ဗန်းမော်ခရိုင်
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ခရိုင် From Wikipedia, the free encyclopedia
ဗန်းမော်ခရိုင် သည် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ် ၄ ခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ဗန်းမော်မြို့ ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၀,၇၄၂.၉ စတုရန်းကီလိုမီတာ ဖြစ်သည်။[၁] ဗန်းမော်ခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၄၆,၅၀၃ ယောက်[၂] ဖြစ်သည်။
ဗန်းမော်ခရိုင် | |
---|---|
![]() ကချင်ပြည်နယ်အတွင်းတည်နေရာ | |
ကချင်ပြည်နယ်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 24°15′N 97°15′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကချင်ပြည်နယ် |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | ဗန်းမော်မြို့ |
ဧရိယာ | |
• စုစုပေါင်း | ၄၁၄၇.၉ စတုရန်းမိုင် (၁၀,၇၄၂.၉ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၁၄) | ၃၄၆,၅၀၃ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မြို့နယ်နှင့် မြို့များ

ဗန်းမော်မြို့နယ်
မံစီမြို့နယ်
မိုးမောက်မြို့နယ်
ရွှေကူမြို့နယ်
ဗန်းမော်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။ [၃]
ထိစပ်လျက်ရှိသော နယ်နမိတ်များ
ဗန်းမော်ခရိုင်နှင့် ထိစပ်လျက်ရှိသော ဒေသများမှာ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကျောက်မဲခရိုင် (ရှမ်းပြည်နယ်)၊ အနောက်ဘက်တွင် ကသာခရိုင် (စစ်ကိုင်းတိုင်းဒေသကြီး)၊ အနောက်မြောက်ဘက်တွင် မိုးညှင်းခရိုင်၊ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် မြစ်ကြီးနားခရိုင် တို့ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.