AK-47 From Wikipedia, the free encyclopedia
အေကေ - ၄၇ ချေမှုန်းရေး ရိုင်ဖယ်ကို ရုရှား နိုင်ငံမှ မီခေးလ် ကလာစနီကော့ဗ် (Mikhail Kalashnikov) က ဒီဇိုင်းဆွဲ၍ ၁၉၄၇ ခုနှစ်၏ အကောင်းဆုံး မောင်းပြန်ရိုင်ဖယ် ဒီဇိုင်းဆုကို ရရှိခဲ့သည်။ AK 47 နှင့် AKS 47 ဟူ၍ နှစ်မျိုး ထုတ်လုပ်ခဲ့သည်။ ၁၉၄၉ တွင် ဆိုဗီယက် တပ်နီတော်၏ တပ်များအတွက် စတင်အသုံးပြုခဲ့သည်။ ယခင် ဝါဆော နိုင်ငံများ၏ အဓိက ချေမှုန်းရေး ရိုင်ဖယ် ဖြစ်သည်။ အေကေ-၄၇ ၏ စကားလုံးရင်းမြစ်မှာ တီထွင်သူ Avtomat Mikhail Kalsshnikov မှ ၁၉၄၇ ခုနှစ်တွင် တီထွင်ခဲ့သည်ဟု အမှတ်အသားပြုသည့်အနေဖြင့် သူ့နာမည် ရှေ့စာလုံး A နှင့် နောက်နာမည်မှ K ကိုယူကာ AK-47 ဟုနာမည်ပေးခဲ့ခြင်းဖြစ်သည်။
အေကေ-၄၇[1] | |
---|---|
Standard AK-47 | |
အမျိုးအစား | ချေမှုန်းရေး ရိုင်ဖယ် |
မူလထုတ်လုပ်ရာ | ဆိုဗီယက် ပြည်ထောင်စု |
သုံးစွဲမှု မှတ်တမ်း | |
တာဝန်ထမ်းချိန် | ၁၉၄၉ မှ ယခု အထိ |
ထုတ်လုပ်မှု မှတ်တမ်း | |
ဒီဇိုင်းထုတ်သူ | မီခေးလ် ကာလာရှနီကော့ဗ် |
ဒီဇိုင်းထုတ်သည့်နေ့ | ၁၉၄၄-၁၉၄၆ |
ထုတ်လုပ်သူ | Izhmash |
ထုတ်လုပ်သည့် အရေအတွက် | AK-47 ၇၅ သန်းခန့် အေကေ ရိုင်ဖယ် သန်း၁၀၀ ခန့်[2] |
အသေးစိတ်အချက်အလက် | |
အလေးချိန် | ၄.၃ ကီလိုဂရမ် (ကျည်ကတ်တွင် ကျည်ဆန်မပါ) |
အလျား | ၈၇၀ မီလီမီတာ (သစ်သားဒင် အသေ) ၈၇၅ မီလီမီတာ (ဒင်ခေါက် ဖြန့်ထားစဉ်) ၆၄၅ မီလီမီတာ (ဒင်ခေါက်ထားစဉ်) |
ပြောင်း အရှည် | ၄၁၅ မီလီမီတာ |
ကျည်ခွံ | 7.62x39mm M43/M67 |
Action | ဓာတ်ငွေ့သုံးသော ဆုံလည်ကျည် |
ပစ်ခတ်နှုန်း | တစ်မိနစ် ကျည်ဆန် ၆၀၀ |
ကျည်ထွက်နှုန်း | တစက္ကန့် ၇၁၅ မီတာနှုန်း |
ထိရောက်သည့် အကွာအဝေး | ၃၀၀ မီတာ အော်တိုမက်တစ်[3] ၄၀၀ မီတာ ဆီမီးအော်တိုမက်တစ် semi-automatic[3] |
Feed system | 10, 20 , 30 , 40 or 75 -round detachable box and drum style magazine, also compatible with 40-round box or 75-round drum magazines from the RPK |
မြင်ကွင်းများ | Adjustable iron sights, ၁၀၀-၈၀၀ မီတာ အထိ အပြောင်းအလဲ, ၃၇၈ မီလီမီတာ sight radius |
အေကေ - ၄၇ ကို ရိုးရှင်းပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပြီး သန့်ရှင်းရေး ပြုလုပ်ရန်နှင့် အထွေထွေ ပြင်ဆင်ရန်လည်း အလွန်လွယ်ကူသည်။ လက်တွေ့ အသုံးပြုမှုများအရ အေကေ ၄၇ တစ်လက်၏ သက်တမ်းသည် နှစ်ပေါင်း ၂၀ မှ ၄၀ အတွင်း ကောင်းမွန်စွာ အသုံးပြု၍ ရကြောင်း တွေ့ရသည်။ ထူးခြားချက်မှာ ရေစိုဒဏ်ကို ကောင်းစွာခံနိုင်ခြင်းဖြစ်သည်။ နောက်ပိုင်း မျိုးကွဲများ ထွက်ပေါ်လာသော်လည်း မူရင်း သွင်ပြင်လက္ခဏာ ဖြစ်သည့် ရိုးရှင်းပြီး ပြုပြင်ထိန်းသိမ်းမှု လွယ်ကူသည့် ပုံသဏ္ဌာန်မှာ ဆက်လက် တည်ရှိဆဲ ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.