![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/96/Shoulder_sleeve_insignia_of_Northern_East_Command_of_Myanmar_Army.svg/langmy-640px-Shoulder_sleeve_insignia_of_Northern_East_Command_of_Myanmar_Army.svg.png&w=640&q=50)
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
လားရှိုးမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရမခ) သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ ရမခ၏ အဓိကတာဝန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ ၂၀၂၄ ဖေဖော်ဝါရီလ ၃ရက်နေ့မှ လက်ရှိထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် စိုးတင့် (ကြည်း - ၂၁၅၉၅) (တေဇ - ၁၆) ဖြစ်သည်။[1]
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် | |
---|---|
ရမခ | |
![]() အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | နေဝန်းနီ |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ် စိုးတင့် |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း |
တိုင်းဦးစီးချုပ် | ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် သန့်ထင်စိုး |
အဆောင်အယောင်များ | |
အလံတော် | ![]() |