![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/28/Seal_of_the_President_of_the_Republic_of_Korea.svg/langmy-640px-Seal_of_the_President_of_the_Republic_of_Korea.svg.png&w=640&q=50)
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ
ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့နှင့် နိုင်ငံတော် အကြီးအကဲ / From Wikipedia, the free encyclopedia
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ တရားဝင်အားဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတ (အင်္ဂလိပ်: President of the Republic of Korea) သည် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ၏ အကြီးအမှူးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲဖြစ်သကဲ့သို့ အစိုးရအဖွဲ့အကြီးအကဲလည်းဖြစ်သည်။ အမျိုးသားအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးမဏ္ဏိုင်မှ အုပ်ချုပ်ရေးအကြီးအကဲလည်းဖြစ်သည်။ ထို့အပြင် ကိုရီးယားတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သည်။ လက်ရှိ သမ္မတမှာ ယွန်းဆော့ယောဖြစ်သည်။
ကိုရီးယားသမ္မတနိုင်ငံ ၏
သမ္မတ 대한민국 대통령 | |
---|---|
![]() သမ္မတ၏ အထိမ်းအမှတ်တံဆိပ် | |
![]() သမ္မတ၏ အထိမ်းအမှတ်အလံ | |
အမျိုးအစား | နိုင်ငံတော်အကြီးအကဲ အစိုးရအဖွဲ့အကြီးအကဲ |
အတိုကောက် | POTROK, POSK |
အဖွဲ့ဝင် |
|
စံအိမ် | သမ္မတရုံးအဆောက်အဦး၊ ဆိုးလ်မြို့ |
ရုံးတည်နေရာ | ဆိုးလ်မြို့ |
ခန့်အပ်သူ | သမ္မတရွေးကောက်ပွဲ |
သက်တမ်း | ၅နှစ် ပြန်လည်ရွေးကောက်ခံခွင့်မရှိ[1] |
ဖွဲ့စည်းပုံ အခြေခံဥပဒေ | တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ |
ယခင် | ကိုရီးယားသမ္မတနိုင်ငံ ယာယီအစိုးရ သမ္မတ |
ဖွဲ့စည်းခြင်း | ၂၄ ဇူလိုင် ၁၉၄၈; ၇၅ နှစ် အကြာက (၁၉၄၈-၀၇-24) |
ပထမဆုံး ထမ်းဆောင်သူ | ရီဆွန်းမန်း |
အခြားအမည် | တောင်ကိုရီးယားသမ္မတ |
လက်ထောက် | နိုင်ငံတော်ဝန်ကြီးချုပ် |
လစာ | နှစ်စဉ် ၂၄၀,၆၄၈,၀၀၀ ဝမ် (၂၀၂၁) annually (2021)[2] |
ဝက်ဘ်ဆိုဒ် | (in အင်္ဂလိပ်) english.president.go.kr (in ကိုရီးယား) president.go.kr |
အခြေခံဥပဒေနှင့် ၁၉၈၇ သမ္မတရွေးချယ်တင်မြှောက်ခြင်း ဥပဒေအရ သမ္မတအား ပြည်သူများမှ တိုက်ရိုက်လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ကြသည်။[3] ထိုဥပဒေမတိုင်မီက သမ္မတကို (၁၆)နှစ်ကြာ တိုက်ရိုက်ရွေးချယ်ခဲ့ခြင်းမရှိပေ။ သမ္မတရာထူး လစ်လပ်သွားပါက ရက်ပေါင်း (၆၀)အတွင်း ပြန်လည်ရွေးချယ်ကြရသည်။ ထိုအချိန်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ဝတ္တရားများကို ပူးတွဲထမ်းဆောင်သည်။ ဝန်ကြီးချုပ်က တာဝန်ထမ်းဆောင်နိုင်သည့်အခြေအနေမရှိပါက အစိုးရအဖွဲ့အတွင်း သတ်မှတ်ချက်များအတိုင်း အခြားသူများက အစဉ်လိုက် တာဝန်ယူရသည်။ သမ္မတသည် အစိုးရအိမ်တော်တွင် နေထိုင်ခွင့်ရှိပြီး ထိုအတောအတွင်းတွင် နိုင်ငံတော်ပုန်ကန်မှုမှလွဲ၍ အခြားကိစ္စများအတွက် အရေးယူခံရခြင်း မရှိပေ။