From Wikipedia, the free encyclopedia
ဒါကာမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဖြစ်ပြီး ဒါကာပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ ဒါကာ သည် မက်ဂါမြို့တော် အဆင့်ရှိသော မြို့တော်တစ်ခုဖြစ်ပြီး အာရှတောင်ပိုင်း၏ အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။ ဒါကာမြို့တော်နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် ဘူရိဂင်္ဂါမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၆ သန်းမျှ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိသည်။ ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် နဝမမြောက် အကြီးဆုံးဖြစ်ပြီး လူဦးရေ အသိပ်သည်းဆုံးမြို့များတွင် အဆင့် ၂၈ ရှိသည်။ ဒါကာမြို့ကို ဗလီများ၏မြို့တော် ဟုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ မြို့တော်၏ လမ်းများပေါ်တွင် ဆိုက်ကားစီးရေ ၄ သိန်းမျှ နေ့စဉ်သွားလာနေသဖြင့် ကမ္ဘာ့ဆိုက်ကားမြို့တော် ဟုလည်း ခေါ်ကြသည်။
ဒါကာမြို့ ঢাকা | |
---|---|
မြို့တော် | |
Dhaka Metropolitan Area | |
ဒါကာမြို့မြင်ကွင်း | |
ကိုဩဒိနိတ်: 23°42′N 90°22′E | |
နိုင်ငံ | ဘင်္ဂလားဒေ့ရှ် |
ပြည်နယ် | ဒါကာပြည်နယ် |
ခရိုင် | ဒါကာခရိုင် |
စတင်တည်ထောင် | ၁၆၀၈ စီအီး |
မြို့အဆင့် | ၁၉၄၇ |
အစိုးရ | |
• အမျိုးအစား | မြို့တော်ဝန်-ကောင်စီ အစိုးရ |
• အစိုးရအဖွဲ့ | မြောက်ဒါကာမြို့ ကော်ပိုရေးရှင်း နှင့် တောင်ဒါကာမြို့ ကော်ပိုရေးရှင်း |
• မြို့တော်ဝန် | Annisul Huq (DNCC) Sayeed Khokon (DSCC) |
• ရဲမင်းကြီး | MD. Asaduzzaman Mia |
ဧရိယာ (၂၀၁၁)[1] | |
• မြို့တော် | ၃၀၀ စတုရန်းကီလိုမီတာ (၁၀၀ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[2] | ၄ မီတာ (၁၃.၁၂ ပေ) |
လူဦးရေ (၂၀၁၃)[3] | |
• မြို့တော် | ၁၄,၃၉၉,၀၀၀ |
• သိပ်သည်းမှု | ၁၉,၄၄၇/km၂ (၅၀,၃၆၈/sq mi) |
• မြို့ပြကြီး[1] | ၈၉၀၆၀၀၀ |
• စာတတ်မြောက်မှုနှုန်း[1] | ၇၄.၆% |
Demonym(s) | Dhakaiya |
အချိန်ဇုန် | BST (UTC+6) |
စာပို့သင်္ကေတ | 1000, 1100, 12xx, 13xx |
နိုင်ငံဖုန်းကုဒ် | +၈၈၀ |
မြို့ဖုန်းကုဒ် | ၀၂ |
GDP PPP (၂၀၁၅) | $၂၈၀ ဘီလီယံ[4] |
ISO 3166-2 | BD-13 |
ဝက်ဘ်ဆိုဒ် | Dhaka North City Corporation Dhaka South City Corporation |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.