မန္တလေးမြို့၏ မြို့တော်ဝန် From Wikipedia, the free encyclopedia
မန္တလေးမြို့တော်ဝန်သည် မန္တလေးမြို့တော်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သော မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည်။ [2]
မန္တလေးမြို့ ၏ မြို့တော်ဝန် | |
---|---|
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ | |
အဖွဲ့ဝင် | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ |
အစီရင်ခံရသူ | ဝန်ကြီးချုပ် |
စံအိမ် | မြို့တော်ဝန်အိမ်တော်(လမ်း၇၀-၃၂လမ်းထောင့်) |
အဆိုပြုသူ | မန္တလေးတိုင်းဒေသကြီး လွှတ်တော် |
ခန့်အပ်သူ | သမ္မတ |
သက်တမ်း | ၅နှစ် |
စတင်ထမ်းဆောင်သူ | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် |
ဖွဲ့စည်းခြင်း | ဒီဇင်ဘာလ ၁၉၉၂ |
၁၉၉၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသန်းရွှေက လက်မှတ်ရေးထိုးထားသော မန္တလေးမြို့ စည်ပင်သာယာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ဤဥပဒေအရ မန္တလေးမြို့ဖွံ့ဖြိုးသာယာရေးအတွက် မြို့တော်စည်ပင်သာယာရေးအဖွဲ့က မိမိရန်ပုံငွေဖြင့် မိမိရပ်တည်ကာ လုပ်ကိုင်နိုင်ခွင့်ရှိလာသည်။ စည်ပင်သာယာရေးဥပဒေ အခန်း(၂)၊ ဖွဲ့စည်းခြင်းအောက်ရှိ အမှတ်စဉ်၄တွင် ကော်မတီ၏ဥက္ကဋ္ဌသည် မြို့တော်ဝန်ဖြစ်သည်ဟု ပါရှိသည်။ ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က တာဝန်ယူ၍ မြို့တော်ဝန်အဖြစ်ဆောင်ရွက်ခဲ့သည်။
စဉ် | အမည် | တာဝန်ထမ်းဆောင်ခြင်း | နိုင်ငံတော်အကြီးအကဲ | ||
---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
၁ | ဒုတိယဗိုလ်မှူးကြီး ထွန်းကြည် | ၂၇ အောက်တိုဘာ ၁၉၉၂ | ၁၆ ဇွန် ၁၉၉၅ | ၉၆၂ | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ |
၂ | ဗိုလ်မှူးကြီး စိန်ဝင်းအောင် | ၁၇ ဇွန် ၁၉၉၅ | ၃၀ ဇွန် ၁၉၉၈ | ၁၁၀၉ | |
၃ | ဗိုလ်ချုပ်ရဲမြင့် | ၁ ဇူလိုင် ၁၉၉၈ | ၃၁ ဇူလိုင် ၁၉၉၈ | ၃၀ | |
၄ | ဗိုလ်မှူးချုပ် ရန်သိမ်း[3] | ၄ ဩဂုတ် ၁၉၉၈ | ၈ ဖေဖော်ဝါရီ ၂၀၀၅ | ၂၃၈၀ | |
၅ | ဗိုလ်ချုပ် ရဲမြင့် | ၉ ဖေဖော်ဝါရီ ၂၀၀၅ | ၁၅ ဖေဖော်ဝါရီ ၂၀၀၅ | ၆ | |
၆ | ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် | ၁၆ ဖေဖော်ဝါရီ ၂၀၀၅ | ၃၀ မတ် ၂၀၁၁ | ၂၂၃၃ |
စဉ် | ပုံ | အမည် | တာဝန်ထမ်းဆောင်ခြင်း | နိုင်ငံရေးပါတီ | သမ္မတ | ဝန်ကြီးချုပ် | ||
---|---|---|---|---|---|---|---|---|
စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | ||||||
၆ | ဦးဖုန်းဇော်ဟန် | ၆ ဧပြီ ၂၀၁၁[4] | ၂၇ ဖေဖော်ဝါရီ ၂၀၁၂ | ၃၂၇ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ဦးသိန်းစိန် | ဦးရဲမြင့် | |
ယခင် နအဖအစိုးရလက်ထက် ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကပင် မြို့တော်ဝန်ဖြစ်ခဲ့သည်။ | ||||||||
၇ | ဦးအောင်မောင်း | ၂၇ ဖေဖော်ဝါရီ ၂၀၁၂[5] | ၃၀ မတ် ၂၀၁၆ | ၁၄၉၃ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ဦးသိန်းစိန် | ဦးရဲမြင့် | |
ယခင်က မန္တလေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။ | ||||||||
၈ | ဒေါက်တာရဲလွင် | ၅ ဧပြီ ၂၀၁၆[6] | ၅ ဖေဖော်ဝါရီ ၂၀၂၁ | ၁၇၆၇ | ပြင်ပ | ဦးထင်ကျော် ဦးဝင်းမြင့် |
ဒေါက်တာဇော်မြင့်မောင် | |
ယခင်က မျက်စိဆရာဝန်တစ်ဦးဖြစ်သည်။ | ||||||||
၉ | ဦးကျော်ဆန်း | ၇ ဖေဖော်ဝါရီ ၂၀၂၁ | လက်ရှိ | ၁၂၈၄ | ပြင်ပ | ဦးမြင့်ဆွေ(ယာယီသမ္မတ) |
| |
အာဏာသိမ်းအစိုးရမှ ခန့်အပ်ခဲ့သော မြို့တော်ဝန်ဖြစ်သည်။ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.