၁၉၇၀ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၁၉၇၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1970 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၇၀ပြည့်နှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၆ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၀ပြည့်နှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ဘန်ကောက်မြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၁၈ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၂,၄၀၀ | ||
ကစားပွဲအမျိုးအစား | ၁၃၅ (၁၃နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၀ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဘော အဒူလျာဒက် (ဘုရင်) | ||
အဓိကအားကစားကွင်း | စူပါချာလာဆိုင် အားကစားကွင်း | ||
|
နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၂,၄၀၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
၁၉၇၀ပြည့်နှစ်အတွက် မူလအိမ်ရှင်မှာ ကိုရီးယားသမ္မတနိုင်ငံဖြစ်သည်။ သို့သော် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မှ ခြိမ်းခြောက်မှုများနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များကြောင့် ပြိုင်ပွဲကျင်းပခွင့်ကို ဆုံးရှုံးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံမှ လက်ခံကျင်းပခဲ့သည်။