မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Medieval Metal သည် folk metal ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး medieval folk ဂီတနှင့်အတူ heavy metal (သို့) hard rock ကို ရောစပ်ထားသည်။ medieval metal သည် ဂျာမနီနိုင်ငံတွင် ကန့်သတ်ထားပြီး mittlelalter-metal (သို့) mittelalter-rock ဟုလည်း သိကြသည်။[1][2] အမျိုးအစားသည် ၁၉၉၀ ခုနှစ်များအလယ်တွင် ပေါ်ထွက်လာခဲ့သည်။ ကူညီထောက်ပံ့ခဲ့သည့် တီးဝိုင်းများမှာ Subway to Sally, In Extremo နှင့် Schandmaul တို့ဖြစ်သည်။ ပုံစံသည် traditional folk နှင့် medieval အမျိုးမျိုးတူရိယာများကို အသုံးပြုထားသည်။

အချက်တိုများ ဖန်တီးသူ သို့ ဇာတိ, ယဉ်ကျေးမှု ဇာတိ ...
ပိတ်ရန်

သမိုင်းကြောင်း

အရင်

Thumb
Corvus Corax တီးဝိုင်း

Medieval folk တီးဝိုင်း Corvus Corax ကို ၁၉၈၉ တွင် တည်ထောင်ခဲ့သည်။ ထိုနှစ်အတွင်းတွင် ပထမဆုံး album ထွက်ရှိခဲ့သည်။ အုပ်စုသည် Cister, hurdy-gurdy, biniou, buccina, davul, riq နှင့် Cornetto Curvo တူရိယာများကို အားထားသည်။ shawm နှင့် bagpipe များကို ထင်ထင်ရှားရှားအသုံးပြုထားသည်။ medieval စာပေများမှ တေးဂီတများကို မွေးစားထားသည်။ ယခင် medieval ဂီတထက်ပို၍ အားကောင်းသည်။ အင်္ဂလိပ် folk metal တီးဝိုင်း Skyclad သည် ဤအမျိုးအစားကို လှုံ့ဆော်လာပြီး ၁၉၉၀ တွင် သူတို့သည် သူတို့၏ “The Wayward Sons of Mother Earth” album ၏ track များတွင် တယောများကို ပေါင်းထည့်ခဲ့သည်။ ထို album တွင် ပါဝင်သော The Widdershins Jig သည် အရေးပါသော ပထမဆုံး metal ဟု ချီးကျူးခံရသည်။ folk metal ကို စတင်တီထွင်သည်သာမက medieval metal တီးဝိုင်းများကိုပါ လှုံ့ဆော်ခဲ့သည်။

မူရင်းဇစ်မြစ်

အရှေ့ဂျာမနီတီးဝိုင်း Subway to Sally ကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ folk rock တီးဝိုင်းဖြစ်ပြီး သီဆိုပုံမှာ အိုင်ယာလန်နှင့် စကော့တလန် ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ပေါင်းစပ်ထားသည်။ သူတို့၏ ဒုတိယ album MCMXCV ကို ၁၉၉၅ တွင် ဖြန့်ချိခဲ့ပြီး ဂျာမနီဘာသာဖြင့် သီဆိုခဲ့သည်။ Skyclad တီးဝိုင်း၏ လွှမ်းမိုးမှုများ ပါဝင်သည်။ Subway to Sally သည် hard rock နှင့် heavy metal ဂီတတို့၏လွှမ်းမိုးမှုများ ပါဝင်သည်။ သူတို့၏ ဇာတိဖြစ်သော ဂျာမနီတွင် အောင်မြင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် Noah နှင့် Corvus Corax တို့ ပူးပေါင်းပြီး Berlin မြို့တွင် ဖျော်ဖြေခဲ့သည်။[3] သူတို့သည် Weckt die Tolen! ကို ၁၉၉၈ တွင် ဖြန့်ချိခဲ့သည်။ သူတို့သည် ဂျာမနီသီချင်းစာရင်းတွင် အောင်မြင်ခဲ့သည်။ သူတို့၏ ပုံစံသည် medieval ဂီတနှင့် heavy metal ကို ရောစပ်ထားသည် သာမက industrial နှင့် electronic တီးလုံးများကိုပါ ရောနှောခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် Schandmaul ၏ album ထွက်လာခဲ့သည်။ Bavarian တူရိယာပစ္စည်းများကို အသုံးပြုခဲ့သည်။ bagpipe, barrel-org shawn, violin နှင့် mandolin တို့ ပါဝင်သည်။ သူတို့မူရင်းဇာတိဖြစ်သော ဂျာမနီတွင် အောင်မြင်ခဲ့သည်။ အခြားအုပ်စုများသည် ၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ အစောပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ Letzte Instanz, Morgenstern နှင့် Schattentantz တို့ပါဝင်သည်။

ဂီတဆိုင်ရာ ဝိသေသလက္ခဏာများ

Medieval rock သည် heavy metal ဂီတတွင် ပါဝင်သော တူရိယာများကို တွေ့ရှိရသည်။ သူတို့၏ အသံတွင် ဖြည့်စွက်ချက်အနေဖြင့် folk နှင့် ရိုးရာတူရိယာများကို အသုံးပြုထားသည်။ woodwind တူရိယာများဖြစ်သော bagpipes, flute နှင့် shawm တို့ကို Corvus Corax Tanzwut တို့၏ ဂီတထဲတွင် တွေ့ရှိရသည်။ Extremo, Schandmaul, Morgernstern, Schattentantz နှင့် Subway to Sally တို့တွင် ကြိုးတပ်တူရိယာများဖြစ်သော violin, lute, hardy-gurdy, cello, harp နှင့် mandolin တို့ကို အသုံးပြုထားသည်။ ဤအမျိုးအစားထဲတွင် တီးဝိုင်းများကို ဂျာမနီတွင် တွေ့ရသည်။ Subway to Sally, Schandmaul, Morgenstern နှင့် Letzte Instanz တို့ပါဝင်သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.