ချို၍ စားသုံးနိုင်သည့် အသီး From Wikipedia, the free encyclopedia
ပန်းသီးသည် ချို၍ စားနိုင်သည့် သစ်သီး ဖြစ်သည်။ ပန်းသီးပင် (Malus pumila ) မှ သီးသည့် အသီး ဖြစ်သည်။ ပန်းသီးပင်များကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ ပန်းသီးပင်များ၏ မူလပေါက်ရောက်ရာ ဒေသသည် အာရှတိုက်အလယ်ပိုင်း ဖြစ်သည်။ ပန်းသီးပင်သည် genus Malus ၏ မျိုးစိတ်ဖြစ်သည်။ ထိုအာရှတိုက်အလယ်ပိုင်းတွင် ယခုထက်တိုင် ပန်းသီးပင်များ၏ မျိုးဆက်အရိုင်းပင် Malus sieversii များကို တွေ့နိုင်ပေသည်။ ပန်းသီးပင်များကို အာရှတိုက်နှင့် ဥရောပတိုက်တွင် ထောင်စုနှစ်များက စိုက်ပျိုးခဲ့ပြီး မြောက်အမေရိကတိုက်သို့ ဥရောပကိုလိုနီခေတ်တွင် သယ်ဆောင်စိုက်ပျိုးခဲ့သည်။ ပန်းသီးသည် ယုံကြည်မှု၊ ဒဏ္ဍာရီစသည်တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ကို ခရစ်ယာန်၊ ဂရိနှင့် Norse စသည်တို့တွင် တွေ့နိုင်သည်။
ပန်းသီး | |
---|---|
အသီး | |
အပွင့်များ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Rosales |
မျိုးရင်း: | Rosaceae |
မျိုးဇာတ်သေး: | Malinae |
မျိုးစု: | Malus |
မျိုးစိတ်: | M. pumila |
ဒွိနာမ | |
Malus pumila Miller, 1768 | |
Synonyms[1][2] | |
|
ပန်းသီးပင်သည် အစေ့မှ စိုက်ပျိုးပါက ကြီးထွားကြသည်။ ပုံမှန်အားဖြင့် ပန်းသီးပင်စိုက်ပျိုးသူများသည် ကိုင်းဆက်သည့်နည်းလမ်းကို အသုံးပြုကြသည်။ ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် ပန်းသီးပင်၏ အရွယ်အစားကို ထိန်းချုပ်နိုင်ပေသည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ပန်းသီးထုတ်လုပ်မှုသည် တန်ချိန် ၈၃.၁ သန်းရှိသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် စုစုပေါင်းထုတ်လုပ်မှု၏ ၄၉.၈ ရာခိုင်နှုန်း ရှိသည်။[3]
ပန်းသီးပင်သည် အမြင့် ၆ ပေမှ ၁၅ ပေအထိ ရှိ၏။ အလေ့ကျပေါက်သည့်အပင်များတွင် ပေ ၃၀ အထိ ရှိတတ်ကြသည်။ စိုက်ပျိုးထုတ်လုပ်သည့်အခါတွင်မူ ပန်းသီးပင်၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ ကိုင်းအရေအတွက် စသည်တို့ကို သတ်မှတ်ကာ စိုက်ပျိုးကြသည်။[4]
ပန်းသီးပင်ကို စိုက်ပျိုးထုတ်လုပ်သူများသည် ၇၅၀၀ အထက် ရှိ၏။ စိုက်ပျိုးထုတ်လုပ်သူများသည် ပန်းသီးပင်၏ အရွယ်အစားကို အမျိုးမျိုးဖြင့် စိုက်ပျိုးကြသည်။ မတူညီသည့် စိုက်ပျိုးထုတ်လုပ်သူများသည် အပူချိန်၊ ရာသီဥတု စသည်တို့သည်လည်း တူညီမှု မရှိကြပေ။[5][6][7]
ပန်းသီးပင်များသည် အစေ့မှတစ်ဆင့် တဖြည်းဖြည်းကြီးထွားလာကြသည်။ သို့သော် ပန်းသီးပင်စိုက်ပျိုးသူများသည် ပိုမိုချိုမြိန်သော အသီးရရန်နှင့် အခြားသော အသွင်အပြင်ပြုပြင်မှုများ ပြုလုပ်နိုင်ရန် ပန်းသီးပင်များကို ကိုင်းကူးသည့် နည်းဖြင့် စိုက်ပျိုးလာကြသည်။[8]
ပန်းသီးများသည် လအချို့ခန့်သာ ထိန်းသိမ်းထားနိုင်သည်။ အိမ်များတွင်မူ ရေခဲသေတ္တာ၏ အအေးဆုံးအခန်းတွင် ထိန်းသိမ်းလေ့ရှိကြပြီး ခန့်မှန်းခြေ နှစ်ပတ်ခန့် ထားနိုင်သည်။ အချို့သော ပန်းသီးအမျိုးစားများဖြစ်သည့် (ဥပမာ - Granny Smith and Fuji) သည် အခြားသော ပန်းသီးအမျိုးအစားများထက် သုံးဆခန့် ထားရှိနိုင်ကြသည်။[9][10]
၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ပန်းသီးထုတ်လုပ်မှုသည် တန်ချိန် ၈၉.၃ သန်း ရှိ၏။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် ၅၀ ရာခိုင်နှုန်း ရှိခဲ့သည်။ European Union သည် ကမ္ဘာတစ်ဝန်းထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်း ရှိခဲ့သည်။ အခြားသော အဓိက ထုတ်လုပ်သူများသည် ၅ ရာခိုင်နှုန်း (သို့မဟုတ်) ထို့အောက် ထုတ်လုပ်ခဲ့သည်။[3]
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး | |
---|---|
စွမ်းအင် | ၂၁၈ kJ (၅၂ kcal) |
13.81 g | |
သကြား | 10.39 |
Dietary fiber | 2.4 g |
အဆီဓာတ် | 0.17 g |
ပရိုတိန်း | 0.26 g |
ဗီတာမင်များ | |
ဗီတာမင် အေ beta-carotene lutein zeaxanthin | (0%) 3 μg(0%) 27 μg29 μg |
Thiamine (B1) | (1%) 0.017 mg |
Riboflavin (B2) | (2%) 0.026 mg |
Niacin (B3) | (1%) 0.091 mg |
Pantothenic acid (B5) | (1%) 0.061 mg |
ဗီတာမင် ဘီ6 | (3%) 0.041 mg |
Folate (B9) | (1%) 3 μg |
ဗီတာမင် စီ | (6%) 4.6 mg |
ဗီတာမင် အီး | (1%) 0.18 mg |
ဗီတာမင် ကေ | (2%) 2.2 μg |
သတ္တုဓာတ်များ | |
ကယ်လဆီယမ် | (1%) 6 mg |
သံဓါတ် | (1%) 0.12 mg |
မဂ္ဂနီစီယမ် | (1%) 5 mg |
မက်ဂနိစ် | (2%) 0.035 mg |
ဖော့စဖရပ် | (2%) 11 mg |
ပိုတက်ဆီယမ် | (2%) 107 mg |
ဆိုဒီယမ် | (0%) 1 mg |
သွပ် | (0%) 0.04 mg |
အခြားပါဝင်ပစ္စည်း | |
ရေ | 85.56 g |
Fluoride | 3.3 µg |
| |
Percentages are roughly approximated using US recommendations for adults. |
ပုံမှန်ပန်းသီးသည် ၂၄၂ ဂရမ် လေး၏။ ၁၂၆ ကယ်လိုရီ ပါဝင်သည်။[11]
ပန်းသီးသည် အစေ့မှလွဲ၍ အခွံ၊ အခြားသော အစိတ်အပိုင်းအားလုံးသည် စားသုံးရန် သင့်လျော်၏။ အစေ့များပါဝင်သည့် အူလမ်းကြောင်းကို စားလေ့မရှိကြပေ။[12]
ပန်းသီးအစေ့မှ အဆီထုတ်ခြင်းလည်း ပြုလုပ်နိုင်သည်။[13]
ပန်းသီးတွင် ပါဝင်သည့် အာဟာရများသည် အချို့သော ကင်ဆာရောဂါများကို ကာကွယ်ပေးသည်။[14]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.