![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c4/Caracal_aurata_2.jpg/640px-Caracal_aurata_2.jpg&w=640&q=50)
အာဖရိကရွှေကြောင်
ကြောင်ရိုင်းငယ်တစ်မျိုး / From Wikipedia, the free encyclopedia
အာဖရိကရွှေကြောင်သည် အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ မိုးသစ်တောများတွင် ကျက်စားသော ကြောင်ရိုင်းတစ်မျိုး ဖြစ်သည်။[2] ကဲရကယ်ကြောင်ရိုင်း၊ ဆာဗယ်ကြောင်ရိုင်းတို့နှင့် မျိုးနီးစပ်သည်။[3]
အချက်တိုများ အာဖရိကရွှေကြောင်, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
အာဖရိကရွှေကြောင် | |
---|---|
![]() | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Suborder: | Feliformia |
မျိုးရင်း: | Felidae |
မျိုးရင်းသေး: | Felinae |
မျိုးစု: | Caracal |
မျိုးစိတ်: | C. aurata |
ဒွိနာမ | |
Caracal aurata (Temminck, 1827) | |
မျိုးစိတ်ကွဲ | |
| |
![]() | |
Distribution of the African golden cat, 2015[1] | |
Synonyms | |
|
ပိတ်ရန်
ဦးခေါင်းမှ ကိုယ်အရှည်သည် ၆၁ မှ ၁၀၁ စင်တီမီတာ (၂၄ မှ ၄၀ လက်မ) ရှိ သည်။ အမြီးအရှည်မှာ ၁၆ မှ ၄၆ စင်တီမီတာ (၆.၃ မှ ၁၈.၁ လက်မ) ရှိ သည်။ [4]အိမ်ကြောင်၏အရွယ်အစား နှစ်ဆ ရှိသည်။[5]
အပူပိုင်းသစ်တောများတွင် ကျက်စားပြီး မြစ်အနီးတဝိုက်တွင်တွေ့ရတတ်သည်။ အနောက်ဘက်တွင် ဆီနီဂေါလ်နိုင်ငံမှ အရှေ့ဘက်တွင် ကင်ညာနိုင်ငံအထိ၊ မြောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ တောင်ဘက်တွင် အင်ဂိုလာနိုင်ငံ မြောက်ပိုင်းအထိ တွေ့ရသည်။ တစ်ကောင်တည်းသာ ကျက်စားတတ်သည်။[6]