မုံရွာခရိုင်
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင် From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင် From Wikipedia, the free encyclopedia
မုံရွာခရိုင် (အင်္ဂလိပ်: Monywa District) သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်တစ်ခုဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မုံရွာမြို့ဖြစ်သည်။
မုံရွာခရိုင် | |
---|---|
ခရိုင် | |
စစ်ကိုင်းတိုင်းအတွင်းတည်နေရာ | |
စစ်ကိုင်းတိုင်းအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 22°07′N 95°08′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | မုံရွာမြို့ |
လူဦးရေ (၂၀၁၄) | ၇၅၇,၃၅၈ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မုံရွာခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ရှေးမြန်မာဘုရင်များ လက်ထက်က စစ်သားများ၊ စစ်သူရဲကောင်းများ အလွန်ထွက်သဖြင့် စစ်သားခရိုင် ဟူ၍လည်ကောင်း၊ အောက်ချင်းတွင်းခရိုင် ခေါ်ဆိုပြီး ကုန်းဘောင်ခေတ် မြန်မာ့တပ်မတော်၏ အမာခံ ဒေသကြီး တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄-၁၈၂၆) တွင်ထင်ရှားခဲ့သော စစ်သူကြီး မဟာဗန္ဓုလသည် အောက်ချင်းတွင်းခရိုင် အလုံတိုက်နယ် ငပယင်းရွာ ဇာတိဖြစ်သည်။ အောက်ချင်းတွင်းခရိုင်မှ ဒေသခံများအား ရွှေနန်းတော် လက်ဝဲဝင်း၊ လက်ယာဝင်း စသည့် ကိုယ်ရံတော် တပ်ဖွဲ့များနှင့် ဘုရင့် လှေတပ်တော်၊ ဖောင်တော် များတွင် အမှုထမ်းရန် ပုံမှန်စေလွှတ်ရကြောင်း ကုန်းဘောင်ခေတ် မှတ်တမ်းများအရ သိရသည်။ ယနေ့ခေတ်တွင်မူ မုံရွာခရိုင်သည် စစ်ကိုင်းတိုင်း ဒေသကြီး၏ အဓိက ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်လုပ်မှု အချက်အချာ ဒေသကြီး ဖြစ်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သည် မုံရွာခရိုင်တွင် အခြေစိုက်သည်။
မုံရွာမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဒေသတွင်း အဓိက အချက်အချာမြို့ကြီး ဖြစ်ရုံမက စစ်ကိုင်းတိုင်းဒေသကြီးတခုလုံးတွင် အကြီးဆုံးမြို့လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ကြီးများတွင်လည်း ပါဝင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၂၄၄,၁၄၄)ဦးရှိသည်။
မုံရွာခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး တောင်ပိုင်းတွင် တည်ရှိသည်။ ချင်းတွင်းမြစ်ဝှမ်း အောက်ပိုင်းဒေသဖြစ်သည်။
မုံရွာခရိုင်၏ အရှေ့ဘက်တွင် ရွှေဘိုခရိုင်နှင့် စစ်ကိုင်းခရိုင်၊ တောင်ဘက်တွင် စစ်ကိုင်းခရိုင်၊ အနောက်ဘက်တွင် ယင်းမာပင်ခရိုင်၊ မကွေးတိုင်းမှ ပခုက္ကူခရိုင်၊ မြောက်ဘက်တွင် ရေဦးခရိုင်တို့ တည်ရှိသည်။[1]
မုံရွာခရိုင်၏ မြေမျက်နှာသွင်ပြင်မှာ မြေပြန့်၊ တောင်ကုန်း၊ ချိုင့်ဝှမ်းများ ရောနှောနေသည်။ ချောင်းဦးနှင့် မုံရွာနယ်များတွင် ရေဝင်ရောက်တတ်သည့် မြေနိမ့်ပိုင်းများရှိကာ ချင်းတွင်းမြစ်ရေကြီးချိန်တွင် ထိုနေရာများသို့ ရေဝင်ရောက်တတ်ပြီး မြေဩဇာကောင်းမွန်ပါသည်။
ချင်းတွင်းမြစ်သည် ခရိုင်၏အနောက်ဘက်တွင် နယ်နိမိတ်အဖြစ် စီးဆင်းနေသည်။ ခရိုင်အတွင်း မြစ်၊ ချောင်းများ နည်းပါးပြီး စတဲချောင်း၊ ကံပြားချောင်း၊ လှည်းပြစ်ချောင်း၊ ဘူးခါးချောင်း၊ ကန်နီချောင်း တို့ စီးဆင်းနေသည်။ မူးမြစ်သည် အရာတော်မြို့နယ်၏ အရှေ့ဘက်တွင် ရွှေဘိုခရိုင်နှင့် နယ်နိမိတ်အဖြစ် စီးဆင်းနေသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မုံရွာခရိုင်၏ လူဦးရေမှာ (၇၅၇,၃၅၈)ဦးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ တတိယမြောက်အများဆုံး ခရိုင်ဖြစ်သည်။ မုံရွာခရိုင်တွင် မြို့ပြနေလူဦးရေ (၂၄၄,၁၄၄)ဦးဖြစ်ကာ မြို့ပြနေလူဦးရေမှာ ၃၂.၂ ရာခိုင်နှုန်းဖြစ်သည်။ မုံရွာမြို့နယ်သည် လူဦးရေအများဆုံးဖြစ်ကာ ချောင်းဦးမြို့နယ်သည် လူဦးရေအနည်းဆုံးဖြစ်သည်။ မုံရွာခရိုင်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ချင်း၊ကရင်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ ခရိုင်အတွင်း အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများလည်း နေထိုင်ကြသည်။
ခုနှစ် | လူဦးရေ | ±% |
---|---|---|
၂၀၁၄ | ၇၅၇၃၅၈ | — |
Source: ၂၀၁၄ သန်းခေါင်စာရင်း[2] |
မုံရွာခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေးကောင်းမွန်သော ဒေသဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်နှင့်အောက်ဆုံစည်းရာလည်းဖြစ်သည်။ စိုက်ပျိုးရေး၊ ရောင်းဝယ်ရေး၊ ကြိုးကျစ်လုပ်ငန်း၊ ထန်းခေါက်တောင်းယက်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ချည်ထိုးလုပ်ငန်း၊ ထန်းလျက်၊ သနပ်ခါး၊ ပဲအမျိုးမျိုး၊ ဆန်စပါး၊ ဆီထွက်သီးနှံများကို ရန်ကုန်၊ မန္တလေး၊ ရွှေဘို အစရှိသည့် မြို့ကြီးများသို့ တင်ပို့သည်။
မုံရွာမြို့တွင် လေယာဉ်ကွင်းရှိသည်။ ခရိုင်အတွင်း ရထားလမ်းများလည်းရှိသည်။ မုံရွာခရိုင်သည် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းလမ်းများ ဆုံစည်းရာဒေသဖြစ်သည်။ မုံရွာမြို့နယ်မှ ချင်းတွင်းတံတား (မုံရွာ)ကိုဖြတ်၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းသို့လည်းကောင်း၊ ချောင်းဦးမြို့နယ်မှ ဆင်ဖြူရှင်တံတားကိုဖြတ်၍ မကွေးတိုင်းသို့လည်းကောင်း၊ မန္တလေး-မုံရွာလမ်းမှ မန္တလေးတိုင်းသို့လည်းကောင်း လွယ်ကူစွာသွားလာနိုင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.