From Wikipedia, the free encyclopedia
နကျယ်ကောင် (Wasp) ဟူသော အမည်နာမသည် အမှန်စင်စစ်တွင် ပျားလည်းမဟုတ် ပုရွက်ဆိတ်လည်းမမည်သော အင်းဆက်များ၏ လူသုံးများသော အမည်နာမဖြစ်ပြီး ပါဏဗေဒအလိုအရ ဟိုက်မန်နော့ပ်တဲရာ မျိုးစဉ်၏ အက်ပိုကရစ်တာ မျိုးစဉ်ခွဲတွင်ပါဝင်သော ခါးသိမ်နေသည့် ခန္ဓာကိုယ်ပုံသဏ္ဌာန်ရှိသော အင်းဆက်ပိုးကောင်များအားလုံးကို ကိုယ်စားပြုသည့် အသုံးအနှုန်းဖြစ်သည်။ သိပ္ပံနည်းကျလေ့လာထားမှုအရ နကျယ်ကောင် သည် ပျား၊ ပုရွက်ဆိတ် တို့နှင့် မျိုးရိုးကွဲပြားမှု မရှိကြပေ။ အဓိကခွဲခြားသတ်မှတ်ထားသည့် သွင်ပြင်လက္ခဏာမှာ နကျယ်ကောင်များသည် အစာအလို့ငှာ အခြားအင်းဆက်ပိုးကောင်များကို ၎င်းတို့၏ အဆိပ်ဆူးအသုံးပြု၍ အမဲလိုက်သည့် အပြုအမူပင်ဖြစ်သည်။
နကျယ်ကောင် Temporal range: Jurassic–Present | |
---|---|
အုံဖွဲ့နေထိုင်သော နကျယ် မျိုးစိတ် Vespula germanica | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်း: | Insecta |
မျိုးစဉ်: | Hymenoptera |
(unranked): | Unicalcarida |
မျိုးစဉ်သေး: | Apocrita |
အုပ်စုများ ပါဝင်သည် | |
Cladistically included but traditionally excluded taxa | |
|
ဥယျာဉ်များတွင် တွေ့လေ့ရှိသည့် လူသိများသော နကျယ်ကောင် (Vespula vulgaris) နှင့် ပျားတူ (Vespa) တို့သည် အသိုက်အအုံနှင့်နေထိုင်သည့် Vespidae မျိုးရင်းဝင်များဖြစ်ကြပြီး မျိုးစိတ် အရေအတွက်ပေါင်း ၅၀၀၀ ခန့်ရှိလေသည်။[1]
ယနေ့အချိန်အထိ လေ့လာပြီးသမျှသော နကျယ်ကောင် မျိုးစိတ် ၁၀၀,၀၀၀ ကျော်ခန့်သည် ကပ်ပါး နကျယ်ကောင်များ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အများစုမှာ အခြားအင်းဆက်မျိုးစိတ်များ၏ ခူကောင်ပေါက်များ၏ ခန္ဓာကိုယ်များအတွင်းတွင် ဥများဥသည့် ကပ်ပါးကောင်များဖြစ်သောကြောင့်ဖြစ်၏။ အင်းဆက် မျိုးစိတ်တိုင်းလိုလိုတွင် ထိုသို့သော ကပ်ပါးကောင်မျိုးစိတ် အနည်းဆုံးတစ်မျိုးရှိကြလေသည်။ ယင်းကြောင့် နကျယ်ကောင်များသည် အင်းဆက်များ၏ အရေအတွက်ကို သဘာဝအတိုင်းထိန်းချုပ်ရန် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပါသည်။ ပိုးမွှားအများစုသည် နကျယ်ကောင်များ အမဲလိုက်သည့် သားကောင်များဖြစ်ပြီး သီးနှံများအပေါ် သက်ရောက်မှုအနည်းငယ်သာရှိသောကြောင့် ၎င်းကပ်ပါးနကျယ်ကောင်များကို စိုက်ပျိုးရေးလုပ်ငန်း၏ ပိုးမွှား ထိန်းချုပ်ရေးလုပ်ငန်းတွင် ပိုမိုအသုံးပြုလာကြသည်။
လူအများစုသည် နကျယ်ကောင်နှင့် ပျားကို ရောထွေးမှားယွင်းတတ်ကြလေသည်။ ပျား နှင့် နကျယ် တို့၏ ကွဲပြားခြားနားချက်များမှာ အလွန်ထင်သာမြင်သာရှိ၏။ ထိုအချက်များထဲမှ လွယ်ကူမြင်သာသောအချက်မှာ ပျားများသည် အမွေးအမှင်များရှိပြီး နကျယ်များတွင် မပါရှိသော အချက်ပင်ဖြစ်သည်။
နကျယ်ကောင်များတွင် ၁၂ ပိုင်း (သို့) ၁၃ ပိုင်း ရှိသော ဦးမှင်များနှင့် ကိုက်ဖြတ်နိုင်သည့် ပါးစပ်တို့ပါရှိကြသည်။ ၎င်းတို့၏ အတောင်များသည် ဝမ်းဗိုက်ရှိ သေးသွယ်သော အညှာ သို့မဟုတ် “ခါး” ဖြင့် လည်ပင်းနားတွင် တွဲစပ်ထားသည်။ အမများတွင် အပေါက်ဖောက်ခြင်း နှင့် ဥဥခြင်းတို့အတွက် အသုံးပြုသော ဆူးချွန်များရှိတတ်သည်။ အရွယ်ရောက်ပြီးသော နကျယ်ကောင်များသည် အများအားဖြင့် ပန်းဝတ်ရည်ကိုသာ စားသုံးလေ့ရှိသော်လည်း ၎င်းတို့၏ သားလောင်းများသည် မိခင်မှ အမဲလိုက်ရှာဖွေပေးသော အင်းဆက်ကောင် (သို့) ပန်းဝတ်မှုန်များကို စားသုံးကြလေသည်။[2]
လွပ်လပ်စွာနေထိုင်ကြသော နကျယ်ကောင် မျိုးစိတ် အများစုသည် ပျား နှင့် ပုရွက်ဆိတ်များကဲ့သို့ အသိုက်အအုံနှင့်နေထိုင်ကြသော အင်းဆက်များဖြစ်ကြသော်လည်း တကိုယ်ရည်ထီးတည်နေထိုင်ကြသော နကျယ်ကောင် မျိုးစိတ် အနည်းငယ်ရှိလေသည်။ အသိုက်အအုံနှင့်နေထိုင်ကြသော နကျယ် အများစုမှာ စက္ကူပျော့ဖတ်ကဲ့သို့သော အသိုက်မျိုးဆောက်လုပ်သည့် မျိုးစိတ်များ၊ နကျယ်အဝါစင်း မျိုးစိတ်များနှင့် ပျားတူ မျိုးစိတ်များဖြစ်ကြသည်။
နကျယ်ကောင် မျိုးစိတ်အများစုတွင် အရွယ်ရောက်ပြီးသော အကောင်များသည် ၎င်းတို့၏သားကောင်ထံမှ အာဟာရ တစ်စုံတစ်ရာ မရယူကြဘဲ အရွယ်ရောက်ပြီးစ ပျား၊ လိပ်ပြာနှင့် ပိုးဖလံများကဲ့သို့ပင် အာဟာရအားလုံးကို ပန်းဝတ်ရည်မှ ရယူကြလေသည်။ ကပ်ပါး နကျယ်ကောင်များသည် အလေ့အထ အလွန်ကွဲပြားကြပြီး အများစုသည် ၎င်းတို့၏ အိမ်ရှင် (ဥ သို့မဟုတ် ပိုးတုံးလုံး)၏ မသန်စွမ်းသောအဆင့်များတွင် ၎င်းတို့၏ ဥများကို ခန္ဓာကိုယ်တွင်းသို့ ဥချခြင်း သို့မဟုတ် တစ်ခါတစ်ရံ ၎င်းတို့၏ ဥ ဥသည့် အင်္ဂါမှတစ်ဆင့် သားကောင်များကို အဆိပ် ထိုးသွင်းခြင်းဖြင့် ၎င်းတို့၏သားကောင်များကို အကြောသေသွားစေပြီး မလှုပ်ရှားနိုင်ချိန်ကြမှ ဥများထည့်သွင်းကြလေသည်။ လယ်သမားများသည် ၎င်းတို့၏ စိုက်ခင်းလယ်ကွင်းများတွင် အင်းဆက်ပိုးမွှားထိန်းချုပ်ရန်အတွက် ဤကပ်ပါးနကျယ်ကောင်များကို ငွေကုန်ကြေးကျခံ၍ မွေးမြူကြသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.