ခရိုင်များသည် မြန်မာနိုင်ငံ၏ ဒုတိယအဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေဒေသဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း (၁၂၇)ခရိုင် ရှိသည်။ ခရိုင်များ၏ နယ်မြေဖွဲ့စည်းပုံ ပြောင်းလဲသတ်မှတ်ခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူရသည်။ ခရိုင်များသည် တိုင်းဒေသကြီး/ပြည်နယ် များကဲ့သို့ ပထမအဆင့် အုပ်ချုပ်ရေးနယ်မြေများနှင့် မြို့နယ်များကဲ့သို့ တတိယအဆင့် အုပ်ချုပ်ရေးနယ်မြေများအကြား ချိတ်ဆက်ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခရိုင်များ၏ အထွေထွေကိစ္စရပ်များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများက အုပ်ချုပ်သည်။ ထိုရုံးကို ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ ပြည်သူ့ဝန်ထမ်းတစ်ဦးက ဦးဆောင်ကာ ခရိုင်အုပ်ချုပ်ရေးမှူးဟု ခေါ်ဝေါ်သည်။[1]
မြန်မာနိုင်ငံတွင် အစောဆုံးဟုဆိုနိုင်သော ခရိုင်များမှာ လယ်တွင်းကိုးခရိုင်ဖြစ်သည်။[2][3] ကိုလိုနီခေတ်တွင်မူ တိုင်း၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များအဖြစ် ခွဲခြားအုပ်ချုပ်ကာ ဝန်ရှင်တော်မင်းကြီး၊ ဒုတိယဝန်ရှင်တော်မင်းကြီး၊ ခရိုင်ဝန်နှင့် ဝန်ထောက်များက ဆင့်ကဲတာဝန်ယူအုပ်ချုပ်သည်။[4]
လွတ်လပ်ရေးရပြီးချိန်တွင် ရှမ်း၊ ကယား၊ ကချင်၊ ကရင်ပြည်နယ်များ၊ တိုင်း (၈)တိုင်းနှင့် ချင်းဝိသေသတိုင်းတို့ဖြင့် မြန်မာပြည်ကို ဖွဲ့စည်းခဲ့သည်။[5] တိုင်း/ပြည်နယ်၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအဖြစ် အဆင့်ဆင့်ဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေးအတွက် တိုင်းမင်းကြီး၊ ဒုတိယတိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်၊ သူကြီးဟူ၍ အဆင့်အလိုက် အုပ်ချုပ်ကြသည်။ ၁၉၇၂ခုနှစ်တွင် ခရိုင်ပေါင်း (၄၂)ခုနှင့် မြို့နယ်ပေါင်း (၂၈၆)ခု၊ ၂၀၀၄ခုနှစ်တွင် ခရိုင်ပေါင်း (၆၅)ခု၊ မြို့နယ်ပေါင်း (၃၂၅)ခု၊ ၂၀၁၄ခုနှစ်တွင် ခရိုင်ပေါင်း (၇၃)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)၊ ၂၀၁၉ခုနှစ်တွင် ခရိုင်ပေါင်း (၇၅)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)ရှိခဲ့သည်။[1][6][7]၂၀၂၂ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် ခရိုင်များကို ပြောင်းလဲတိုးချဲ့ဖွဲ့စည်းခဲ့ရာ ခရိုင် (၁၂၇)ခုအထိ ရှိလာခဲ့သည်။[8]
အောက်ပါစာရင်းသည် ၂၀၁၄သန်းခေါင်စာရင်းမှ တိုက်ရိုက်ရယူထားသော အချက်အလက်များဖြစ်သည်။ ထို့ကြောင့် ခရိုင်များသည် ၂၀၁၄ခုနှစ် မတ်လအထိ ဖွဲ့စည်းထားသော ခရိုင်များဖြစ်သည်။ ထိုစဉ်က ဖွဲ့စည်းထားသော ခရိုင် (၇၄)ခရိုင်ရှိသည်။ နောက်ပိုင်းတွင် ခရိုင်များအကြား နယ်မြေများ ပြောင်း၍ဖွဲ့စည်းခြင်း (ဥပမာ- မြင်းခြံခရိုင်မှ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း)၊ မြို့နယ်များခွဲထုတ်၍ ခရိုင်အသစ်ဖွဲ့စည်းခြင်း (ဥပမာ- ရွှေဘိုခရိုင်မှ မြို့နယ်များအားခွဲထုတ်၍ ကန့်ဘလူခရိုင်ဖွဲ့စည်းခြင်း၊ မင်းတပ်ခရိုင်မှမြို့နယ်များအား ခွဲထုတ်၍ မတူပီခရိုင်ဖွဲ့စည်းခြင်း) စသည်တို့ဖြင့် အပြောင်းအလဲများရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း များမှာလည်း သက်ဆိုင်ရာ မူလခရိုင်များအတွင်းသာ ထည့်သွင်းရေတွက်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြောက်ပိုင်းခရိုင်သည် လူဦးရေအများဆုံးခရိုင်ဖြစ်ကာ ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင်သည် လူဦးရေအနည်းဆုံးခရိုင်ဖြစ်သည်။ မြို့ပြနေရာခိုင်နှုန်းအမြင့်ဆုံးမှာ ရန်ကုန်မြို့အဖြစ် ပါဝင်ဖွဲ့စည်းသည့် ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်ကာ မြို့ပြနေရာခိုင်နှုန်း ၁၀၀ရာခိုင်နှုန်းဖြစ်သည်။[9]
နောက်ထပ် အချက်အလက်များ စဉ်, ခရိုင် ...
စဉ် |
ခရိုင် |
လူဦးရေ |
ကျား |
မ |
မြို့ပြနေလူဦးရေ |
မြို့ပြနေရာခိုင်နှုန်း |
တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ |
မြေပုံ |
လူဦးရေ (၁,၀၀၀,၀၀၀) အထက်ရှိသောခရိုင်များ |
၁ |
ရန်ကုန်မြောက်ပိုင်းခရိုင် |
၂,၆၀၆,၆၇၀ |
၁,၂၅၃,၀၈၂ |
၁,၃၅၃,၅၈၈ |
၁,၄၂၈,၆၅၉ |
၅၄.၈ |
ရန်ကုန်တိုင်းဒေသကြီး |
|
၂ |
ရန်ကုန်အရှေ့ပိုင်းခရိုင် |
၂,၃၆၆,၆၅၉ |
၁,၁၂၇,၁၆၉ |
၁,၂၃၉,၄၉၀ |
၂,၃၃၉,၉၀၃ |
၉၈.၉ |
ရန်ကုန်တိုင်းဒေသကြီး |
|
၃ |
ပဲခူးခရိုင် |
၁,၇၇၀,၇၈၅ |
၈၄၆,၁၁၀ |
၉၂၄,၆၇၅ |
၄၆၄,၇၄၁ |
၂၆.၂ |
ပဲခူးတိုင်းဒေသကြီး |
|
၄ |
မန္တလေးခရိုင် |
၁,၇၂၆,၈၈၉ |
၈၄၁,၉၁၄ |
၈၈၄,၉၇၅ |
၁,၃၁၉,၄၅၂ |
၇၆.၄ |
မန္တလေးတိုင်းဒေသကြီး |
|
၅ |
တောင်ကြီးခရိုင်¹ |
၁,၇၀၁,၃၃၈ |
၈၄၂,၅၉၄ |
၈၅၈,၇၄၄ |
၄၆၃,၉၈၈ |
၂၇.၃ |
ရှမ်းပြည်နယ် |
|
၆ |
ပုသိမ်ခရိုင် |
၁,၆၃၀,၇၁၆ |
၇၉၅,၂၈၆ |
၈၃၅,၄၆၀ |
၃၀၃,၉၅၄ |
၁၈.၆ |
ဧရာဝတီတိုင်းဒေသကြီး |
|
၇ |
ရွှေဘိုခရိုင်² |
၁,၄၃၃,၃၄၃ |
၆၆၁,၀၁၆ |
၇၇၂,၃၂၇ |
၁၇၈,၁၈၄ |
၁၂.၄ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၈ |
ရန်ကုန်တောင်ပိုင်းခရိုင် |
၁,၄၁၇,၇၂၄ |
၆၈၉,၆၈၅ |
၇၂၈,၀၃၉ |
၄၂၂,၃၀၀ |
၂၉.၈ |
ရန်ကုန်တိုင်းဒေသကြီး |
|
၉ |
မကွေးခရိုင် |
၁,၂၃၅,၀၃၀ |
၅၆၇,၂၃၅ |
၆၆၇,၇၉၅ |
၂၅၃,၀၇၄ |
၂၀.၅ |
မကွေးတိုင်းဒေသကြီး |
|
၁၀ |
မော်လမြိုင်ခရိုင် |
၁,၂၃၂,၂၂၁ |
၅၈၇,၆၇၆ |
၆၄၄,၅၄၅ |
၄၃၄,၀၉၂ |
၃၅.၂ |
မွန်ပြည်နယ် |
|
၁၁ |
ဟင်္သာတခရိုင် |
၁,၁၃၈,၇၁၀ |
၅၃၉,၃၁၁ |
၅၉၉,၃၉၉ |
၁၆၃,၂၃၈ |
၁၄.၃ |
ဧရာဝတီတိုင်းဒေသကြီး |
|
၁၂ |
တောင်ငူခရိုင် |
၁,၁၂၃,၃၅၅ |
၅၃၄,၅၆၄ |
၅၈၈,၇၉၁ |
၂၃၁,၇၃၆ |
၂၀.၆ |
ပဲခူးတိုင်းဒေသကြီး |
|
၁၃ |
သာယာဝတီခရိုင် |
၁,၀၆၂,၃၃၁ |
၅၀၇,၁၁၃ |
၅၅၅,၂၀၈ |
၁၅၀,၃၉၅ |
၁၄.၂ |
ပဲခူးတိုင်းဒေသကြီး |
|
၁၄ |
မြင်းခြံခရိုင်³ |
၁,၀၅၅,၉၅၇ |
၄၇၅,၄၀၃ |
၅၈၀,၅၅၄ |
၁၆၇,၉၅၁ |
၁၅.၉ |
မန္တလေးတိုင်းဒေသကြီး |
|
၁၅ |
ဖျာပုံခရိုင် |
၁,၀၃၃,၀၅၃ |
၅၀၉,၃၅၃ |
၅၂၃,၇၀၀ |
၁၃၅,၅၀၉ |
၁၃.၁ |
ဧရာဝတီတိုင်းဒေသကြီး |
|
၁၆ |
ပခုက္ကူခရိုင် |
၁,၀၀၅,၅၄၅ |
၄၅၁,၈၈၇ |
၅၅၃,၆၅၈ |
၁၃၈,၂၄၄ |
၁၃.၇ |
မကွေးတိုင်းဒေသကြီး |
|
၁၇ |
ပြင်ဦးလွင်ခရိုင် |
၁,၀၀၁,၉၄၅ |
၄၉၅,၈၀၀ |
၅၀၆,၁၄၅ |
၂၈၁,၇၈၄ |
၂၈.၁ |
မန္တလေးတိုင်းဒေသကြီး |
|
လူဦးရေ (၁,၀၀၀,၀၀၀) နှင့် (၁၀၀,၀၀၀) အတွင်းရှိသောခရိုင်များ |
၁၈ |
မအူပင်ခရိုင် |
၉၇၃,၉၄၈ |
၄၇၂,၅၅၀ |
၅၀၁,၃၉၈ |
၁၀၉,၁၄၈ |
၁၁.၂ |
ဧရာဝတီတိုင်းဒေသကြီး |
|
၁၉ |
ရန်ကုန်အနောက်ပိုင်းခရိုင် |
၉၆၉,၆၅၀ |
၄၄၆,၄၆၇ |
၅၂၃,၁၈၃ |
၉၆၉,၆၅၀ |
၁၀၀ |
ရန်ကုန်တိုင်းဒေသကြီး |
|
၂၀ |
ပြည်ခရိုင် |
၉၁၀,၉၀၂ |
၄၃၄,၅၅၁ |
၄၇၆,၃၅၀ |
၂၂၅,၄၆၄ |
၂၄.၈ |
ပဲခူးတိုင်းဒေသကြီး |
|
၂၁ |
မိတ္ထီလာခရိုင် |
၈၈၁,၅၃၀ |
၄၀၈,၀၄၅ |
၄၇၃,၄၈၅ |
၁၇၈,၄၉၁ |
၂၀.၂ |
မန္တလေးတိုင်းဒေသကြီး |
|
၂၂ |
ကသာခရိုင် |
၈၆၁,၂၈၃ |
၄၁၇,၇၁၀ |
၄၄၃,၅၇၃ |
၉၅,၃၂၇ |
၁၁.၁ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၂၃ |
သထုံခရိုင် |
၈၂၂,၁၇၂ |
၃၉၉,၇၁၆ |
၄၂၂,၄၅၆ |
၁၃၈,၀၉၇ |
၁၆.၈ |
မွန်ပြည်နယ် |
|
၂၄ |
ဘားအံခရိုင် |
၇၈၃,၅၁၀ |
၃၈၂,၃၂၇ |
၄၀၁,၁၈၃ |
၁၀၂,၄၀၅ |
၁၄.၃ |
ကရင်ပြည်နယ် |
|
၂၅ |
မြောင်းမြခရိုင် |
၇၈၁,၈၄၄ |
၃၈၁,၂၉၉ |
၄၀၀,၅၄၅ |
၉၄,၄၃၃ |
၁၂.၁ |
ဧရာဝတီတိုင်းဒေသကြီး |
|
၂၆ |
ကျောက်မဲခရိုင် |
၇၇၀,၀၆၅ |
၃၇၆,၁၀၃ |
၃၉၃,၉၆၂ |
၁၁၉,၄၆၉ |
၁၅.၅ |
ရှမ်းပြည်နယ် |
|
၂၇ |
မုံရွာခရိုင် |
၇၅၇,၃၅၈ |
၃၄၆,၂၄၇ |
၄၁၁,၁၁၁ |
၂၄၄,၁၄၄ |
၃၂.၂ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၂၈ |
ကျောက်ဆည်ခရိုင် |
၇၄၁,၀၇၁ |
၃၅၃,၁၂၆ |
၃၈၇,၉၄၅ |
၈၁,၅၀၃ |
၁၁ |
မန္တလေးတိုင်းဒေသကြီး |
|
၂၉ |
သရက်ခရိုင် |
၇၃၈,၀၄၇ |
၃၅၃,၈၈၇ |
၃၈၄,၁၆၀ |
၁၀၀,၀၃၃ |
၁၃.၆ |
မကွေးတိုင်းဒေသကြီး |
|
၃၀ |
မြိတ်ခရိုင် |
၆၉၃,၀၈၇ |
၃၄၅,၆၇၁ |
၃၄၇,၄၁၆ |
၁၅၀,၃၁၅ |
၂၁.၈ |
တနင်္သာရီတိုင်းဒေသကြီး |
|
၃၁ |
မင်းဘူးခရိုင် |
၆၈၇,၅၇၅ |
၃၂၂,၁၄၀ |
၃၆၅,၄၃၅ |
၆၈,၆၄၆ |
၁၀ |
မကွေးတိုင်းဒေသကြီး |
|
၃၂ |
မိုးညှင်းခရိုင် |
၆၇၃,၆၀၈ |
၃၇၅,၈၂၂ |
၂၉၇,၇၈၆ |
၁၄၇,၅၀၀ |
၂၁.၉ |
ကချင်ပြည်နယ် |
|
၃၃ |
မြောက်ဦးခရိုင် |
၆၆၉,၁၃၁ |
၃၀၉,၉၄၉ |
၃၅၉,၁၈၂ |
၉၀,၁၄၁ |
၁၃.၅ |
ရခိုင်ပြည်နယ် |
|
၃၄ |
ဒက္ခိဏခရိုင် |
၆၃၃,၇၄၅ |
၃၀၇,၁၆၁ |
၃၂၆,၅၈၂ |
၂၃၀,၀၀၈ |
၃၆.၃ |
နေပြည်တော် |
|
၃၅ |
လပွတ္တာခရိုင် |
၆၂၆,၅၅၈ |
၃၁၂,၀၃၉ |
၃၁၄,၅၁၉ |
၆၆,၃၁၈ |
၁၀.၆ |
ဧရာဝတီတိုင်းဒေသကြီး |
|
၃၆ |
လားရှိုးခရိုင် |
၆၁၂,၂၄၈ |
၂၉၉,၅၃၀ |
၃၁၂,၇၁၈ |
၂၂၄,၁၃၆ |
၃၆.၆ |
ရှမ်းပြည်နယ် |
|
၃၇ |
လွိုင်လင်ခရိုင် |
၅၆၅,၁၆၂ |
၂၇၆,၉၀၇ |
၂၈၈,၂၅၅ |
၁၂၈,၄၃၂ |
၂၂.၇ |
ရှမ်းပြည်နယ် |
|
၃၈ |
ယင်းမာပင်ခရိုင် |
၅၄၁,၈၃၅ |
၂၅၀,၉၇၇ |
၂၉၀,၈၅၈ |
၁၉,၃၄၁ |
၃.၆ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၃၉ |
စစ်တွေခရိုင် |
၅၃၅,၅၈၃ |
၂၄၈,၆၇၀ |
၂၈၆,၉၁၃ |
၁၃၃,၆၆၄ |
၂၅ |
ရခိုင်ပြည်နယ် |
|
၄၀ |
မြစ်ကြီးနားခရိုင် |
၅၃၁,၄၅၆ |
၂၆၃,၀၈၈ |
၂၆၈,၃၆၈ |
၃၁၄,၁၈၀ |
၅၉.၁ |
ကချင်ပြည်နယ် |
|
၄၁ |
ဥတ္တရခရိုင် |
၅၂၆,၄၉၇ |
၂၅၇,၉၉၂ |
၂၆၈,၅၀၅ |
၁၄၅,၁၈၁ |
၂၇.၆ |
နေပြည်တော် |
|
၄၂ |
စစ်ကိုင်းခရိုင် |
၅၂၀,၅၉၁ |
၂၄၀,၀၄၆ |
၂၈၀,၅၄၅ |
၁၀၅,၇၈၅ |
၂၀.၃ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၄၃ |
ရမည်းသင်းခရိုင် |
၅၁၈,၃၈၄ |
၂၄၄,၆၀၃ |
၂၇၃,၇၈၁ |
၅၉,၉၁၂ |
၁၁.၆ |
မန္တလေးတိုင်းဒေသကြီး |
|
၄၄ |
ကလေးခရိုင် |
၅၀၉,၃၆၈ |
၂၄၅,၄၄၄ |
၂၆၃,၉၂၄ |
၁၄၂,၇၉၂ |
၂၈ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၄၅ |
ထားဝယ်ခရိုင် |
၄၉၃,၅၇၆ |
၂၃၉,၀၇၃ |
၂၅၄,၅၀၃ |
၁၀၇,၉၅၆ |
၂၁.၉ |
တနင်္သာရီတိုင်းဒေသကြီး |
|
၄၆ |
ကော့ကရိတ်ခရိုင် |
၄၇၅,၁၉၁ |
၂၃၁,၂၁၀ |
၂၄၃,၉၈၁ |
၈၂,၈၆၁ |
၁၇.၄ |
ကရင်ပြည်နယ် |
|
၄၇ |
မူဆယ်ခရိုင် |
၄၅၃,၄၉၅ |
၂၂၇,၁၅၉ |
၂၂၆,၃၃၆ |
၁၆၄,၀၃၅ |
၃၆.၂ |
ရှမ်းပြည်နယ် |
|
၄၈ |
ကျောက်ဖြူခရိုင် |
၄၃၉,၉၂၃ |
၂၀၇,၃၀၈ |
၂၃၂,၆၁၅ |
၄၄,၅၀၀ |
၁၀.၁ |
ရခိုင်ပြည်နယ် |
|
၄၉ |
ခန္တီးခရိုင် |
၄၂၂,၆၉၂ |
၂၁၉,၅၇၈ |
၂၀၃,၁၁၄ |
၄၇,၂၁၉ |
၁၁.၂ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၅၀ |
ကျိုင်းတုံခရိုင် |
၃၆၆,၈၆၁ |
၁၈၇,၉၉၃ |
၁၇၈,၈၆၈ |
၇၂,၅၃၅ |
၁၉.၈ |
ရှမ်းပြည်နယ် |
|
၅၁ |
သံတွဲခရိုင် |
၃၅၇,၈၄၀ |
၁၇၄,၉၅၉ |
၁၈၂,၈၈၁ |
၆၃,၈၀၂ |
၁၇.၈ |
ရခိုင်ပြည်နယ် |
|
၅၂ |
ဗန်းမော်ခရိုင် |
၃၄၆,၅၂၀ |
၁၇၁,၀၇၇ |
၁၇၅,၄၄၃ |
၁၀၈,၅၆၁ |
၃၁.၃ |
ကချင်ပြည်နယ် |
|
၅၃ |
ဂန့်ဂေါခရိုင် |
၂၅၀,၈၅၈ |
၁၁၈,၈၂၅ |
၁၃၂,၀၃၃ |
၂၇,၉၃၄ |
၁၁.၁ |
မကွေးတိုင်းဒေသကြီး |
|
၅၄ |
လွိုင်ကော်ခရိုင် |
၂၄၃,၇၁၈ |
၁၁၉,၈၃၃ |
၁၂၃,၈၈၅ |
၆၂,၇၈၃ |
၂၅.၈ |
ကယားပြည်နယ် |
|
၅၅ |
မိုင်းဆတ်ခရိုင် |
၂၄၃,၅၇၁ |
၁၂၈,၅၉၀ |
၁၁၄,၉၈၁ |
၂၇,၇၇၅ |
၁၉.၈ |
ရှမ်းပြည်နယ် |
|
၅၆ |
မက်မန်းခရိုင် |
၂၄၁,၈၈၄ |
၁၂၄,၄၇၈ |
၁၁၇,၄၀၆ |
၁၇,၆၁၇ |
၇.၃ |
ရှမ်းပြည်နယ် |
|
၅၇ |
ညောင်ဦးခရိုင်³ |
၂၃၉,၉၄၇ |
၁၀၉,၄၇၆ |
၁၃၀,၄၇၁ |
၅၄,၃၄၃ |
၂၂.၆ |
မန္တလေးတိုင်းဒေသကြီး |
|
၅၈ |
ဟိုပန်ခရိုင် |
၂၂၈,၈၈၀ |
၁၁၆,၅၇၃ |
၁၁၂,၃၀၇ |
၂၉,၅၅၃ |
၁၂.၉ |
ရှမ်းပြည်နယ် |
|
၅၉ |
ကော့သောင်းခရိုင် |
၂၂၁,၇၃၈ |
၁၁၅,၈၇၅ |
၁၀၅,၈၆၃ |
၇၉,၁၄၈ |
၃၅.၇ |
တနင်္သာရီတိုင်းဒေသကြီး |
|
၆၀ |
မင်းတပ်ခရိုင်⁴ |
၂၁၂,၄၉၇ |
၁၀၀,၉၆၁ |
၁၁၁,၅၃၆ |
၃၅,၉၂၁ |
၁၆.၉ |
ချင်းပြည်နယ် |
|
၆၁ |
မြဝတီခရိုင် |
၂၁၀,၅၄၀ |
၁၀၇,၆၀၇ |
၁၀၂,၉၃၃ |
၁၁၆,၅၈၀ |
၅၅.၄ |
ကရင်ပြည်နယ် |
|
၆၂ |
တာချီလိတ်ခရိုင် |
၁၇၇,၃၁၃ |
၉၀,၁၂၄ |
၈၇,၁၈၉ |
၅၈,၇၆၇ |
၃၃.၁ |
ရှမ်းပြည်နယ် |
|
၆၃ |
ဖလမ်းခရိုင် |
၁၆၇,၅၇၈ |
၈၁,၂၄၂ |
၈၆,၃၃၆ |
၃၁,၃၇၅ |
၁၈.၇ |
ချင်းပြည်နယ် |
|
၆၄ |
မော်လိုက်ခရိုင် |
၁၆၄,၀၀၈ |
၇၈,၉၂၄ |
၈၅,၀၈၄ |
၁၈,၆၀၅ |
၁၁.၃ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၆၅ |
လောက်ကိုင်ခရိုင် |
၁၅၄,၉၁၂ |
၈၁,၁၀၄ |
၇၃,၈၀၈ |
၂၈,၁၈၃ |
၁၈.၂ |
ရှမ်းပြည်နယ် |
|
၆၆ |
လင်းခေးခရိုင် |
၁၃၉,၄၈၃ |
၇၀,၅၇၂ |
၆၈,၉၁၁ |
၄၃,၈၈၂ |
၃၁.၅ |
ရှမ်းပြည်နယ် |
|
၆၇ |
တမူးခရိုင် |
၁၁၄,၈၆၉ |
၅၇,၀၀၇ |
၅၇,၈၆၂ |
၅၉,၉၃၈ |
၅၂.၂ |
စစ်ကိုင်းတိုင်းဒေသကြီး |
|
၆၈ |
မိုင်းဖြတ်ခရိုင် |
၁၁၀,၄၄၆ |
၅၈,၀၈၃ |
၅၂,၃၆၃ |
၁၁,၉၂၆ |
၁၀.၈ |
ရှမ်းပြည်နယ် |
|
လူဦးရေ (၁,၀၀၀,၀၀) အောက်ရှိသောခရိုင်များ |
၆၉ |
ဟားခါးခရိုင် |
၉၈,၇၂၆ |
၄၇,၄၀၁ |
၅၁,၃၂၅ |
၃၂,၅၁၃ |
၃၂.၉ |
ချင်းပြည်နယ် |
|
၇၀ |
မောင်တောခရိုင် |
၉၆,၃၃၀ |
၄၈,၈၁၆ |
၄၇,၅၁၄ |
၂၂,၁၈၁ |
၂၃ |
ရခိုင်ပြည်နယ် |
|
၇၁ |
ပူတာအိုခရိုင် |
၉၁,၂၅၇ |
၄၅,၃၆၆ |
၄၅,၈၉၁ |
၂၂,၁၁၆ |
၂၄.၂ |
ကချင်ပြည်နယ် |
|
၇၂ |
ကွမ်းလုံခရိုင် |
၅၈,၇၇၄ |
၃၀,၉၀၀ |
၂၇,၈၇၄ |
၅,၅၄၉ |
၉.၄ |
ရှမ်းပြည်နယ် |
|
၇၃ |
ဘောလခဲခရိုင် |
၄၂,၉၀၉ |
၂၃,၃၈၀ |
၁၉,၅၂၉ |
၉,၆၃၅ |
၂၂.၅ |
ကယားပြည်နယ် |
|
၇၄ |
ဖာပွန်ခရိုင် |
၃၅,၀၈၅ |
၁၇,၉၈၃ |
၁၇,၁၀၂ |
၁၇,၃၂၀ |
၄၉.၄ |
ကရင်ပြည်နယ် |
|
1ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့နယ်များကိုပါ ထည့်သွင်းရေတွက်ထားသည်။ |
2ကန့်ဘလူခရိုင်ကို ဖွဲ့စည်းခြင်း မရှိသေးပေ။ |
3ကျောက်ပန်းတောင်းမြို့နယ်အား မြင်းခြံခရိုင်အတွင်း ထည့်သွင်းရေတွက်ထားသည်။ |
4မတူပီခရိုင်ကို ဖွဲ့စည်းခြင်း မရှိသေးပေ။ |
ပိတ်ရန်
နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
ဒေါ်မြစိန်။ The Administration of Burma။
ဦးကျော် (၁၉၉၄ ဇွန်)။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုကိုလေ့လာခြင်း။
နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)