ကောင်းကင်ကြိုး
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ကောင်းကင်ကြိုး (သို့) အင်တင်နာ ဆိုသည်မှာ လျှပ်စစ်စွမ်းအင် နှင့် သံလိုက်စွမ်းအင်ကို အသုံးချ၍ ရေဒီယိုလှိုင်းများအဖြစ် ပြောင်းလဲပေးသော လျှပ်စစ်ပစ္စည်း တစ်မျိုး ဖြစ်သည်။ အခြားတစ်နည်းဆိုရလျှင် ကောင်းကင်ကြိုးသည် လျှပ်စစ်သံလိုက်လှိုင်းများ မှ လျှပ်စီးလမ်း(Current) အဖြစ် လျှပ်စီးလမ်းမှ လျှပ်စစ်သံလိုက်လှိုင်းများအဖြစ် အပြန်အလှန် ပြောင်းလဲပေးသော ကိရိယာပင်ဖြစ်သည်။ အင်တင်နာများကို ရေဒီယို နှင့် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရေဒီယိုဖြင့် ဆက်သွယ်ခြင်း၊ ကြိုးမဲ့ LAN ကွန်ယက်များ၊ ရေဒါ နှင့် အာကာသစူးစမ်းရှာဖွေရေး တို့တွင် အသုံးပြုကြသည်။ အင်တင်နာများသည် ပုံမှန်အားဖြင့် လေထုထဲတွင် သို့မဟုတ် အာကာသဟင်းလင်းပြင်ထဲတွင် အလုပ်လုပ်သည်။ သို့သော်အချို့နေရာများ၌ ရေအောက်တွင် အသုံးပြုနိုင်ပြီး အချို့သော ကြိမ်နှုန်းများကို အသုံးပြု၍ မြေကြီးထဲတွင် သို့မဟုတ် ကျောက်စိုင်ကျောက်သားထဲတွင် တိုတောင်းသော အကွာအဝေးအတွက် ဆက်သွယ်မှု ပြုနိုင်သည်။
ဤ နည်းပညာဆိုင်ရာ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
တည်ဆောက်ပုံအားဖြင့်ဆိုရလျှင် အင်တင်နာများသည် အားသက်ရောက်မှုပေးသော ပြောင်းလဲနေသည့် ဗိုးတေ့ခ်(alternating voltage)နှင့် ၎င်းနှင့်သက်ဆိုင်သည့် ပြောင်းလဲနေသောလျှပ်စီးလမ်း(alternating current) ပေါ်မူတည်၍ ရေဒီယိုလှိုင်းများပါဝင်သည့် လျှပ်စစ်သံလိုက်စက်ကွင်းများကို ထုတ်လွှတ်ပေးသော လျှပ်ကူးပစ္စည်းများကို စီစဉ်ထားခြင်းတစ်မျိုးဖြစ်သည်။ နောက်တစ်နည်းဆိုရလျှင် လျှပ်စစ်သံလိုက်စက်ကွင်းအတွင်း၌ ထားရှိခြင်းအားဖြင့် အင်တင်နာအတွင်းရှိ ပြောင်းလဲနေသော လျှပ်စီးလမ်းနှင့် အစွန်းဖက်(terminal) တို့ကြားရှိ ဗိုးတေ့ခ်ကို စက်ကွင်းတစ်ခုမှတစ်ခုသို့ ပြောင်းပေးနိုင်အောင်(induction) ပြုလုပ်ထားခြင်းဖြစ်သည်။ အချို့သော အင်တင်နာကိရိယာများ (parabolic antenna, Horn Antenna) သည် အခြားအင်တင်နာအမျိုးအစားများမှ လေဟာနယ်(free space) ကိုသာ ဖမ်းယူပေးသည်။
သောမတ် အက်ဒီဆင်သည် အင်တင်နာများကို ၁၈၈၅ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး အမေရိကန်နိုင်ငံတွင် မူပိုင်ခွင့်အမှတ် ၄၆၅၉၇၁ ဖြင့်မှတ်ပုံတင်ခဲ့သည်။ ဟိန်းဒရစ် ဟတ်ဒ်စ် ( Heinrich Hertz) (၁၈၅၇-၁၈၉၄) ကလည်း အင်တင်နာကို အသုံးပြု၍ ဂျိမ်းစ်ကလက်မက်စ်ဝဲလ် (James Clerk Maxwell) ခန့်မှန်းခဲ့သော လျှပ်စစ်သံလိုက်လှိုင်းများ တည်ရှိနေမှုကို အတည်ပြုခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.