![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/d3/ESO-M87.jpg/640px-ESO-M87.jpg&w=640&q=50)
Virgo Cluster
From Wikipedia, the free encyclopedia
ဗာဂိုး ဂယ်လက်ဆီအုပ်စု (အင်္ဂလိပ်: Virgo Cluster) သည် ဂယ်လက်ဆီအုပ်စုတစ်ခုဖြစ်ပြီး ယင်း၏ဗဟိုသည် ဗာဂိုး ကြယ်စုတန်းနှင့်ဝေးရာမှ 53.8 ± 0.3 Mly (16.5 ± 0.1 Mpc) တွင်ရှိသည်။[2] အဖွဲ့ဝင်ဂယ်လက်ဆီ ၁၃၀၀ နီးပါးခန့် (၂၀၀၀ အထက်ဖြစ်နိုင်သည်) ပါဝင်သည်။[3] အဖွဲ့ကိုယ်တိုင်သည်လည်း ပိုကြီးမားသော ဗာဂိုး မဟာဂယ်လက်ဆီအုပ်စု (Virgo Supercluster)၏ အလယ်ဗဟိုတွင်တည်ရှိကာ Local Group သည် အပြင်ဘက်ကျသော အဖွဲ့ဝင်တစ်ခုဖြစ်သည်။ Virgo Cluster ၏ ထုထည်သည် နေစကြဝဠာထုထည်ပေါင်း ၁.၂×၁ဝ၁၅ ရှိသည်ဟု ခန့်မှန်းထားသည်။ ဘဲဥပုံစံ Messier 87 ဂယ်လက်ဆီကဲ့သို့သော တောက်ပသည့် ဂယ်လက်ဆီပေါင်းများစွာအား ၁၇၇၀ ခုနှစ်နောက်ပိုင်းနှင့် ၁၇၈၀ အစောပိုင်းကာလများတွင် ရှာဖွေ့တွေ့ရှိခဲ့သည်။ ချားလ် မက်ဆီယာ သည် ကြယ်များမပါသော နက်ဗျူလာများအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ယင်းတို့၏ ပင်ကိုသဘာဝအမှန်ကိုမူ ၁၉၂၀ ခုနှစ်ထိ မသိခဲ့ပေ။[4] cluster ၏အဖွဲ့ဝင် ဂယ်လက်ဆီများစွာအား တယ်လီစကုပ်အသေးစားဖြင့် မြင်နိုင်သည်။ အတောက်ပဆုံး အဖွဲ့ဝင်မှာ ဘဲဥပုံစံ Messier 49 ဖြစ်သည်။ သို့စေကာမူ အထင်ရှားဆုံးအဖွဲ့ဝင်မှာ ဘဲဥပုံစံ Messier 87 ဂယ်လက်ဆီဖြစ်သည်။ မတူညီသည်မှာ ယခင်တစ်ခုသည် အလယ်ဗဟိုတွင် တည်ရှိနေသည်။
ဗာဂိုး ဂယ်လက်ဆီအုပ်စု | |
---|---|
![]() Virgo Cluster သည် အဖွဲ့ဝင်ဂယ်လက်ဆီများကြားတွင် ပြန့်ကျဲသောအလင်းကို ပြနေသည်။
Messier 87 သည် အကြီးမားဆုံး ဂယ်လက်ဆီဖြစ်သည် (ဘယ်ဘက်အောက်)။ | |
လေ့လာရေးဒေတာ (Epoch J2000) | |
ကြယ်စုတန်း | ဗာဂိုး ကြယ်စုတန်း၊ ကိုမာ ဘီရင်နီဆပ်စ် |
ညာဘက်တိမ်းစောင်းမှု | 12° 27′[1] |
နိမ့်ဆင်းမှု | +12° 43′[1] |
အတောက်ပဆုံး အဖွဲ့ဝင် | Messier 49 |
ဂလက်ဆီအရေအတွက် | ~၁၅၀၀[1] |
Bautz–Morgan classification | III [1] |
အခြားကြည့်ရန်: ဂလက်ဆီ အုပ်စု၊ ဂလက်ဆီ အစုအပြုံ၊ ဂလက်ဆီ အစုအပြုံ စာရင်း |