၂၀၀၂ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၀၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2002 Asian Games) သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့ ၌ ၂၀၀၂ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့မှ အောက်တိုဘာ ၁၄ရက်နေ့အထိ ကျင်းပခဲ့သော ၁၄ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၁၉၈၆ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၂၀၀၂ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ကင်ဒေးဂျုံမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | New Vision, New Asia[1] (ကိုရီးယား: 새로운 비전, 새로운 아시아) (saeloun bijeon, saeloun asia) | ||
ပါဝင်သော နိုင်ငံများ | ၄၄ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၇,၇၁၁ | ||
ကစားပွဲအမျိုးအစား | ၄၁၉ (၃၈နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၉ စက်တင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၄ အောက်တိုဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ကင်ဒေးဂျုံ တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Samih Moudallal အာရှ အိုလံပစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ | ||
Athlete's Oath | Moon Dae-sung၊ Ryu Ji-hye | ||
Torch Lighter | Ha Hyung-joo၊ Kye Sun-hui | ||
အဓိကအားကစားကွင်း | ဘူဆန်အာရှ ပင်မအားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | busanasiangames.org | ||
|
နိုင်ငံ (၄၄)နိုင်ငံမှ အားကစားသမား (၇,၇၁၁)ဦးတို့သည် အားကစားနည်း (၃၈)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဘူဆန်အာရှ ပင်မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ဘူဆန်မြို့သည် တောင်ကိုရီးယားနိုင်ငံတွင် ဆိုးလ်မြို့ပြီးနောက် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ဒုတိယမြောက်မြို့ ဖြစ်လာခဲ့သည်။ အားကစားပွဲတော်ကို အနီးအနားရှိမြို့များဖြစ်ကြသည့် အောလ်ဆန်မြို့၊ ချန်ဝမ်မြို့၊ မာဆန်မြို့နှင့် ယန်ဆန်မြို့များတွင်လည်း ခွဲဝေ ကျင်းပခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ရွှေတံဆိပ် (၉၅)ခုဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဂျပန်ရေကူးအားကစားသမား Kosuke Kitajima သည် အကောင်းဆုံးအားကစားသမား (MVP) အဖြစ် ကြေညာခံခဲ့ရသည်။