အိုက်ဇောမြို့
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ မြို့တော် / From Wikipedia, the free encyclopedia
အိုက်ဇောမြို့ (အင်္ဂလိပ်: /aɪˈzɔːl/; မီဇို: [ˈʌɪ̯.ˈzɔːl]) သည် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်၏ အကြီးဆုံးမြိုနှင့်မြို့တော်ဖြစ်သည်။ အိုက်ဇောကို ၁၈၉၀ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့တွင် တရားဝင် တည်ထောင်ခဲ့သည်။ လူဦးရေ ၂၉၄,၄၁၆ ဖြင့်၊ ၎င်းသည် ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည်။ ၎င်းသည် အရေးကြီးသော အစိုးရရုံးများ၊ ပြည်နယ်လွှတ်တော်ရုံးများနှင့် အရပ်ဘက်အတွင်းဝန်များ ပါဝင်သော အုပ်ချုပ်ရေးဗဟိုဌာနလည်းဖြစ်သည်။ အိုက်ဇော၏လူဦးရေသည် မီဇိုလူမျိုးများ၏ မတူညီသောအသိုက်အဝန်းများကို ပြင်းထန်စွာထင်ဟပ်စေသည်။
အချက်တိုများ အိုက်ဇော Áizáwl, နိုင်ငံ ...
အိုက်ဇော Áizáwl | |
---|---|
မီဇိုရမ်ပြည်နယ်၏ မြို့တော် | |
'အပေါ်မှ လက်ယာရစ် အိုက်ဇောမြို့မြင်ကွင်း၊ ရှောလမုန်၏ဗိမ္မာန်တော်၊ ဒန်းထွားမာဘောလုံးကွင်း၊ လန်းပွီလေဆိပ်၊ ATC မီဇိုရမ်၊ အိုက်ဇောဈေး | |
နိုင်ငံ | အိန္ဒိယ |
ပြည်နယ် | မီဇိုရမ် |
ခရိုင် | အိုက်ဇောခရိုင် |
မြို့တော်တည်ထောင် | ၂၉ ဖေဖော်ဝါရီ ၁၈၉၀ |
အစိုးရ | |
• အစိုးရအဖွဲ့ | အိုက်ဇောမြို့တော်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ |
• မြို့တော်ဝန် | လားလ်ရင့်န်အဲငါ ဆိုင်လို ( မီဇိုအမျိုးသားတပ်ဦး) |
ဧရိယာ | |
• စုစုပေါင်း | ၁၂၉.၉၁ စတုရန်းကီလိုမီတာ (၅၀.၁၆ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၁၃၂ မီတာ (၃၇၁၄ ပေ) |
လူဦးရေ (၂၀၁၁) | |
• စုစုပေါင်း | ၂၉၃,၄၁၆ |
• သိပ်သည်းမှု | ၂၃၄/km၂ (၆၁၀/sq mi) |
အချိန်ဇုန် | အိန္ဒိယစံတော်ချိန် (UTC+၅း၃၀) |
ပိတ်ရန်