From Wikipedia, the free encyclopedia
တောင်အာရှ (အင်္ဂလိပ်: South Asia or Sourthern Asia) သည် ပထဝီ အနေအထားအရ လည်းကောင်း၊ လူမျိုးစုများနှင့် ယဉ်ကျေးမှုဆိုင်ရာအရ လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသော အာရှတိုက်၏ တောင်ပိုင်းဒေသ ဖြစ်သည်။ ဤဒေသတွင် အာဖဂန်နစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့ ပါဝင်သည်။[4]
ဧရိယာ | ၅,၁၃၄,၆၄၁ km2 (၁,၉၈၂,၄၉၆ sq mi) |
---|---|
လူဦးရေ | 1,947,628,100(2020)[1] |
လူဦးရေ သိပ်သည်းမှု | ၃၆၂.၃/km2 (၉၃၈/sq mi) |
GDP (nominal) | $3.326.trillion(2020)[2] |
GDP (PPP) | $12.752 trillion (2018)[3] |
Demonym | တောင်အာရှသားများ (အင်္ဂလိပ်: South Asian) ဒေစီ(Desi) (အရပ်သုံး) |
နိုင်ငံများ | |
အမှီအခိုနယ်မြေများ | ဗြိတိသျှအိန္ဒိယသမုဒ္ဒရာနယ်မြေ |
ဘာသာစကားများ | ရုံးသုံးဘာသာစကားများ
အခြားဘာသာစကားများ
|
အချိန်ဇုန်များ | |
အင်တာနက်ဒိုမိန်း | .af, .bd, .bt, .in, .io, .lk, .mv, .np, .pk |
အကြီးဆုံးမြို့များ | List
|
တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအသင်း (SAARC) သည် ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သော ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး၊ တောင်အာရှရှိ ၈-နိုင်ငံစလုံး ပါဝင်သည်။[5]
တောင်အာရှ၏ ခေတ်သစ် အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့ ပါဝင်သည်။[7][8][9] သို့သော် အချို့က အာဖဂန်နစ္စတန်ကို အာရှအလယ်ပိုင်းနိုင်ငံအဖြစ် သော်လည်းကောင်း၊ အနောက်အာရှနိုင်ငံအဖြစ် သော်လည်းကောင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံအဖြစ် သော်လည်းကောင်း သတ်မှတ်ပြန်သည်။[10][11][12][13][14] ဒုတိယ အင်္ဂလိပ် - အာဖဂန်စစ်ပွဲအပြီးတွင် အာဖဂန်နစ္စတန်နိုင်ငံသည် ၁၉၁၉ ခုနှစ်အထိ ဗြိတိန်နိုင်ငံ၏ ကာကွယ်စောင့်ရှောက်ခံနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။[15][7][9] အခြားတစ်ဖက်မှကြည့်လျှင် ၁၈၈၆ မှ ၁၉၃၇ အတွင်း ဗြိတိသျှအင်ပိုင်ယာ၏ အစိတ်အပိုင်းတစ်ခု (British Raj) အဖြစ် အုပ်ချုပ်ခဲ့သော[16]၊ ယခုအခါ အရှေ့တောင်အာရှ၏ အစိတ်အပိုင်းအဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အများအားဖြင့် သတ်မှတ်ထားသည့် မြန်မာနိုင်ငံကိုလည်း တစ်ခါတစ်ရံ တောင်အာရှတွင် ထည့်သွင်းထားခဲ့ဖူးသည်။[10][11][17]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.