် ထိတွေ့ခဲ့သည့် မှတ်တမ်းလည်းရှိသည်။[44]
အလွန်လျင်မြန်ကူးစက်နိုင်သူတစ်ဦး(super-spreader)က ကျန်းမာရေးဝန်ထမ်း ၁၄ဦးကို ရောဂါကူးစက်စေခဲ့ကြောင်း သတင်းထုတ်ပြန်မှုများလည်းရှိခဲ့သည်။ ၂၀၂၀ ဇန်နဝါရီ ၂၅၊ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးအကြီးအကဲ (Chinese Center for Disease Control and Prevention) ကောင်းဖူ(Gao Fu)၏ ရှင်ဟွာသတင်းဌာန (Xinhua News Agency)သို့ ကြေညာပေးမှုတွင် "ယခုပြောဆိုနေသည့်ပုဂ္ဂိုလ်သည် လူနာဆောင်မြောက်မြားစွာသို့ရွှေ့ပြောင်းခဲ့ခြင်းကြောင့် အလွန်လျင်မြန်ကူးစက်နိုင်သူတစ်ဦး(super-spreader)အဖြစ်စဉ်းစားသင့်သည်" ဆိုခြင်းကို ငြင်းဆိုခဲ့သည်။[369] မည်သို့ပင်ဆိုစေကာမူ ထိုနေ့အစောပိုင်း (တရုတ်သတင်းဝန်ဆောင်မှုလုပ်ငန်းမှ အခြားတရားဝင်သတင်းဌာနဖြစ်သော)"China Newsweekက ပီကင်းတက္ကသိုလ်(Peking University)က ကျွမ်းကျင်ပညာရှင်တစ်ဦးကို ကိုးကား၍ ဤသို့ဆိုသည်။ "အထက်တွင်ရည်ညွှန်းခဲ့သည့်လူနာကို super-spreaderအဖြစ်စဉ်းစားသင့်ကြောင်း၊ ထိတွေ့ဆက်ဆံခဲ့ရသည့် ဝန်ထမ်းများကို ကောင်းစွာကာကွယ်မှုမပေးနိုင်သော ဆေးရုံများကို ဝေဖန်ခဲ့သည်။ China Newsweek က အဖျားရောဂါဆောင်ကသူများမှလွဲပြီး ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပေးသူများတွင် အကာအကွယ်အတွက် မျက်နှာကာတစ်မျိုးတည်းရှိခြင်းကိုပြောဆိုလျှက် အစိုးရ၏ စိစစ်ဖြတ်တောက်ခြင်းများကိုဝေဖန်ပြစ်တင်ခဲ့သည်။[370]
လူများကြား ဤဗိုင်းရပ်စ်ပျံ့နှံ့မှုသည် "တချို့ကူးစက်ခံသူများမှ တစ်ခြားသူများသို့ရောဂါကူးစက်ခြင်းများ မရှိသော်လည်း တချို့သောကူးစက်ခံသူများသည် လူတချို့သို့ ရောဂါကူးပြောင်းပို့ဆောင်နိုင်ခဲ့ကြောင်း"စသည်များနှင့်အတူ အပြောင်းအလဲများစွာရှိသည်။[53] အရေအတွက် 2.13မှ [372] 3.11[373]နယ်ပယ်အတွင်းရှိသော အခြေခံရောဂါပျံ့နှံ့ကူးစက်မှုအရေအတွက်(basic reproduction number)အား မြောက်မြားစွာဖြင့်ခန့်မှန်းတွက်ချက်ထားကြလေသည်။ ဤကိန်းဂဏန်းမှာ အသစ်ကူးစက်ခံခဲ့ရသောပုဂ္ဂိုလ်တစ်ဦးက ယခုရောဂါပိုးကို လူဘယ်လောက်များများဆီသို့ ဖြန့်ဝေနိုင်ခြေရှိသည်ကို ဖော်ပြခြင်းဖြစ်ပေသည်။ ဤကိုရိုနာဗိုင်းရက်စ်အသစ်သည် ယခုကာလအထိ ကွင်းဆက်သဘောအနေဖြင့် လူလေးဦးအထိ ကူးပြောင်းနိုင်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်လေသည်။[374] ဤအချက်ကား ဆားစ်ရောဂါပိုး (SARSCoV) နှင့် ခပ်ဆင်ဆင်တူသည်။[375]
ကိုရိုနာဗိုင်းရပ်စ်ဆန်း(2019-nCoV)အား လူသားများထံသို့ကူးပြောင်းပို့ဆောင်သည့် သဘာဝတောရိုင်းရောဂါပိုးသိုမှီးတည်ရှိရာ(natural wildlife reservoir of the 2019‐nCoV)နှင့် ကြားကပို့ဆောင်ပေးသည့်သူ(intermediate host)ကို ယခုထိအတည်မပြုနိုင်သေးပေ။[376] သို့သော်လည်း ဖြစ်နိုင်ခြေရှိသည့် ဗိုင်းရပ်စ်၏မူလရင်းမြစ်မှာ လင်းနို့ပင်ဖြစ်သည်။[50] ထိုဈေးကြီးမှ စစ်ဆေးရန်နမူနာယူထားသော တိရစ္ဆာန်မျိုး ၅၈၅ အနက် ၃၃မျိုးမှာ 2019-nCoVရှိကြောင်း အထောက်အထားပြသည်။[377]
၂၃ ဇန်နဝါရီ ၂၀၂၀က ထုတ်ဝေသော နောက်ဆုံးအခြေနေဖော်ပြ ကြိုတင်စာတမ်း(preprint)ကို ဟူပေ့ခရိုင်ရောဂါထိန်ချုပ်တားဆီးရေးဌာန၊တရုတ်သိပ္ပံအကယ်ဒမီတက္ကသိုလ်၊ ဝူဟန်ကျင်းရင်တန်ဆေးရုံ၊ ဝူဟန် ဗိုင်းရပ်စ်ပိုးပညာရပ်တက္ကသိုလ်မှ အဖွဲ့ဝင်များကလုပ်ဆောင်ခဲ့ကြပြီး အဆိုပါ ကြိုတင်စာတမ်းတွင် အကြံပြုသည်မှာ ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်ဆန်း၏ဇစ်မြစ်မှာ လင်းနို့ဖြစ်နိုင်ကြောင်း၊ nCoV-2019သည် ၂၀၁၃တွင် ခွဲခြားဖော်ပြနိုင်ခဲ့သော လင်းနို့ကိုရိုနာဗိုင်းရပ်စ်နှင့် genomeအဆင့်တန်း ၉၆%အထိတူညီနေကြောင်းပါရှိသည်။[378]
ကွမ်းရှီ တရုတ်ရိုးရာဆေးပညာတက္ကသိုလ်(Guangxi Traditional Chinese Medical University)၊ ပီကင်းတက္ကသိုလ်(Peking University)၊ နင်းဘိုတက္ကသိုလ်(Ningbo University)၊ ဝူဟန် ဇီဝပိုင်းဆိုင်ရာအင်ဂျင်နီယာကောလိပ်တို့ကလည်း ရှေ့တစ်ရက်က ထုတ်ပြန်မှုတစ်ခုပြုလုပ်ခဲ့ကြရာ ထိုအထဲတွင် မြွေမျိုးစိတ်နှစ်မျိုး၊ သင်းခွေချပ်၊ ဖြူး၊ ကြက်၊ လင်းနို့၊လူသားတို့၌ရှိသော 2019-nCoV ပိုး၏ codon usage biasတို့ကိုနှိုင်းယှဉ်ခဲ့ကြပြီး [379] လူသားဆီသို့ကူးစက်နိုင်သော 2019‐nCoVပိုးအတွက် ဖြစ်နိုင်ခြေအရှိဆုံး ရောဂါပိုးသိုမှီးရာတောရိုင်းကောင်မှာ မြွေဖြစ်သည်ဟု ကောက်ချက်ချအဆုံးသတ်းထား၏ ။[379][380][381] ဤအဆိုအား ကျယ်ပြန့်စွာ ငြင်းခုံခဲ့ကြရာ : တချို့က ရောဂါပိုးသိုမှီးရာဌာနေကား လင်းနို့ပင်ဖြစ်ရမည်။ ကြားဖြန့်ဝေသူပွဲစားကောင်မှာ ငှက် (သို့) သွေးနွေးသတ္တဝါကောင်တစ်မျိုးဖြစ်သည်ဟုဆိုရင်း မြွေမဟုတ်၊ မြွေကား လူတို့နှင့်မတူသည့် ကိုယ်တွင်းအပူချိန်တက်/ကျ များသည့်သတ္တဝါ(poikilotherm)ဟုဆိုကြသည်။[382][382][383] တစ်ဖက်တွင်လည်း အခြားသူများက ဆားစ်ရောဂါ၊မားစ်ရောဂါတို့၏ codon usage biasနှင့် recombination(မျိုးရိုးဗီဇဆိုင်ရာအပိုင်းများပြန်လည်စီစဉ်မှု (Genetic termဖြစ်သဖြင့် ပညာရပ်ဆိုင်ရာသိရှိသူများမှ ဘာသာပြန်ပေးလျှင်ပိုကောင်း၏ ။ ) အချက်အလက်များကိုသုံး၍ အထက်ပါမြွေဟုဆိုသော အကြောင်းပြချက်ကို ငြင်းဆိုကြသည်။ ဖော်ပြထားသော recombination eventမှာ မြွေအစား လင်းနို့တွင်ဖြစ်နိုင်ခြေရှိသည်။[384] 2019-nCoV နှင့်ပတ်သက်၍ သက်ရှိများဆင့်ကဲတိုးတက်မှု၊ မျိုးစိတ် (သို့) အုပ်စုများကွဲပြားလာခြင်းဆိုင်ရာ (Phylogenetic)လေ့လာမှုများက ဤဗိုင်းရပ်စ်ပိုး၏ ဆင့်ကဲပြောင်းလဲမှုသမိုင်း၊ တစ်ခြားသက်ရှိများနှင့်ဆက်နွယ်မှုတို့ကို စစ်ဆေးခဲ့ကြသည်။ လူကိုကူးစက်နိုင်သော ကိုရိုနာဗိုင်းရပ်စ်မိသားစု၏ သတ္တမမြောက်အဖွဲ့ဝင်အဖြစ် ဤဗိုင်းရပ်စ်သည် SARS-CoVနှင့် ၇၅%-၈၀% အထိ (genome sequence)တူကြပြီး၊ လင်းနို့ကိုရိုနာဗိုင်းရပ်စ်တချို့(bat coronaviruses)နှင့် ပို၍ပင်တူညီမှုရှိသည်ဟု ထုတ်ပြန်ထားသည်။[49][50] ကိုရိုနာဗိုင်းရပ်စ်ဆန်း၏ genomes ငါးခုကို သီးသန့်ခွဲထုတ်ကာ သတင်းထုတ်ပြန်ပေးခဲ့ကြသည်။[385][386][387] ဤအချက်ကပြသသည်မှာ တစ်ခြားသိထားသော SARS-CoV၊MERS-CoVများနှင့် မျိုးရိုးဗီဇအားဖြင့်ကွာဝေးသည်။[385] SARS-CoVကဲ့သို့ပင် ၎င်းမှာ (Betacoronavirus Beta-CoV) lineage B မျိုးရိုးအနွယ်၏ အဖွဲ့ဝင်ဖြစ်သည်။[388]
Domenico Benvenuto et al.၏ သုံးသပ်အစီရင်ခံစာက မျိုးရိုးဗီဇဘဏ်မှ 12 highly similar whole genome sequences၊ 12 whole genome sequences of 2019-nCoV၊ 15 available whole genome sequence of 2019-nCoVတို့မှ ပြုလုပ်ထားသော မျိုးရိုးဗီဇမျိုးနွယ်ပြဇယား(phylogenetic tree) ကို ဖော်ပြခဲ့သည်။ Genomic analysis shows that the Nucleocapsid and the Spike Glycoprotein have some sites under positive selective pressure. Homology modeling indicated certain molecular and structural differences among the viruses. The phylogenetic tree showed that 2019.nCoV significantly clustered with a Bat SARS-like Coronavirus sequence, whereas structural analysis revealed mutations in Spike Glycoprotein and nucleocapsid protein. The authors concluded 2019-nCoV is a coronavirus distinct from SARS virus that probably was transmitted from bats or another host that provided the ability to infect humans.[389]
၂၀၂၀ ဇန်နဝါရီ ၁၅၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က 2019-nCoVအတွက်စစ်ဆေးရန်အတွက် ဆေးပညာပိုင်းဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို ထုတ်ပြန်ခဲ့သည်။[390] ယင်းထုတ်ပြန်ခြင်းပြီးကတည်းကလည်း တစ်ခြားဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တချို့ကိုလည်း အဆိုပြုခဲ့ကြပြီး WHO ကထုတ်ဝေပေးခဲ့သည်။[391] စမ်သပ်မှုများတွင် real time "reverse transcription-polymerase chain reaction" (rRT-PCR) ကိုအသုံးပြုသည်။ [392] အထက်ပါစမ်းသပ်မှုကို အသက်ရှုလမ်းကြောင်း နှင့် သွေးနမူနာများတွင် လုပ်ဆောင်နိုင်သည်။[393] ရလဒ်များကို ယေဘုယျအနေဖြင့် နာရီအနည်းငယ်မှသည် ရက်ပိုင်းအတွင်းရနိုင်သည်။[394][395]
ကူးစက်မှုကို တားဆီးရန် ဆောင်ရွက်ရမည့်အစီအစဉ်များမှာ လူမှုယဉ်ကျေးမှုများကြား ဆေးပညာပိုင်းဆိုင်ရာခံယူချက် ယေဘုယျကွဲပြားမှုများနှင့် အကျိုးသက်ရောက်စေသောရောဂါထိတွေ့ခြင်းများရှိသော တစ်ဦးတစ်ယောက်ချင်း၏ ရောဂါကူးစက်ခြင်းအားခံနိုင်ရည်ရှိ/မရှိပေါ်တူကာ အပြောင်းလဲများစွာရှိမည်။ ယေဘုယျအကန့်အသတ်ပုံစံဖြင့် တရားဝင်အကြံပြုထားခြင်းများမှာ တစ်ကိုယ်ရေသန့်ရှင်းမှု၊ လက်ကို ပုံမှန်ဆေးကြောခြင်းများလုပ်ရန် တောင်ဆိုချက်များပါဝင်သည်။ ကူးစက်ခံရပြီဟု ကိုယ်တိုင်သံသယရှိသူများကို ဆေးရုံသုံးမျက်နှာအကာ(surgical mask)သုံးရန်၊ ဆေးပညာအကြံဉာဏ်အတွက် ဆရာဝန်တစ်ဦးအားခေါ်ဆိုရန်ဖြစ်သည်။[396][397] နိုင်ငံအမြောက်အမြားက အကြံပေးချက်အဖြစ် တရုတ်ပြည်မရှိ ဟူပေ့ခရိုင် (သို့) ဝူဟန်မြို့သို့မသွားရန် တပ်လှန့်ထားပြီးလည်းဖြစ်သည်။[23]
ဟောင်ကောင်အစိုးရအဖွဲ့ကလည်း ပြည်သူများအား တစ်ကိုယ်ရေသန့်ရှင်းရန်၊ လက်နှစ်ဖက်စလုံး သန့်ရှင်းစေရန် ညွှန်ကြားခဲ့ကြသည်။ မြို့ပြင်ပသို့ ခရီးထွက်သူများကို တိရစ္ဆာန်များအားမထိတွေ့ရန်၊ အမဲလိုက်အသားများ (Game or hunting meat)မစားရန်၊ ကုန်စိမ်းဈေး (wet markets)များ၊ ကြက်/ငှက်အရှင်များရောင်းသောဈေးများ(live poultry markets)၊ တိရစ္ဆာန်ခြံများ(farms)သွားခြင်းမပြုရန် နောက်တိုးသတိပေးထားသည်။ ကူးစက်ခံရသည်ဟု သံသယရှိလျှင် မျက်နှာအကာဝတ်ဆင်ရန်နှင့် ဆရာဝန်ကို ဖုန်ဆက်ခေါ်ဆိုရန်လည်းပါသည်။[396] စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက လက်ကိုမှန်မှန်ဆေးကြောခြင်းကဲ့သို့ တကိုယ်ရေသန့်ရှင်းရေးအကျင့်ပြုရန် တောင်းဆိုသည်။[398] နေမကောင်းဖျားနာလျှင် မျက်နှာအကာဝတ်ရန်နှင့် ဆရာဝန်ထံသို့ ချက်ချင်းသွားရောက်ရန်လည်းအကြံပြုသည်။[397] WHOမှလည်း လက်ကိုမှန်မှန်ဆေးကြောခြင်း၊ ချောင်းဆိုး၊နှာခြေလျင် ပါးစပ်၊နှာခေါင်းကို ကာထားခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာရှိ(ပြသ)သူများ(ဥပမာ - ချောင်းဆိုး၊ နှာခြေ)နှင့် ထိတွေ့ခြင်းကို ရှောင်ရှားရန်တို့ပြုရန် လမ်းညွှန်သည်။[385]
ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရန် "လက်ဆေးခြင်း"ကို တရားဝင်အကြံပြုထား၏ ။ CDCဌာနများက :
CDCဌာနများ၊ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် WHOတို့က တစ်ဦးတစ်ယောက်ချင်းဆီကို ပါးစပ်၊ နှာခေါင်း၊မျက်လုံးများကို ဆေးထားခြင်းမရှိသော လက်များနှင့် မထိတွေ့ရန်ဖြစ်သည်။[399][400][401]
ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ခွဲစိတ်ခန်းသုံး မျက်နှာအကာဝတ်ဆင်ရန် (အထူးသဖြင့် လူရှေ့ထွက်သည့်အခါ)လိုအပ်ပြီး ကျန်းမာရေးဆိုင်ရာလမ်းညွှန်မှုအတွက် ဆရာဝန်တစ်ဦးကိုခေါ်ဆိုရန်ဖြစ်သည်။[396][397][402] ချောင်းဆိုး၊နှာခြေ၊စကားပြောရာ၌ လေထဲသို့လွင့်စဉ်သွားသော အရည်စက်ကလေးများ၏ ပမာဏ၊ အကွာအဝေးကို ကန့်သတ်ခြင်း၌ မျက်နှာအကာများသည် ကူးစက်ပြန့်ပွားမှုကိုလျှော့ချရာ၌ ပြည်သူ့ကျန်းမာရေးအကျိုးအတွက် အထောက်အကူဖြစ်နိုင်သည်။.[403]
မျက်နှာအကာမရနိုင်လျှင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာရှိသူသည် ချောင်းဆိုး၊နှာခြေလျင် တစ်ရှူးဖြင့်ကာရန်၊ ချက်ချင်းဆိုသလို ထိုတစ်ရှူးအား အမှိုက်ပုံးထဲသို့လွှင့်ပစ်ရန်၊ လက်ဆေးရန်တို့ဖြစ်သည်။ တစ်ရှူးမရှိပါက ပါးစပ်နှင့် နှာခေါင်းကို ကွေးထားသော တံတောက်ကွေးဖြင့်ကာရန်တို့ဖြစ်သည်။[400]
ရောဂါရှိကောင်းရှိနိုင်သောသူများကို စောင့်ရှောက်ကုသသောသူများအဖို့ မျက်နှာအကာဝတ်ဆင်ရန် တရားဝင်အကြံပြုထားသည်။[402] နှာခေါင်းဆေးခြင်း၊ ခံတွင်းသန့်ဆေးရည်များဖြင့် ပလုတ်ကျင်းခြင်း၊ ကြက်သွန်ဖြူစားခြင်းမှာ ထိရောက်မှုမရှိပါ။[404]
မျက်နှာအကာက ရောဂါကူးစက်ခြင်းမခံရသောသူများအား ကာကွယ်ပေးနိုင်သည်ဆိုခြင်းကို ပြသရန်မူကား သက်သေအထောက်အထားမရှိသေး၍ ဝတ်ဆင်ခြင်းသည် မိမိကိုယ်လုံခြုံလှပြီဟု မှားယွင်းသောအထင်အမြင်တစ်ခု ဖြစ်သွားစေနိုင်၏ ။[402] ဟောင်ကောင်၊[405] ဂျပန်၊[406] စင်္ကာပူ၊[407][408] မလေးရှား[409] တို့၌ ကျန်းမာရေးကောင်းသောသူများကပင် ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်နေလျက် ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက မျက်နှာအကာသုံးစွဲခြင်းနှင့်ပတ်သက်၍ အောက်ပါဆောင်ရွက်ချက်များမှာ အကောင်းဆုံးဖြစ်သည်ဟု အကြံပြုထားသည်။:[402]
ရောဂါရှိသူကို တိုက်ရိုက်ကုသဆက်ဆံနေရသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အသက်ရှူကိရိယာ(respirators)ကိုသုံးရန် အကြံပြုထားသည်။ ထို့အတူ အကာကွယ်ပေးနိုင်သော NIOSH certified N95၊ EU standard FFP2 သို့ အလားတူပစ္စည်း၊ personal protective equipmentများ (အဝတ်၊ မျက်မှန်အလုံ စသည်) တို့ကိုလည်းအသုံးပြုရန်လမ်းညွှန်ထားသည်။[402][410]
လူမှုဆက်ဆံထိတွေ့မှု လျှော့ချရာ၌ ရောဂါပျံ့နှံ့မှုကို နှေးကွေးစေရန် ရည်ရွယ်သည့် ရောဂါထိန်းချုပ်ခြင်း လုပ်ဆောင်ချက်များပါဝင်သည်။ တစ်ဦးတစ်ယောက်ချင်း နီးကပ်စွာထိတွေ့မှုကို အနည်းဆုံးဖြစ်စေရမည်။ နည်းလမ်းများတွင် ခြေချုပ်ကန့်သတ်ခြင်း၊ ခရီးသွားတင်းကြပ်ခြင်း၊ ကျောင်း၊ အလုပ်ခွင်၊ အားကစားရုံ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဈေးများ ပိတ်ခြင်းတို့ပါဝင်သည်။ လူမှုဆက်ဆံထိတွေ့မှု လျှော့ချခြင်းတွင် နေအိမ်၌နေထိုင်ခြင်း၊ ခရီးသွားမှု ကန့်သတ်ခြင်း၊ လူစုလူဝေးနေရာများကို ရှောင်ကြဉ်ခြင်း၊ လက်ဆွဲမနှုတ်ဆက်ခြင်း၊ အခြားသူများနှင့် ကိုယ်ခန္ဓာထိတွေ့မှု ရှောင်ကြဉ်ခြင်းတို့ပါဝင်သည်။[411][412][413] ယခု၌ အစိုးရများသည် ထိုရောဂါဖြစ်ပွားသောနေရာဒေသများ၌ လူမှုဆက်ဆံထိတွေ့မှု လျှော့ချခြင်းကို ဥပဒေထုတ်ပြန်ခြင်း (သို့) တရားဝင်အကြံပြုခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။[414][415][416]
အသက်အရွယ်ကြီးသော လူကြီးသူမများ၊ နာတာရှည်ရောဂါခံစားနေရသော လူနာများသည် ပို၍ဆိုးရွားသော ရောဂါအန္တရာယ်ကို ရင်ဆိုင်ရပြီး ၎င်းတို့ကို အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး (CDC)က ရောဂါဖြစ်ပွားလျက် ရှိသောနယ်ပယ်ဒေသများတွင် လူစုလူဝေးများကို ရှောင်ရှားရန်၊ မိမိနေအိမ်၌သာ ဖြစ်နိုင်သမျှနေထိုင်ရန် အကြံပြုပြောဆိုထားသည်။[417]
၂၀၂၀ ဇန်နဝါရီ ၂၃၊ ဝူဟန်၌ ဗိုင်းရပ်စ်အားဝူဟန်အပြင်သို့ ရောက်ရှိခြင်းမှတားဆီးရန် အတွင်း/အပြင်ခရီးသွားခြင်းခြေချုပ်ကို ပြဋ္ဌာန်းခဲ့သည်။ ဝူဟန် အတွင်း/အပြင်သွားလာနေသော ရထား၊လေယာဉ်၊ ပြည်သူ့ပို့ဆောင်ရေးဘက်စ်ကားများ၊ မြေအောက်ရထား၊ အဝေးပြေးကားများကို နောက်ထပ်ကြေညာချက်မထုတ်မချင်း ရပ်ဆိုင်းခဲ့သည်။ ကြီးမားသည့်စုဝေးခြင်းများ၊ အုပ်စုဖွဲ့ လည်ပတ်သွားလာခြင်းများကိုလည်း ဆိုင်းထားခဲ့ကြသည်။[418] ၂၀၂၀ ဇန်နဝါရီ ၂၄၊ ဟူပေ့ခရိုင်အတွင်းရှိ ဝူဟန်မြို့အပါအဝင် စုစုပေါင်း(၁၅)မြို့ကို အလားတူခြေချုပ်လုပ်ဆောင်မှုများကို အကောင်ထည်ဖော်သည်။[19] ထို့ကြောင့် ရှန်းရန် (Xiangyang)နှင့် Shennongjia Forestry Districခရိုင်တို့မှလွဲ၍ ဟူပေ့ခရိုင်တစ်ခွင်လုံးသည် ခြေချုပ်ချခြင်းအနေထားတွင်ရှိပေသည်။
ထိုခြေချုပ်လုပ်ဆောင်မှုများကြောင့် လောင်စာ၊ အစားအသောက်၊ လိုအပ်သောပစ္စည်းများကို အလျှင်အမြန်ဝယ်ယူလှောင်ကြသည်။ ကုန်ဈေးနှုန်းရုတ်ခြည်းဆိုသလို သိသိသာသာတက်သွားခဲ့၏ ။[419][420][421] ကျန်းမာရေးဝန်ထမ်းများကိုလည်း ခြေကျင်ခရီးနှင့် ကိုယ်ပိုင်ကားသာ အသုံးပြုရန်ကန့်သတ်သောကြောင့် သွားလာရေးခက်ခဲမှုများကြုံတွေ့ရသည်။[422] တက္ကစီနှင့် ပုဂ္ဂလိကအငှားယာဉ်များက ၎င်းတို့ကို သွားမည့်နေရာကို သိရှိပါက ရှောင်ရှားကြသည်။[422] ဝူဟန်မြို့တွင် လူ(၅)သန်းထွက်ခွာခဲ့၍ လူ(၉)သန်းကျန်ရှိသည်။[423]
ဝူဟန်၌ တစ်ရက်တာစစ်ဆေးပေး၍ ဟောင်ကောင်သို့ပြန်သွားသော ကျန်းမာရေးအထူးပညာရှင်များပါဝင်သည့် အဖွဲ့များနှင့်အတူ ရောဂါကူးစက်ပြန့်ပွားခြင်း၊ထိန်းချုပ်ကာကွယ်ခြင်းပညာရှင်၊ ဆားစ်ဗိုင်းရပ်စ်ဗေဒပညာရှင်(epidemiologist နှင့် SARS virologist) ကွမ်းရီ (Guan Yi)သည် သတင်းထောက်များကိုပြောဆိုသည်မှာ "ဝူဟန်ဖြစ်ပွားမှုသည် ဆားစ်ရောဂါဖြစ်ပွားမှုထက် အနည်းဆုံး (၁၀)ဆပိုမိုကြီးမားပြီး လူအများကို ဖြစ်နိုင်သမျှ ဝူဟန်မှရှောင်ရှားရန်တောင်းဆိုသည်။[424][425][426][427] Weiboလူမှုကွန်ယက်တွင် တင်ထားသော တချို့ ကြောင်းရာပိုင်းစ(posts)များတွင် "ဇန်နဝါရီခပ်စောစောလောက်က ဝူဟန်ဆေးရုံများတွင် အဖျားရောဂါခံစားရသောလူနာများနှင့်ပြည့်နှက်၍ အများအပြားမှာ ကြမ်းပြင်ပေါ်တွင်အိပ်စက်ခဲ့ကြရသည်"ဟု ပြသကြသည်။[428] တချို့က တရုတ်နိုင်ငံအစိုးရဆီမှ ကိန်းဂဏန်းများအပေါ်ယုံကြည်စိတ်ချရမှုနှင့် အစိုးရ၏တုံ့ပြန်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန်ကြသည်။ ခြေချုပ်ထားရန်တောင်းဆိုမှုများလည်းရှိခဲ့ကြသည်။[429] ထို့နောက် ဇန်နဝါရီ ၂၄ ၌ နာမကျန်းသောလူနာများ၊ ဆေးရုံတစ်ရုံ၏ ကြမ်းပြင်တွင် အဖြူပိတ်စဖြင့်ဖုံးထားသော အလောင်းသုံးလောင်းပုံများလည်းတင်ခဲ့ကြသည်။ သို့သော် Weiboတွင် အဆိုပါရောဂါပြန့်ပွားမှုအကြောင်းပါ တင်ထားသည့် ကြောင်းရာပိုင်းစများကို ဖျက်ပစ်ခဲ့သည်။[430][431]
ဇန်နဝါရီ ၂၆၊ ကွမ်တုန်းပြည်နယ်(Guangdong) ရှန်တိုးမြို့(Shantou)၌ တစိတ်တပိုင်း ခြေချုပ်စနစ်ကြေညာသည်။[432] သို့ရာတွင် ဤကြေညာချက်ကို နှစ်နာရီနောက်ပိုင်း ပြန်လည်ဖျက်ခဲ့၏ ။[433] ဤသို့လုပ်ဆောင်ခြင်းသည် ခြေချုပ်ကြေညာသည်နှင့်တပြိုင်နက် မြို့ခံများက ဈေးများသို့ အပြေးအလွှားသွားရောက်ကြကာ အစားအသောက်များလှောင်ခဲ့ကြသဖြင့် ကသောင်းကနင်းဖြစ်ခဲ့ရလေသည်။ ခြေချုပ်စနစ်ဆုံးဖြတ်ခြင်းကို မရုတ်မသိမ်းခြင်း ထိုတဟုန်ထိုး ကုန်လှောင်ခြင်းများအဆုံးမသတ်ခဲ့ပါ။ Caixinဆေးကုမ္ပဏီက ရှန်တိုးမြို့၏ ကြေညာချက်မူလ စကားအသုံးအနှုန်းသည် မကြုံစဖူးတင်းကြပ်လွန်းခဲ့သည်၊ ထိုအတိုင်းကျင့်သုံးရမည်ဆိုက မြို့ခံများ၏ ဘဝကို ဆိုးဆိုးရွားရွားထိခိုက်စေမည်ဟုဆိုသည်။ ရှန်တိုးမြို့၏ ရောဂါထိန်းချုပ်ရေးဌာနက ခရီးသွားခြင်းကို မကန့်သတ်၊ ပို့ဆောင်ရေးအတွက်သုံးသော ယာဉ်များကိုသာ ပိုးသတ်ရန်ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။[434]
ဟန်ကျိုး(Hangzhou)၊ ကွမ်ကျိုး(Guangzhou)၊ရှန်ဟိုင်း(Shanghai)၊ ရှန်းကျန်း(Shenzhen)စသည့် အဓိကမြို့ကြီးများအပါအဝင် ဘေဂျင်းမြို့တော်(Beijing)ဒေသခံအာဏာပိုင်များက ဇန်နဝါရီ ၂၆၌ "ဤမြို့များကို ဟူပေ့ခရိုင်မှ မြို့များကဲ့သို့ ခြေချုပ်ကန့်သတ်မှုမလုပ်ဆောင်"ဟု ကြေညာခဲ့သည်။ တရားဝင်ကြေညာချက်မတိုင်ခင် ဤသို့ခြေချုပ်မျိုးလုပ်ဆောင်နိုင်မည်ဆိုသော ကောလဟာလများ ပျံ့နှံ့ခဲ့ကြသေးသည်။[435] ဘေဂျင်းမြို့ မြူနီစပယ်ပို့ဆောင်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူက အဝေးပြေးကားကြီးများနှင့် အဝေးပြေးလမ်းများ၊ မြေအောက်ရထား၊ ဘက်စ်ကားများကို ပုံမှန်အတိုင်းမောင်နှင်ပြေးဆွဲမည်ဟု ဆိုသည်။ မြို့ခံများ၏ သောကကို ပြေလျှော့စေရန် ဟန်ကျိုးမြို့အစိုးရက ဤမြို့ကို ပြင်ပကမ္ဘာနှင့် ခွဲ၍ခြေချုပ်မထားဟု ဆိုခဲ့သည်။ မြို့နှစ်ခုလုံးမှာ ဖြစ်လာနိုင်သောအန္တရာယ်များမှ ကြိုတင်ကာကွယ်မှုများပြထမ်းမည်ဟုလည်း ပြောဆိုခဲ့ကြသည်။[436]
ဟူပေ့ခရိုင်နှင့် ဝူဟန်မြို့၏ ပြည်သူ့ပို့ဆောင်ရေးကို ခြေချုပ်ကန့်သတ်ထားလုပ်ဆောင်ခြင်းအကျိုးသက်ရောက်မှုများကြောင့် တိုင်းပြည်တချို့က ထိုဒေသရှိ ၎င်းတို့နိုင်ငံသားများ နှင့်/သို့ သံဝန်ထမ်းများတို့ကို နေရပ်သို့ပြန်လည်ခေါ်ယူရန် စီစဉ်ပြီးဖြစ်လေသည်။ အဓိကအားဖြင့် ထိုအိမ်ရှင်နိုင်ငံအစိုးရများကခွင့်ပြု၍ တရုတ်အာဏာပိုင်များကလည်းခွင့်ပြုချက်ပေးထားသော လေကြောင်းခရီးစဉ်များဖြင့် ခေါ်ယူရန်ဖြစ်သည်။ ဂျပန်၊အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဩစတေးလျ၊ သိရိလင်္ကာ၊ ဂျာမနီနှင့် ထိုင်းတို့သည် နိုင်ငံသားပြန်လည်ခေါ်ယူရေးအတွက်ပထမဆုံးလုပ်ဆောင်ကြသည့်နိုင်ငံများအနက်ဖြစ်လေသည်။[437][438][439][440][441][442] ပါကစ္စတန်က ၎င်းနိုင်ငံသားများကို တရုတ်ပြည်မှ နေရပ်သို့ပြန်လည်ခေါ်ယူမည်မဟုတ်ကြောင်းပြောဆိုသည်။[443]
[455] မူလခေါ်ဆိုသူ ၂၄၅ဦးအနက် ၄ဦးမှာ ဝူဟန်ကထွက်ခွာရန်ငြင်းဆန်ပြီး ၃ဦးမှာ တရုတ်ဘက်က ဆေးစစ်မှုကျဆုံးသည်။[456] သို့သော် အဆိုပါ အင်ဒိုနိုင်ငံသားများကို Natunaကျွန်းတွင်ထားရှိခြင်းကို ထိုကျွန်းရှိနေထိုင်သူများက ဆန္ဒပြခဲ့ကြပြီး လူရာပေါင်းများစွာက ဆန္ဒပြ၊ ကားတာယာများမီးရှို့ခဲ့ကြသဖြင့် လုံခြုံရေးအတွက်လည်း တပ်ဖွဲချဆောင်ရွက်ခဲ့ရသည်။[457]
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသူ/ ကျောင်းသားများအား မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရှိရသည်။[468]
ကမ္ဘာတစ်လွှားရှိ အဖွဲ့အစည်းတချို့က ကာကွယ်ဆေးများထုတ်လုပ် (သို့) စမ်းသပ်နေကြလျက် ရှိသည်။ တရုတ်တွင် တရုတ်နိုင်ငံရောဂါထိန်းချုပ် နှင့်တားဆီးကာကွယ်ရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ဆန်းအား တိုက်ဖျက်ရန် ကာကွယ်ဆေးများ စမ်းသပ်ပျိုးထောင်နေကြပြီး လက်ရှိအဆုတ်ရောင်ကာကွယ်ဆေးများကိုလည်း စစ်ဆေးစမ်းသပ်နေကြသည်။[469][470] ဟောင်ကောင်သုတေသနပညာရှင် Yuen Kwok-yungနှင့် ဟောင်ကောင်တက္ကသိုလ်အဖွဲ့ကလည်း ကာကွယ်ဆေးအသစ်ကို ဖော်စပ်ခဲ့သော်လည်း လူသားများကို မစမ်းသပ်မီ တိရစ္ဆာန်များနှင့် စမ်းသပ်ရန်လိုသေးသည်။[471] ရုရှားပြည်သူ့ကျန်းမာရေးစောင့်ကြည့်အဖွဲ့ Rospotrebnadzorကလည်း WHO ၏ တရားဝင်အကြံပြုချက်များကိုအခြေခံ၍ ကာကွယ်ဆေးထုတ်ဖော်မှုကို စတင်ခဲ့ကြသည်။[472]
အနောက်ဘက်တိုင်းပြည်များတွင် အမေရိကန် အမျိုးသား ကျန်းမာရေးတက္ကသိုလ် (NIH)က ၂၀၂၀ ဧပြီ၌ ကာကွယ်ဆေးလူသားစမ်းသပ်မှုများပြုလုပ်ရန် မျှော်လင့်ထားကြသည်။[473][474] ထို့နောက် ကိန်းဘရစ် မက်ဆာချူးဆက်အခြေစိုက် Modernaက CEPI၏ ထောက်ပံ့မှုဖြင့် mRNA vaccineတစ်မျိုးထုတ်လုပ်နေပြီး[475][476] Inovio Pharmaceuticals ကလည်း CEPIမှ ခွင့်ပြုချက်ရရှိထားကာ မျိုးရိုးဗီဇအစီအစဉ်(gene sequence)ရရှိပြီးနောက် နှစ်နာရီအတွင်း ကာကွယ်ဆေးတစ်မျိုးကို ဖော်စပ်ခဲ့လေသည်။[477] တိရစ္ဆာန်များတွင်စမ်းသပ်ရန်အလို့ငှာ ကာကွယ်ဆေးကို ထုတ်လုပ်နေကြသည်။[477] နော်ဝေး၏ Coalition for Epidemic Preparedness Innovations(CEPI)ကလည်း ကာကွယ်ဆေးလုပ်ငန်းသုံးခုကို ငွေကြေးထောက်ပံ့လျက် ရှိပြီး[478] ၂၀၂၀ ဇွန်လောက်တွင် ကာကွယ်ဆေးစမ်းသပ်မှုလုပ်ဆောင်ရန်နှင့် တစ်နှစ်အတွင်း ထောက်ခံအတည်ပြု၍ အဆင့်ဖြစ်ရန်လည်းမျှော်လင့်ထားသည်။ ဩစတေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်က CEPIမှ AU$10.6millionရရှိထားပြီး molecular clamp vaccine platformတစ်ခုဖန်တီးရန်ဖြစ်သည်။[479][480][481]No te Vacunes.
2019-nCoVအတွက် ယခု၌ ဗိုင်းရပ်စ်ကာကွယ်ဆေး/ကုသဆေးမရှိသေးပါ။ စမ်းသပ်ဖော်ထုတ်မှုများအား ပြုလုပ်နေကြသည်။[482][483] သို့သော် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများသက်သာစေရန် လုပ်ဆောင်ဖို့ဖြစ်နိုင်ပါ၏ ။ ထိုအထဲ၌ ပုံမှန်သုံးဆွဲနေကြ တုပ်ကွေးအဖျားပျောက်ဆေးဝါးများ(flu medications (over-the-counter) -ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝယ်ယူသောက်သုံးသောဆေးဝါးများ))များသုံးဆွဲခြင်း၊[484][485]အရည်များများသောက်သုံးခြင်း၊ အနားယူခြင်းတို့ပါဝင်သည်။[399] အောက်ဆီဂျင်ပေး၍ကုသသောကုထုံး(Oxygen therapy)၊ ဆေးထိုး/သွင်းကုထုံး(intravenous fluids)၊ breathing supportများလည်းလိုအပ်ကောင်းလိုအပ်မည်။[486] နိုင်ငံတချို့တွင် ပြည်သူများသည် (အထူးသဖြင့် အကယ်၍တရုတ်ပြည်မသို့ သွားရောက်ခဲ့ပါလျှင်) တုတ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများကိုသတင်းပို့ရန် လိုအပ်သည်။[487]
ဇန်နဝါရီ ၂၅၊ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့တွေ့ဆုံ၍ ကိုရိုနာဗိုင်းရပ်စ်ဆန်းတားဆီးထိန်းချုပ်ရေးဆွေးနွေးကြသည်။ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင်းပင် (Xi Jinping)က ကူးစက်ခံရသောလူဦးရေတရှိန်ထိုးမြင့်တက်လာသဖြင့် တိုင်းပြည်သည်စိုးရိမ်ရသောအခြေနေရောက်နေကြောင်းပြောဆိုသည်။[488] ညနေပိုင်းတွင် ဝူဟန်တွင် အရေးပေါ်ကိစ္စများမှတစ်ပါး ကိုယ်ပိုင်ကားသုံးဆွဲခြင်းကို ပိတ်ပင်ခဲ့သည်။[489]
ဇန်နဝါရီ ၂၆၊ ကိုရိုနာဗိုင်းရပ်စ်ဆန်းတားဆီးထိန်းချုပ်ခြင်းဦးဆောင်အဖွဲ့ကို ဝန်ကြီးချုပ် Li Keqiangခေါင်းဆောင်၍ဖွဲ့စည်းခဲ့သည်။[490] ထိုအဖွဲ့က ရောဂါဖြစ်ပွားမှုထိန်းချုပ်ရန် နှစ်သစ်ကူးပွဲတော်အားလပ်ရက်ကာလကိုတိုးမြင့်ရန်ဆုံးဖြတ်ခဲ့သည်။
ဇန်နဝါရီ ၂၇၌ ဝန်ကြီးချုပ် ဝူဟန်သို့သွားရောက်၍ ရောဂါဖြစ်ပွားကူးစက်ခြင်းဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ လမ်းညွှန်ချက်ပေးခဲ့သည်။[491]
တရုတ်ပြည်တစ်ဝှမ်းရှိ အာဏာပိုင်များက ကျောင်းများပိတ်ခြင်း၊ နွေဦးစာသင်နှစ်ဝက်ကို ရွေ့ဆိုင်းခြငး်များပြုလုပ်ခဲ့လေသည်။ ဟူပေ့ခရိုင်တစ်ခွင် မူလတန်းမှ တက္ကသိုလ်များအထိဆောင်းရာသီ ကျောင်းပိတ်ရက်ရှည်တိုးမြှင့်ခြင်းစသည်တို့ကိုလုပ်ဆောင်ခဲ့သည်။[492] ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်းရဒေသများဖြစ်သော ဟောင်ကောင်၊ မကာအိုတို့သည်လည်း ကျောင်းအစီအစဉ်နှင့်ဆက်လျှင်း၍ ညှိနှိုင်းမှုများပြုခဲ့ကြသည်။[493] မကာအိုတွင် စာကြည့်တိုက်၊ပြတိုက်တချို့ပိတ်၍ လနှစ်သစ်ကူးပိတ်ရက်ကို ပညာရေးကဏ္ဍအတွက် တိုးမြင့်ခဲ့ကြသည်။[494]
ဇန်နဝါရီ ၂၇၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိပ်တန်းအစိုးရအဖွဲ့ဖြစ်သော တရုတ်နိုင်ငံတော်ကောင်စီ၏ အထွေထွေရုံး(General Office of the State Council of China)ကလည်း လနှစ်ကူးပွဲတော်ပိတ်ရက်တိုးမြှင့်ကြောင်းနှင့် လာမည့်နွေဦးစာသင်နှစ်ဝက်(spring semester)ကို ရွေ့ဆိုင်းကြောင်းကြေညာသည်။[495]
ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ခရီးသွားကိုယ်စားလှယ်များနှင့် ကုမ္ပဏီများကို အုပ်စုဖွဲ့သွားလာခြင်းအစီအစဉ်များကို ရွေ့ဆိုင်းရန်၊ (လေယာဉ်+ဟိုတယ်)ခရီးစဉ်များကမ်းလှမ်းထားမှု ရပ်တန့်ရန်ညွှန်ကြားချက်ထုတ်ခဲ့သည်။[496][497]
ရောဂါအဖြစ်များဆုံး ဟူပေ့ခရိုင်ပြင်ပရှိ အများစုသော မြို့များ၊ခရိုင်များသည်လည်း ခရီးသွားလာခြင်းများကန့်သတ်သည်။ ဘေဂျင်းက ဇန်နဝါရီ ၂၅တွင် မြို့တွင်းဘက်စ်ကားပို့ဆောင်မှုကိုရပ်ဆိုင်းထားသည်။[498] နောက်တစ်ရက်၌ အလားတူလုပ်ဆောင်ကြသောမြို့များမှာ Shanghai, Tianjin, Shandong, Xi'an, နှင့် Sanya တို့ဖြစ်ကြသည်။[497]
၂၀၂၀ ဖေဖော်ဝါရီ ၁ တွင် ရှင်ဟွာသတင်းဌာနက ထုတ်ပြန်သည်မှာ တရုတ်ပြည်၏ ဥပဒေရုံးတော်ကြီးတစ်ခုဖြစ်သည့် Supreme People's Procuratorate(SPP) က ဥပဒေကိစ္စဆောင်ရွက်ကြသူများကို ကိုရိုနာဗိုင်းရပ်ဆန်းဖြစ်ပွားခြင်းကို ရင်ဆိုင်တိုက်ခိုက်ရန် ကောင်းမွန်သောတရားမျှတသည့်ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်သေရန်အလို့ငှာ ကျရာတာဝန်များကိုပြည့်ပြည့်ဝဝထမ်းဆောင်ရန် တောင်းဆိုညွှန်ကြားထားသည်။ တာဝန်ပျက်ကွက်သူများ၊ သတင်းအချက်အလက်ထိမ်ချန်ထားသူများတွေ့ရှိပါက ပြင်းထန်သောအပြစ်ပေးရန်တို့ပါဝင်သည်။ ကုန်ဈေးနှုန်းတက်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်စားခြင်း၊ ရောင်း/ဝယ်ဈေးကွက်ပုံမှန်ဖြစ်မှုကို နှောက်ယှက်ခြင်း၊ အတု (သို့) အရည်သွေးနိမ့်ပါးသော ကိရိယာတန်ဆာပလာများ၊ ဆေးဝါးများရောင်းချထုတ်လုပ်ခြင်းစသော စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုများအတွက် အဖိုးခပိုမိုတောင်ဆိုခြင်းများကို တားမြစ်ထားသည်။
ကျန်းမာရေးဝန်ထမ်းများကို အကြမ်းဖက်ခြိမ်းချောက်သောလူနာများ၊ စစ်ဆေးရန် (သို့) သီးခြားခွဲခြေချုပ်ထားခြင်းကို ငြင်းဆန်သောလူနာများ၊ ရောဂါကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေသောလူနာများအပါ် ဥပဒေကြောင်းအရလုပ်ဆောင်ရန် ဆော်ဩထားသည်။ အထက်ပါSPP၏ ညွှန်ကြားချက်တွင် အများပြည်သူကြောက်ရွံ့စေရန် ရောဂါပိုးနှင့်ပတ်သက်သော သတင်းအချက်အလက်များအတုပြလုပ်ခြင်း၊ ကောလဟာလဖြန့်ခြင်း၊ ဥပဒေရေးရာအကောင်အထည်ဖော်မှုကို နှောက်ယှက်ဖျက်ဆီးခြင်း၊ပြည်သူ့လုံခြုံရေးကို အန္တရာယ်ဖြစ်စေခြင်းစသည်တို့ကို ပြုလုပ်သောသူများအား ဥပဒေဖြင့်ကိုင်တွယ်ရန်၊ နိုင်ငံတော်အကာကွယ်အောက်၌ရှိသော တောရိုင်းတိရစ္ဆာန် တရားမဝင်အမဲလိုက်ခြင်းကို ပြင်းထန်စွာအပြစ်ပေးရန်၊ လတ်ဆတ်အစားသောက်နှင့် အသားငါးများကို ပိုတိုး၍စစ်ဆေးခြင်း၊ သီးသန့်ခွဲခြားထားခြင်းစသဖြင့်ပါဝင်လေသည်။[499]
၂၀၁၉ ဒီဇင်ဘာ ၃၁ မှစပြီး တရုတ်နိုင်ငံ အနီးတစ်ဝိုက်ရှိ နိုင်ငံတချို့တို့က ရွေးချယ်ခွင့်ပြုထားသောခရီးသွားများကို တင်းကျပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ [47] ယူအက်စ်၏ ရောဂါထိန်းချုပ်တားဆီးရေးဌာနများ(CDC)က "အဆင့်(၁)ခရီးသွားစောင့်ကြည့်ရေး" ကိုထုတ်ပြန်သည်။[37][500] တရုတ်၌ လေဆိပ်၊ဘူတာရုံ၊ ကားဂိတ်များတွင် အနီအောက်ရောင်ခြည် အပူချိန်တိုင်းကိရိယာများတပ်ဆင်ခဲ့ကြသည်။ အဖျားရောဂါရှိသူများကို စာရင်းသွင်း၊ မျက်နှာအကာများပေပြီး ကျန်မာရေးဆိုင်ရာနေရာဌာနများသို့ခေါ်ဆောင်ခဲ့ကြသည်။[501] Real time Reverse Transcription-Polymerase Chain Reaction (rRT-PCR) စမ်းသပ်မှုများကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များအတည်ပြုရန် လုပ်ဆောင်သည်။[502]
ရောဂါဖြစ်ပွားမှု အကျိုးဆက်အနေဖြင့် နိုင်ငံအတော်များများမှ တရုတ်နိုင်ငံသား၊ တရုတ်ပြည်သို့လတ်တလောသွားရောက်ခဲ့သူများများကို ယာယီပြည်ဝင်ခွင့်ပိတ်ပင်၍ ဗီဆာထုတ်ပေးခြင်းကိုရပ်ဆိုင်းထားသည်။[503][504][505][506][507][508][509][510][511][512][513][514]
အိမ်နီးချင်းနိုင်ငံတချို့က တရုတ်ပြည်နှင့်နယ်နိမိတ်ပိတ်ပင်ခြင်း၊ တင်းကျပ်ခြင်းများလည်းပြုလုပ်ခဲ့ကြသည်။[515] ဇန်နဝါရီ ၂၂၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC)က ၂၀၂၀ အမျိုးသမီး အိုလံပစ်ခြေစစ်ပွဲများကို ဝူဟန်မြို့မှ နန့်ကျင်းသို့ရွှေ့မည်ဟုကြေညာခဲ့ပြီး[516] ရက်အနည်းငယ်အကြာတွင် ဆစ်ဒ်နေ(Sydney)သို့ပြောင်းရွှေ့မည်ဟု ကြေညာခဲ့သည်။[517] ဝူဟန်တွင် ဖေဖော်ဝါရီ၌ ကျင်းပရန်လျာထားသော အာရှ-ပစိဖိတ် အိုလံပစ်လက်ဝှေ့ပွဲများကို ဂျော်ဒန်နိုင်ငံ Ammanမြို့သို့ပြောင်းရွှေ့ခဲ့ကြသည်။[518][519]
နိုင်ငံအတော်များများ၏ များစွာသောလေကြောင်းလိုင်းများသည် တရုတ်ပြည်ခရီးစဉ်များဖျက်သိမ်းခဲ့ကြပေသည်။[520][521] [522] တချို့နိုင်ငံများသည် တရုတ်နိုင်ငံသားများအပေါ်ထုတ်ပေးသောဗီဇာများ ခွင့်ပြုခြင်းရပ်တန့်ခဲ့ကြ၏ ။[523] [524][525][526] [503]
အောက်ဖော်ပြပါလေကြောင်းလိုင်းများသည် တရုတ်နိုင်ငံ မှသော်လည်းကောင်း၊ တရုတ်နိုင်ငံသို့သော်လည်းကောင်း လေယာဉ်ခရီးစဉ်များ လျော့ချခြင်း (သို့) ရပ်တန့်ခြင်းများလုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့မှာ:[527][528][529][530][531][532][533]
အမေရိကန်ပြည်ထောင်စု၊ ပစ်တ်စ်ဘာ့ဂ်မြို့(Pittsburgh)မှ ညီအမမြို့တော်ဖြစ်သည့် ဝူဟန်သို့ လျင်မြန်သောအကူအညီပေးရန် ကြေညာခဲ့သည်။ အကူအညီတွင် ပါနိုင်ခြေရှိသည်မှာ မျက်နှာအကာ၊ ရာဘာလက်အိပ်၊ နှင့် နောင်တွင် တွေ့ရန်ခက်ခဲမည့်ပစ္စည်းများပါဝင်သည်။[534] The University of Pittsburgh Medical Centerကလည်း အကူညီများပေးရန်ကြေညာခဲ့သည်။[535] လူသားခြင်းစာနာထောက်ထားသောအဖွဲ့ဖြစ်သော (humanitarian aid organisation Direct Relief)က FedExပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဝူဟန်ယူနီယံဆေးရုံကတောင်းဆိုထားသော လက်အ်ပ်၊ဝတ်ရုံ(gown)များအပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာအကာကွယ်သုံးပစ္စည်းများနှင့်တကွ မျက်နှာအကာ ၂သိန်းကို အရေးပေါ်လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့သည်။[536] ဘီလ်ဂိတ်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ (၅)မီလီယံလှူဒါန်းမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆တွင်ကြေညာသည်။[537] ဂျပန်နိုင်ငံမှလည်း အကာကွယ်ပစ္စည်းများ ပို့ဆောင်ပေးခဲ့သည်။[538] [539] [540] [540] မလေးရှားနိုင်ငံက ဆေးရုံသုံးလက်အိတ်များ ၁၈သန်းခန့်ပို့ဆောင်လှူဒါန်းမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။[541] ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့က ဒေါ်လာ ၁၄သန်းခန့်တန်ဖိုးရှိ ၎င်းနိုင်ငံလုပ် မျက်နှာအကာများကို သင်္ဘောဖြင့်ပို့ဆောင်လှူဒါန်းခဲ့ပေးသည်။[542] ၂၀၂၀ ဖေဖော်ဝါရီ ၁တွင် တူရကီက ကျန်းမာရေးကိရိယာများပေးပို့ခဲ့သည်။[543] ဂျာမနီနိုင်ငံမှ ဆေးရုံသုံးကာကွယ်ရေးဝတ်စုံ တစ်သောင်းအပါအဝင် များစွာသောကူညီမှုများကို ပို့ဆောင်ခဲ့၏ ။[544] ဖေဖော်ဝါရီ ၃တွင် အင်ဒိုနီးရှားလေကြောင်းလိုင်း Sriwijaya Airက ကာကွယ်ဝတ်စုံနှင့် မျက်နှာအကာ ၁၅,၀၀၀ကို လှူဒါန်းသည်။[545] ဖေဖော်ဝါရီ ၃၌ နိုင်ငံတကာလေဆိပ်(တရုတ်နိုင်ငံအပါ)များစွာက မော်နီတာဖြင့် အဖျားရောဂါစစ်ဆေးခြင်း၊ ဝူဟန်ခရီးသည်များကို သီးသန့်ခွဲ၍ ရောက်စေခြင်းစသည်တို့ကိုလည်းလုပ်ဆောင်ခဲ့ကြသည်။[546]
ရောဂါဖြစ်ပွားမှုကြီးကိုတန်ပြန်လုပ်ဆောင်ရန်နှင့် လူနာများကို သီးသန့်ခွဲထားရန် ဟိုရှန်းရှန် အထူးဆေးရုံကြီး(Huoshenshan Hospital)ကို တည်ဆောက်ပြီးဖြစ်လေသည်။ ဝူဟန်မြို့တော်အစိုးရက ၂၀၀၃ဆားစ်ရောဂါဖြစ်ပွားမှုယှဉ်၍ အဆိုပါဆေးရုံကို အမြန်ဆုံးအတိုင်းအတာဖြင့် ဆောက်လုပ်ပေးရန် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို တောင်းဆိုခဲ့သည်။[547] ဝူဟန်အာဏာပိုင်များက ၂၄ ဇန်နဝါရီတွင် ဆေးရုံကို ခြောက်ရက်အတွင်းတည်ဆောက်၍ ဖေဖော်ဝါရီ ၃တွင်ဖွင့်လှစ်ကာ ထိုဟိုရှန်းရှန်အထူးကျပ်မတ်ဆေးရုံကြီးတွင် ကုတင်တစ်ထောင်ရှိမည်ဟု ကြေညာခဲ့သည်။[548] အကျယ်အဝန်းမှာ မီတာ ၃၀,၀၀၀ (30,000 m sq) ရှိ၍ ၇ရက်အတွင်းပြီးစီးခဲ့သည့် ၂၀၀၃-ဆားစ်ရောဂါဖြစ်ပွားမှုအတွက်တည်ဆောက်ထားသော ဆေးရုံ Xiaotangshan Hospital ကို စံထားဆောက်လုပ်ခဲ့သည်။ [549][550] နိုင်ငံပိုင်မီဒီယာက အလုပ်ခွင် အမြင့်ဆုံးကာလ၌လုပ်သားဦးရေ(၇၀၀၀)နှင့် ဆောက်လုပ်ရေးစက် ယန္တယား (၃၀၀)သုံးထားကြောင်းဖော်ပြပါရှိသည်။[551] ကုတင် (၁၆၀၀)ပါ လေ့ရှန်းရှန်အထူးဆေးရုံ (Leishenshan Hospital)တစ်ခုကိုလည်း ဆောက်လုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅တွင် အာဏာပိုင်များက ကြေညာခဲ့ပြီး[552] ဆောင်ရွက်မှုများကို ဖေဖော်ဝါရီ ၆တွင် စတင်မည်။ [553][554]
၂၀၂၀ ဇန်နဝါရီ ၂၄၊ အာဏာပိုင်များကပင် ဟန်ကျိုးခရိုင်(Huangzhou District)က ဟွမ်ဂန်း(Huanggang)အဆောက်အဦးအလွတ်အား ကုတင်(၁၀၀၀)ဆန့်ဆေးရုံအဖြစ် (Dabie Mountain Regional Medical Centre)ပြောင်းလဲမည်ဟု ကြေညာသည်။[555]
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တရုတ်အာဏာပိုင်များအား ရောဂါကူးစက်မှုထိန်းချုပ်ခြင်း၊ စီမံကိုင်တွယ်ခြင်းအပေါ် ချီးမွန်း၍ WHO၏ အထွေထွေဦးဆောင်ညွှန်ကြားရေးမှူး Tedros Adhanom]က တရုတ်ပြည်၏ ရောဂါထိန်းချုပ်ရေး နည်းလမ်းများအပေါ်ယုံကြည်မှုရှိကြောင်းနှင့် ပြည်သူလူထုအား စိတ်အေးကြရန်တောင်းဆိုခဲ့သည်။[556] တရုတ်ဗဟိုအစိုးရ၏ ၂၀၂၀ဝူဟန်ခြေချုပ်လုပ်ဆောင်မှု (ခရီးသွားလာရေးပိတ်ပင်ခြင်း)သည် WHO၏ တရားဝင်အကြံပြုချက်မဟုတ်သော်လည်း ထိုလုပ်ရပ်သည် ရောဂါကို ထိန်းချုပ်နိုင်ခြင်း၏ အရေးပါသောဆောင်ရွက်ချက်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာသမိုင်းတစ်လျှောက်တွင် မကြုံဖူးသောလုပ်ရပ်ဖြစ်ဖော်ပြသွားသည်။[557]
၂၀၂၀ ဇန်နဝါရီ ၃၀၌ တရုတ်ပြည်ပြင်ပ လူအချင်းချင်းကြား ကူးစက်မှုအတည်ပြုပြီးနောက် WHO ကနေ၍ နိုင်ငံတကာစိုးရိမ်မှု၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ(Public Health Emergency of International Concern)ကြေညာခဲ့သည်။ ၂၀၀၉-ဝက်တုပ်ကွေးဖြစ်ပွားကူးစက်မှု(2009 Swine flu pandemic)မှစ၍ ယခုကြေညာချက်သည် ဆဌမမြောက်ကြေညာချက်ဖြစ်လေသည်။[28][558]
၂၀၀၃-ဆားစ်ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ခဲ့ပုံနှင့်ယှဉ်ပြီး ယခုကိုရိုနာဗိုင်းရပ်ဆန်းအား တရုတ်ပြည်၏ တုံ့ပြန်ဆောင်ရွက်မှုအား နိုင်ငံခြားတိုင်းပြည်ခေါင်းဆောင်များမှချီးကြူးခဲ့သည်။[560] အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျန်ကို "တရုတ်နိုင်ငံသည် ရောဂါပိုးကိုထိန်းချုပ်ရန် အားသွန်ခွန်စိုက်ဆောင်ရွက်နေသည်။ အမေရိကန်ပြည်ထောင်စုကထိုအားထုတ်ခြင်းနှင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်းတို့အပေါ် အသိအမှတ်ပြုကြောင်း" ၎င်းတွစ်တာ၌ ဇန်နဝါရီ ၂၄က အမေရိကန်ပြည်သူလူထုကိုယ်စားကျေးဇူးတင်ကြောင်းနှင့် အားလုံးအဆင်ပြေသွားမည်ဟု ပြောဆိုရေးသားခဲ့သည်။[561] ဂျာမန်ကျန်းမာရေးဝန်ကြီး Jens Spahnက Bloomberg TV တွေ့ဆုံမေးမြန်းခန်း၌ ၂၀၀၃-ဆားစ်ရောဂါနှင့်နှိုင်းယှဉ်၍ " အခုဒီကိစ္စက ဆားစ်ရောဂါနဲ့ အများကြီးခြားနားမှုရှိပါတယ်။ အခု တရုတ်ပြည်မှာ ပွင့်လင်းမြင်သာမှုအများကြီးရှိနေပါတယ်။ တရုတ်ပြည်၏ ဆောင်ရွက်မှုတွေဟာ ပထမဆုံးနေ့ရက်များကစ အကျိုးရှိခဲ့ပါတယ်။ ရောဂါပိုးကိုကိုင်တွယ်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်၊ဆက်သွယ်မှုများကိုလည်းချီးမွမ်းခဲ့သည်။[562][563]
ဗာတီကန်မြို့တော်၊ စိန့်ပီတာရင်ပြင် တနင်္ဂနွေလူထုပွဲ၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရောဂါသည်များအတွက် ဆုတောင်းခဲ့ပြီး တရုတ်လူမှုအသိုင်းဝိုင်းကို ချီးကျူးပြောဆျုခဲ့သည်။[564]
ဝူဟန်မြို့နှင့် ဟူပေ့ခရိုင် ဒေသအစိုးရအပေါ် ရောဂါအစပိုင်းဖြစ်ပွားမှုအား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ပြည်တွင်း၊ပြည်ပ ဝေဖန်မှုများလည်းရှိသည်။[565] စွပ်စွဲချက်များတွင် ပထမဆုံးစတင်ဖြစ်ပွားသောအချိန်များ၌ အင်တာနက်(လူမှုကွန်ယက်)များပိတ်ပင်မှု၊ သတင်းဌာနများသို့ ပွင့်လင်းမှုမရှိခြင်း၊ ကျန်းမာရေးသုံးပစ္စည်းများမလုံလောက်မှုစသဖြင့်ပါဝင်သည်။[566][567]
ဝေဖန်မှုများသည် ဟူပေ့ခရိုင်အုပ်ချုပ်ရေးမှူး Wang Xiaodongကို ရည်ရွယ်သည်များလည်းရှိသည်။ အကြောင်းမှာ ၎င်းသည် သတင်းစားရှင်းလင်းပွဲတစ်ခု၌ မျက်နှာအကာ တစ်ကယ်ထုတ်လုပ်သောအရေအတွက် ၁.၈ဘီလီယံအစား ဤခရိုင်တွင် နှစ်စဉ် ၁၀.၈ဘီလီယံထုတ်လုပ်နေသည်စုပြောဆိုခဲ့သောကြောင့်ပင်ဖြစ်သည်။[568] ဝူဟန်မြို့ရဲများက ဟောင်ကောင်စာနယ်ဇင်းသမားတချို့ကို ဇန်နဝါရီ ၁၄ရက် ကျန်းရင်တန်ဆေးရုံ၌ တွေ့ဆုံမေးမြန်းမှုများပြုလုပ်စဉ် တစ်နာရီကြာထိန်းသိမ်းခဲ့မှုများလည်းရှိသည်။[569][570] ဝူဟန်၊ ဟူပေ့အာဏာပိုင်များက ရောဂါဖြစ်ပွားမှု၏ ပြင်းထန်မှုကို ဘေးချိတ်ထားခြင်း၊ တုံ့ပြန်နှေးကွေးမှုတို့နှင့်ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသည်။[571] ဝူဟန်မြို့ခြေချုပ်လုပ်ဆောင်ခြင်းမတိုင်ခင် လေးရက်အလို၌ "Wan jia yan" (တရုတ်: 万家宴; စာပေ: "ten-thousand family banquet")ခေါ် စားသောက်ပွဲတော်ကြီးတစ်ခုကို မိသားစု (၄၀,၀၀၀)ပါဝင်ဆင်နွှဲခဲသဖြင့် ဝေဖန်မှုများညံ့သွားသေးသည်။ ပြည်တွင်းသတင်းစာ The Beijing Newsက ဒေသအာဏာပိုင်များအနေဖြင့် ဤသို့ရောဂါထိန်းချုပ်ရန်ကြိုးပမ်းကာလမျိုးတွင် ထိုသို့ ခွင့်မပြုသင့်ကြောင်း ပြောဆိုခဲ့သည်။ ရောဂါဖြစ်ပွားစအချိန် ၎င်းသတင်းထောက်များ ဟွမ်းနန်ဈေးကြီးသို့ရောက်စဉ် ဒေသခံအများစုမှာ မျက်နှာအကာများဝတ်ဆင်မထားကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သည်။[572] ဇန်နဝါရီ ၂၀၊ ဝူဟန်မြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးရာ စည်ပင်ဌာနက ဝူဟန်ရှိ ခရီးသွားဆွဲဆောင်သောနေရာများသို့ လည်ပတ်ရန် ၎င်းနိုင်ငံသားများကို လက်မှတ်စောင်ရေ(၂၀၀,၀၀၀)အခမဲ့ပေးခဲ့၍ ရှုံချဝေဖန်ခံရသည်။[572] ဒေသတွင်းတုံ့ပြန်မှုအပေါ် ဝေဖန်သံများပျံ့နှံ့နေမှုနှင့်ဆက်စပ်ပြီး မှတ်မှတ်သားသားအားဖြင့် ဗဟိုအစိုးရက နိုင်ငံတကာကျွမ်းကျင်သူများအကူညီဖြင့် ထိုဒေသအစိုးရ၏ ကိုင်တွယ်ပုံအားချီးကျူးပြောဆိုခဲ့သည်။[573] but also especially by state media.[574]
နောက်ထပ်သမိုင်းကြောင်းအရ မှတ်သားဖွယ်မှာ ခရိုင်အစိုးရများ၏ ဒေသတွင်းဖြစ်ပျက်မှုများသတင်းထုတ်ပြန်ရာတွင် အနည်းဆုံးအရေအတွက်ဖြစ်ရန်အလားအလာသဘောမှာ ဗဟိုအစိုးရ၏ အပြစ်ဒုနဲ့ဒေးကို ၎င်းတို့ပေါ်ပုံချမည်စိုးသဖြင့်ဟု မှတ်သားနိုင်သည်။[575] ဟူပေ့ခရိုင်တွင် ဝူဟန်ပြီးနောက် ရောဂါဒုတိယအဖြစ်ဆုံး ဟွမ်းဂန်းမြို့ ကျန်းမာရေးဌာနအကြီးအကဲ Tang Zhihongသည် ၎င်းမြို့တွင် လူဘယ်နှဦးကို ကုသနေကြောင်းစသည့်မေးခွန်းများဖြေဆိုနိုင်ခြင်းမရှိသဖြင့် ရာထူးမှထုတ်ပယ်ခဲ့သည်။[576]
ရောဂါစတင်ဖြစ်ပွားမှုပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ဆက်နွယ်သော ကောလဟာလများပြန့်နှံလာသည်။[577]သာဓကအနေဖြင့် ထိုကောလဟာလများတွင် ဗိုင်းရပ်စ်သည် ဇီဝလက်နက်တစ်ခုဖြစ်ကြောင်း၊ လူဦးရေထိန်းချုပ်ရေးအစီအစဉ်တစ်ခု (သို့) သူလျှိုစစ်ဆင်ရေးတစ်ခု၏ အကျိုးဆက်ဖြစ်ကြောင်းဖော်ပြခဲ့ကြသည်။[578][579][580] ဖေ့ဘွတ်ခ်၊ တွစ်တာ၊ ဂူဂယ်များက ထိုဖြစ်နိုင်သည့်သတင်းအမှားများကို ဖြိုခွင်းမည်ဖြစ်ကြောင်းကြေညာခဲ့သည်။[581][582]
ဖေဖော်ဝါရီ ၂၊ WHOက ရောဂါဖြစ်ပွားမှု၊တုံ့ပြန်မှုများနှင့်တကွ အလွန်အကြူးသတင်းကူးစက်ပြန့်နှံမှုကြီးတစ်ခုဖြစ်နေကြောင်းကြေညာ၍ "ပြည်သူလူထုအနေဖြင့် လိုအပ်သည့်အချိန်၌ ယုံကြည်အားထားစရာ သတင်းရင်းမြစ်များရှာရန်ခက်ခဲစေသည့် ရောဂါနှင့်ပတ်သက်သော သတင်း(အမှားရော၊အမှန်ရော)သတင်းထုတ်ပြန်ခြင်းများ မလိုလားလောက်သည်အထိ ပိုလျှံများပြားနေကြောင်း"ကိုးကား၍ ကြေညာခဲ့သည်။ ဆက်လက်ပြောဆိုသည်မှာ "အချိန်မှန်" နှင့် "ယုံကြည်နိုင်လောက်သော"သတင်းရင်းမြစ်များရှိစေရန်တောင်းဆိုလာမှုက "တိုက်ရိုက် WHO ၏ အချိန်ပြည့်(24/7)ယုံတမ်းကောလဟာလများစုံစမ်းရှာဖွေသည့် အရေးပေါ်လိုင်း(hotline)များ"ဖန်တီးခြင်းကို အားပေးဖြစ်ပေါ်စေသည်။ ထိုအရေးပေါ်လိုင်းများတွင် နည်းပညာ(ပညာရပ်ဆိုင်ရာ)စွန့်စားဆက်သွယ်မှုများနှင့် လူမှုကွန်ယက်အသင်းများ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ကာ ကောလဟာလများ၊ယုံတမ်းစကားများကို စုံစမ်းရန်၊တုံ့ပြန်ရန်နှင့် ထိုလူမှုကွန်ယက်(website)များနှင့်အတူ လူပေါင်း(အကောင့်ပေါင်း)များစွာ၏ ကြောင်းရာပိုင်းစ(post)များအပေါ် ငြင်းချက်ထုတ်ချေပနေခြင်းများလည်းပါဝင်သည်။[583]
အထူးအားဖြင့် မှားယွင်းဖော်ပြပြောဆိုမှုများမှာ :
[589] The Washington Timesက ယခုဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၏ ဇီဝလက်နက်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဟုဆိုသော ဇန်နဝါရီ ၂၄ရက်က ဆောင်းပါးနှစ်ပုဒ်ကို ကိုးကား၍ ဘီဘီစီက ဖော်ပြခဲ့သည်။[577] ဇန်နဝါရီ ၂၉၌ The Washington Postက ဇီဝလက်နက်သီအိုရီ ဆိုသောသတင်းအမှားကိုဖြန့်ချိသည်။[590] ဘဏ္ဍာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သော ZeroHedge က ဝူဟန်တက္ကသိုလ်ဗိုင်းရပ်စ်ဗေဒရှိ သိပ္ပံပညာရှင်အသင်းတစ်ခုက ဝူဟန် ကိုရိုနာဗိုင်းရပ်စ်၏စွမ်းရည်ကို ဇီဝလက်နက်ကိုယ်စားလှယ်အဖြစ်သုတေသနပြုလျက် ရှိကြသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ BuzzFeed၏ တောင်းဆိုချက်နှင့်အညီ တွစ်တာက ZeroHedge accountကို ၎င်း၏မူဝါဒပိုင်းဆိုင်ရာ ချိုးဖောက် နှောက်ယှက်မှုဖြင့် ပိတ်ပင်(Block)ခဲ့သည်။[591][592]
မြန်မာနိုင်ငံတွင် ၂၀၂၀-မတ်-၂၃၌ ရောဂါကူးစက်ခံထားရသူ လူနာ ၂ဦးစတင်တွေ့ရှိခဲ့ကာ ၂၀၂၀-အောက်တို- ၂၂ အထိ အတည်ပြုလူနာ (၃၉,၆၉၆) ဦး၊ ပျောက်ကင်းသက်သာလာသူ (၁၈,၈၆၅)ဦး၊ သေဆုံးသူဦးရေ (၉၇၂) ဦး ရှိသည်။[599]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.