အိုရိုင်ယွန် နက်ဗျူလာ
From Wikipedia, the free encyclopedia
အိုရိုင်ယွန် နက်ဗျူလာ (Messier 42, M42, သို့မဟုတ် NGC 1976 ဟုလည်းသိထား) သည် နဂါးငွေ့တန်းထဲမှ အိုရိုင်ယွန် ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းသည် ကောင်းကင်တွင် အတောက်ပဆုံး နက်ဗျူလာဖြစ်ကာ သာမန်မျက်စိဖြင့် မြင်နိုင်သည်။ M42 သည် ကမ္ဘာမြေမှ ကြယ်တာရာများ အစုလိုက်အပြုံလိုက် မွေးဖွားရာနယ်မြေနှင့် အနီးဆုံးဆီသို့ ၁,၃၄၄ ± ၂၀ အလင်းနှစ် ကွာဝေးသည်။[3][6] M42 သည် အလင်းနှစ် ၂၄ အကွာထိ လွှမ်းခြုံထားသည်ဟု ခန့်မှန်းထားသည်။ ယင်းသည် နေထုထည်ထက် အဆပေါင်း ၂ဝဝဝ ပိုများသည်။ ရှေးစာပေများတွင် အိုရိုင်ယွန် နက်ဗျူလာအား ကြီးကျယ်သော နက်ဗျူလာ ဟု မကြာခဏ ရည်ညွန်းလေ့ရှိကြသည်။[7] အိုရိုင်ယွန် နက်ဗျူလာသည် ညဘက်ကောင်းကင်တွင် ဆန်းကြယ်သည့် ဓာတ်ပုံများကို ပေးစွမ်းနိုင်သော အရာဝတ္ထုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။[8]
အချက်တိုများ Diffuse nebula, လေ့လာမှု ဒေတာ: J2000 Epoch ...
Diffuse nebula | |
---|---|
မြင်နိုင်သောအလင်းထဲမှ အိုရိုင်ယွန် နက်ဗျူလာတစ်ခုလုံး | |
လေ့လာမှု ဒေတာ: J2000 Epoch | |
အမျိုးအစားခွဲ | Reflection/Emission nebula[1] |
ညာဘက် တိမ်းစောင်းမှု | 05° 35′ 17.3″[2] |
နိမ့်ဆင်းမှု | −05° 23′ 28″[2] |
အကွာအဝေး | 1,344±20 ly (၄၁၂[3] pc) |
အမြင် တောက်ပမှု (V) | +၄.၀[4] |
အမြင် ဒိုင်မင်းရှင်း (V) | 65×60 arcmins[5] |
ကြယ်စုတန်း | အိုရိုင်ယွန် |
ရုပ်သွင်ပြင် လက္ခဏာ | |
အချင်းဝက် | ၁၂[a] ly |
ပကတိ တောက်ပမှု (V) | — |
သိသာသော သွင်ပြင်များ | Trapezium cluster |
သတ်မှတ်ချက်များ | NGC 1976, M42, LBN 974, Sharpless 281 |
အခြားကြည့်ရန်: နက်ဗျူလာများ စာရင်း |
ပိတ်ရန်