နိုင်ငံတော်သမ္မတ(အငြိမ်းစား) From Wikipedia, the free encyclopedia
အဂ္ဂမဟာသရေစည်သူဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်ပြီးနောက် နိုင်ငံတော် သမ္မတဖြစ်သည်။ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ သမ္မတတာဝန်အား ထမ်းဆောင်ခဲ့သည်။ ဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၀ ရက် (သောကြာနေ့)တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျုံကူးရွာတွင် မွေးဖွား ခဲ့သည်။
အဂ္ဂမဟာသရေစည်သူ ဦးသိန်းစိန် | |
Thein Sein | |
၂၀ ဧပြီ၊ ၁၉၄၅ - | |
{{{ဓာတ်ပုံစာတမ်း}}} |
|
နိုင်ငံတော် သမ္မတရုံး အဌမမြောက် သမ္မတ |
|
၃၀ မတ်လ ၂၀၁၁ - ၃၀ မတ်လ ၂၀၁၆ - | |
ဒုတိယ သမ္မတ | ဦးတင်အောင်မြင့်ဦးဒေါက်တာ စိုင်းမောက်ခမ်း ဦးဉာဏ်ထွန်း |
ယခင် | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (နအဖ ဥက္ကဋ္ဌ) |
ဆက်လက် | ဦးထင်ကျော် |
ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် |
|
၂၄ အောက်တိုဘာ ၂၀၀၇ - ၃၀ မတ် ၂၀၁၁ | |
ယခင် | ဗိုလ်ချုပ်ကြီးစိုးဝင်း |
ဆက်လက် | အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် |
နအဖ အတွင်းရေးမှူး(၁) |
|
၂၀၀၄ - ၂၄ အောက်တိုဘာ ၂၀၀၇ | |
ယခင် | ဗိုလ်ချုပ်ကြီး ခင်ညွန့် |
ဆက်လက် | သီဟသူရ ဦးတင်အောင်မြင့်ဦး |
ပြည်သူ့လွှတ်တော် အဖွဲ့ဝင် |
|
၇ နိုဝင်ဘာ ၂၀၁၀ - ၃၀ မတ် ၂၀၁၁ | |
ဆက်လက် | စန္ဒာမင်း |
မဲဆန္ဒနယ် | ဇမ္ဗူသီရိမြို့နယ် |
မဲအရေအတွက် | ၆၅.၆၂၀ (၉၁.၂%) |
ကိုယ်ရေး အချက်အလက် | |
အမည်ရင်း | သိန်းစိန် |
ဂုဏ်ထူဆောင် အမည် | အဂ္ဂမဟာသရေစည်သူ |
မွေးရက် | ၂၀ ဧပြီ၊ ၁၉၄၅ |
မွေးနေ့ | သောကြာနေ့ |
မိဘများ | ဦးမောင်ဖြိုး နှင့် ဒေါ်ခင်ညွန့် |
မွေးရပ်ဇာတိ | ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာ။ |
လူမျိုး | ဗမာ |
နိုင်ငံသား | မြန်မာနိုင်ငံသား |
ဘာသာ | ဗုဒ္ဓဘာသာ |
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း | ဦးသိန်းစိန် အစိုးရ |
ပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၂၀၁၀ - လက်ရှိ) |
လူသိများခြင်း | နိုင်ငံတော် ဝန်ကြီးချုပ် |
ကြင်ဖော် | ဒေါ်ခင်ခင်ဝင်း |
စစ်မှုထမ်း အချက်အလက် | |
ဌာန | တပ်မတော် (ကြည်း) |
၁၉၆၈ ခုနှစ် - ၂၀၁၀ ခုနှစ် | |
ရာထူး | ဗိုလ်ချုပ်ကြီး |
လက်မှတ် |
၂ဝဝ၇-ခုနှစ် မေလတွင် ယခင်ဝန်ကြီးချုပ် ဦးစိုးဝင်း ကျန်းမာရေး အခြေအနေ ကျဆင်းလာပြီးနောက် ဝန်ကြီးချုပ်တာဝန်များကို စတင်ထမ်းဆောင်ရပြီး အောက်တိုဘာလတွင် တရားဝင် ခန့်အပ်ခြင်းခံရသည်။[1][2] မြန်မာနိုင်ငံ၏ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌဖြစ်သည်။ ၂၀၀၈-ခု၊ မေလ ဆိုင်ကလုံးနာဂစ် ဖြစ်ပွားပြီးသည့်နောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မီတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[3]
စစ်အစိုးရ၏ လမ်းစဉ် (၇)ရပ်မှ တစ်ရပ်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို အမည်ပြောင်းလဲထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုခေါင်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရပြီး ၂၀၁၀ ခုနှစ် ဧပြီလ မကုန်မီတွင် အခြားသော စစ်အရာရှိ ဝန်ကြီး ဒုဝန်ကြီး (၂၇) ဦးနှင့်အတူ အရပ်ဝတ် လဲလှယ်ပြီး ပါတီကို ထူထောင်ခွင့် လျှောက်ထားခဲ့သည်။ ၂၀၁၀-ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကို ကိုယ်စားပြုလျက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်တွင် ပါဝင်အရွေးချယ်ခံခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။
ဦးသိန်းစိန်ကို ၁၉၄၅-ခုနှစ်၊ ဧပြီလ (၂ဝ)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖ ဦးမောင်ဖြိုး (ကွယ်လွန်)၊ အမိ ဒေါ်ခင်ညွန့် (ကွယ်လွန်)တို့မှ မွေးဖွားခဲ့သည်။[4] ငယ်နာမည်မှာ မောင်သိန်းစိန် ပင်ဖြစ်သည်။ မွေးချင်း(၃)ယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင် ဖြစ်ပြီး အကိုကြီးဖြစ်သူမှာ ဦးမြင့်ထွန်း ဖြစ်လေ၏။
ငယ်စဉ်က အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်း၀ရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။ အစိုးရအထက်တန်း အောင်မြင်ပြီး ပြင်ဦးလွင် စစ် တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၈-ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၉)၌ ဝိဇ္ဇာဘွဲ့ အထူးပြုဖြင့် အောင်မြင်၍ စစ်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။
စစ်တက္ကသိုလ်မှ သင်တန်း ဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၀ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၇၀ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဗိုလ်ကြီး အဆင့်ဖြင့် လည်းကောင်း ၁၉၇၃ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာ ရယူပြီးနောက် တပ်ရင်းမှူး(ဒုတိယဗိုလ်မှူးကြီး) အဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။[5]
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့် ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
၁၉၈၈-ခုနှစ်ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင် တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ယူပြီးနောက် စစ်ရုံးသို့ပြောင်းရွေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူရသည်။ ထို့ကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈-ခုနှစ်၊ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကက(ကြည်း)တွင် စစ်ဦးစီး (ဗိုလ်မှူးကြီး)နှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ(၄)တွင် စကခမှူးဖြစ်လာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။ တြိဂံဒေသတိုင်းအား တာဝန်ယူရစဉ် ဘိန်းဘုရင်များနှင့် တဖက်နိုင်ငံမှ ထိုင်းလူမျိုးများ ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းခဲ့ရ သည်။ နယ်စပ်ဒေသရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစား ခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်၊ ၂ဝဝ၁ ခုနှစ်တွင် စစ်ရေးချုပ်တာဝန်ကို ယူရသည်။ ထို့နောက် ၂ဝဝ၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခဲရသည့်အပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး(၂) တာဝန်ကိုပါ ပေးအပ်ခြင်းခံခဲ့ရလေသည်။ ၂ဝဝ၄ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဖြစ်လာသည်။
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံပြီး[5] နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းမှာ ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် ယင်းနှစ်၏ ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ထိုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂ဝဝ၈-ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေးကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အဆင့် အခြား လုပ်ငန်းကိစ္စအဝ၀တွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲခဲ့ရှိသည်။။ ၂ဝ၁ဝ-ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဖက်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့လေသည်။ ထို့နောက် ၂ဝ၁ဝ-ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများစုဖြင့် အနိုင်ရရှိပြီးနောက် သမ္မတဖြစ်လာသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအဖွဲ့ ခေါင်းဆောင် အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် စတင်လှုပ်ရှားကာ ဝင်ရောက်ခဲ့သည်။[6] ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် နေပြည်တော် ကောင်စီနယ်မြေ ဇဗ္ဗူသီရီ မဲဆန္ဒနယ်ကို ကိုယ်စားပြုကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ဦးကျော်အေး နှင့် ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ကာ မဲအရေအတွက် ၆၅,၆၂၀ (၉၁.၂%) ဖြင့် အနိုင်ရရှိခဲ့သည်။[7]
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်မှ မြန်မာနိုင်ငံအတွက် သမ္မတအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ ဒုသမ္မတများ ဖြစ်ကြသော သီဟသူရဦးတင်အောင်မြင့်ဦး နှင့် ဒေါက်တာစိုင်းမောက်ခမ်း တို့နှင့်အတူ မြန်မာနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[8]
စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရပြီးနောက် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆင်းပြီး ချိန်တွင် ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် ၁ မှာ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။[3] ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး တြိဂံ စစ်ဒေသ တိုင်းမှူးအဖြစ် ၁၉၉၇ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည်။ တြိဂံ စစ်တိုင်းတွင် တာဝန်ယူစဉ် ဘိန်းဘုရင်များနှင့် တဖက်နိုင်ငံမှ ထိုင်းလူမျိုးများနှင့် ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းခဲ့ရသည်။
နယ်စပ်ဒေသတွင် လှုပ်ရှားလျက်ရှိသော လူမျိုးစု လက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် အမှတ် ၂ ဒေသ မဟာဗျူဟာမှူး (အရှေ့ပိုင်း စစ်ဒေသ) အဖြစ် ခန့်အပ်ခြင်း ခံရပြီး ၁၉၉၂ခုနှစ်တွင် General Staff Colonel အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၅-၁၁-၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
၂၀၀၁ ခုနှစ်နှောင်းပိုင်းတွင် စစ်ရေးချုပ်အဖြစ်ပါ ခန့်အပ်ခြင်းခံရသည်။ နောက်တစ်နှစ်အကြာ၌ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေးခြင်းခံခဲ့ရသည်။
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။[12][13][14] ထို့အပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ် ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။
၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရ အရာရှိများထဲတွင် ပထမဆုံး ဖြစ်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သည်။[1][2]
၂၀၀၉ ခုနှစ် မတ်လအတွင်း သွားရောက်ခဲ့သော စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံက သစ်ခွတစ်မျိုးကို "ဒမ်ဒရိုဗီယမ်သိန်းစိန်" ဟု အမည်ပေး ဂုဏ်ပြုခြင်းခံရသည်။[15][16]
၂ဝ၁ဝ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကာ ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကိုယ်တိုင်လည်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲတွင် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။
၁၉၈၈- ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိခဲ့သည်။ ၂၀၁၁- ခုနှစ်၊ အောက်တိုဘာလ(၁၂) ရက်တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာခဲ့သည်။
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ်များ အဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။ နိုင်ငံတကာ အစည်းအဝေးများသို့ မြန်မာအစိုးရ ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။
ဦးသိန်းစိန်၏ ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး သမီး သုံးဦး ထွန်းကားခဲ့သည်။[4] ဦးသိန်းစိန်သည်၂၀၁၂-ခု၊ ဇန်နဝါရီလ၊ ၃၁-နေ့တွင် စင်္ကာပူနိုင်ငံ Mt. Elizabeth ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သည်။ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစ၍ နှလုံးခုန်စက် တပ်ဆင်ထားရသည်ဟု ဆိုသည်။[18][19]
Seamless Wikipedia browsing. On steroids.