Neue Deutsche Harte (NDH) သည် rock ဂီတ၏ မျိုးခွဲတစ်မျိုးဖြစ်သည်။ “New German Hardness” ဟု အမည်ရသည်။ Neue Deutsche Welle ၏ပုံစံတစ်မျိုးဖြစ်သည်။ ၁၉၉၅တွင် Rammstein ၏ “Herzeleid” ထုတ်ဝေပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။
Neue Deutsche Härte | |
---|---|
ဖန်တီးသူ သို့ ဇာတိ | Neue Deutsche Welle, alternative metal, groove metal, industrial, electronica, techno |
ယဉ်ကျေးမှု ဇာတိ | ၁၉၉၀ ခုနှစ်များ အလယ်ပိုင်း၊ ဂျာမနီနိုင်ငံ |
Neue Deutsche Harte သည် crossover ပုံစံဖြစ်ပြီး New German Wave, alternative metal နှင့် groove metal တို့ကို industrial, electronic နှင့် techno တို့မှ အစိတ်အပိုင်းတို့ကို ပေါင်းစပ်ပြီး လွှမ်းမိုးနေသည်။ စာသားများမှာ အများအားဖြင့် ဂျာမန်ဘာသာဖြင့် ဖြစ်သည်။ NDH သည် electric guitar, bass guitar, drum နှင့် vocal, keyboard, synthesizer နှင့် sampling တို့ကို အသုံးပြုထားသည်။ syllable နှင့် အက္ခရာများဖြင့် လေးနက်ထင်ရှားစေသည်။ အဆိုများမှာ ကြည်လင်သောအသံများဖြင့် နက်ရှိုင်းစွာ စိုးမိုးနေသည်။ တီးဝိုင်းအချို့မှာ စူးရှသံများနှင့် death growl များဖြင့် သီဆိုကြသည်။ အုပ်စုနှင့်သီချင်းပေါ်တွင် မှီတွယ်သည်။ ဂီတာများမှာ tuned low, drop D (သို့) C ဖြစ်သည်။ heavily distorted ပုံစံမျိုးဖြစ်သည်။
NDH ပုံစံ၏မူလအစကို Oomph! တီးဝိုင်း၏ ဒုတိယမြောက် album “Sperm” (၁၉၉၄)နှင့် Rammstein ၏ Herzeleid (၁၉၉၅) တို့တွင် တွေ့နိုင်သည်။ ထိုနေ့များတွင် Oomph! ၏ အကြီးမားဆုံး လွှမ်းမိုးမှုများမှာ groove metal တီးဝိုင်းများဖြစ်သော Prong, Pantera နှင့် Sepultura တို့ဖြစ်သည်။ Rammstein သည် Oomph! ၏ ဂီတလှုံဆော်မှုကြောင့် ဤဂီတထဲသို့ လည်ပတ်လာခြင်းဖြစ်သည်။ Laibach တီးဝိုင်း၏ပုံစံသည်လည်း အကျော်ကြားဆုံးဖြစ်လာခဲ့သည်။ NDH သည် continental Europe တွင် အောင်မြင်ခဲ့သည်။ Rammstein တီးဝိုင်းသည် ဂျာမန်တွင် ၄ သန်းကျော် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဩစတေးလျ၊ ဘယ်ဂျီယန်၊ ချက်၊ ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ရိုမန်နီးယား၊ ဆွီဒင်၊ ဆွီဇာလန်နှင့် ဖင်လန်နိုင်ငံများတွင် ရွှေနှင့် ပလက်တီနမ် မှတ်တမ်းတင်ခဲ့သည်။ Oomph တီးဝိုင်းသည် ၂၀၀၄ ခုနှစ်တွင် ဩစတေးလျနှင့် ဂျာမနီတွင် သူတို့၏ single သီချင်း Augen Auf! နှင့်အတူ gold record ရရှိခဲ့သည်။ Eisbrecher ၏ ၂၀၀၄ ခုနှစ် ပွဲဦးထွက် album သည် Deutschen Alternative Top 20 chart တွင် နံပါတ်၁၃နေရာသို့ ရောက်ရှိခဲ့သည်။ ဒုတိယမြောက် album “Antikorper” သည် ဂျာမနီအဓိကသီချင်းစရင်းတွင် ၈၅ နေရာသို့ ရောက်ရှိခဲ့သည်။ အခြား NDH အုပ်စုများမှာ Megaherz, Stahlhammer, Stahlmann, Fleischmann တို့ဖြစ်သည်။
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.