နယူးယောက်တိုင်းစ်
From Wikipedia, the free encyclopedia
နယူးယောက်တိုင်းစ် (အင်္ဂလိပ်: the New York Times, N.Y.T. or N.Y. Times) သည် နယူးယောက်မြို့တွင် အခြေစိုက်သည့် အမေရိကန် နေ့စဉ်သတင်းစာဖြစ်သည်။[၇][၈] ၁၈၅၁ တွင်တည်ထောင်ခဲ့သော ဤသတင်းစာသည် ပူလစ်ဇာဆု ၁၃၀ ခုကို ရရှိထား၍ သတင်းစာလောကတွင် အများဆုံးဖြစ်သည်။[၉] သတင်းစာလုပ်ငန်း အဝန်းအဝိုင်းတွင် ယုံကြည်ခိုင်မာသော အမျိုးသားသတင်းစာအဖြစ် ကြာလရှည်ကြာသတ်မှတ်ခံရသော သတင်းစာလည်းဖြစ်သည်။[၁၀] သတင်းစာစောင်ရေအရ အမေရိကန်ပြည်ထောင်စုတွင် တတိယမြောက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၈ ရှိသည်။[၁၁] သတင်းစာကို အများပြည်သူပိုင်ဖြစ်သည့် နယူးယောက်တိုင်းစ် ကုမ္ပဏီမှ ပိုင်ဆိုင်၍ ရှယ်ယာများကို အများပြည်သူထံ ရောင်းချပြီးနောက် ရှယ်ယာပုံစံ နှစ်မျိုး/ဆင့် တည်ဆောက်ပုံ (dual-class share) မှတစ်ဆင့် ဆာ(လ်တ်စ်)ဘာဂါမိသားစုက ၁၈၉၆ ကတည်းက အုပ်ချုပ်စီမံခဲ့ကြသည်။[၁၂] အေ. ဂျီ ဆာ(လ်တ်စ်)ဘာဂါ နှင့် ၎င်း၏ဖခင် အာသာ အောခ်စ် ဆာ(လ်တ်စ်)ဘာဂါ ဂျူနီယာ (Ochs Sulzberger Jr.) တို့သည် ထိုမိသားစုမျိုးဆက်၏ ပဉ္စမမြောက်၊ စတုတ္ထမြောက် ထုတ်ဝေသူ၊ ကုမ္ပဏီဥက္ကဋ္ဌတို့ အသီးသီး ဖြစ်ကြသည်။[၁၃] ၁၉၇၀ ခုနှစ်များမှစ၍ သတင်းစာ၏ အပြင်အဆင်၊ အစီအစဉ်များကို တိုးချဲ့ခဲ့၍ ပုံမှန်သတင်း၊ အယ်ဒီတာအာဘော် (ခေါင်းကြီးပိုင်း)၊ အားကစား၊ အထူးအကြောင်းအရာများကို ဖြည့်စွက်အားဖြည့်ပေးနိုင်သော အမျိုးမျိုးသော အကြောင်းအရာများအပေါ် အပတ်စဉ် အထူးကဏ္ဍများကိုလည်း ထည့်သွင်းခဲ့ကြသည်။ ၂၀၀၈ မှစ၍[၁၄] နယူးယောက်တိုင်းစ်တွင် သတင်း၊ အယ်ဒီတာအာဘော်၊ ရှုထောင့်အမြင်ဆိုင်ရာ ကော်လံများ/ဆန့်ကျင်ဘက်မျက်နှာရှိ အကြောင်းအရာများ၊ နယူးယောက်မြို့တော်ဆိုင်ရာအကြောင်း၊ စီးပွားရေး၊ အားကစား၊ အနုပညာ၊ သိပ္ပံ၊ ဖက်ရှင်၊ နေအိမ်၊ ခရီးသွားနှင့် အခြားအကြောင်းအရာများကို စုစည်းစီစဉ် ဖော်ပြသည်။[၁၅] တနင်္ဂနွေနေ့များ၌ သတင်းစာကို "တနင်္ဂနွေသုံးသပ်ချက်" စာစောင်[၁၆] "စာအုပ်ရေးရာသုံးသပ်ချက်"စာစောင်၊[၁၇] နယူးယောက်တိုင်း မဂ္ဂဇင်း"အားဖြည့်စာစောင်[၁၈] တို့နှင့် အားဖြည့်၍ ထုတ်ဝေကြသည်။
ကောင်းနိုးရာရာ စုံလင်သတင်း ပုံနှိပ်ခြင်း" "All the News That's Fit to Print | |
![]() | |
အမျိုးအစား | နေ့စဉ်သတင်းစာ |
---|---|
ပုံစံအချိုးအစား | ဆိုက်ကြီး |
ပိုင်ဆိုင်သူ | The New York Times Company |
တည်ထောင်သူ |
|
ထုတ်ဝေသူ | A. G. Sulzberger[၁] |
အယ်ဒီတာချုပ် | Dean Baquet[၁] |
စီမံအယ်ဒီတာများ | Joseph Kahn[၁] |
Opinion editor | Kathleen Kingsbury (လက်ရှိ)[၂] |
အားကစား အယ်ဒီတာ | Randal C. Archibold[၃] |
Staff writers | သတင်းသမား ၁,၃၀၀ (၂၀၁၆)[၄] |
တည်ထောင်ခြင်း | စက်တင်ဘာ ၁၈၊ ၁၈၅၁ ( နယူးယောက်နေ့စဉ်တိုင်းစ်အဖြစ်) |
ဌာနချုပ်များ | အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ အမှတ် (၈) ရိပ်သာလမ်း၊ အမှတ် (၆၂၀)၊နယူးယောက်တိုင်းစ် အဆောက်အဦ။ |
စောင်ရေ |
|
ISSN | 0362-4331 |
OCLC နံပါတ် | 1645522 |
ဝက်ဘ်ဆိုဒ် |
|
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.