အယ်လဖာ စင်တောရိ
စင်တောရပ်ကြယ်စုတန်းရှိ ကြယ်စနစ် / From Wikipedia, the free encyclopedia
အယ်လဖာ စင်တောရိ (α Centauri) သည် နေအဖွဲ့အစည်းနှင့် အနီးဆုံး ကြယ်စနစ်ဖြစ်သည်။ ယင်းသည် အလင်းနှစ် ၄.၃၇ (၁.၃၄ pc) အကွာတွင် တည်ရှိသည်။ ယင်းစနစ်တွင် အယ်လဖာ စင်တောရိ အေ၊ အယ်လဖာ စင်တောရိ ဘီ၊ ကြယ်ပုနီဖြစ်သော အယ်လဖာ စင်တောရိ စီ (ပရိုဆီမာ စင်တောရိ) ဟူသော ကြယ်သုံးစင်း ပါဝင်သည်။ အယ်အလဖာ စင်တောရိ အေသည် နေ၏ ၁.၁ ထုထည်ရှိပြီး တောက်ပမှုမှာ နေ၏ ၁.၅၁၉ ရှိသည်။[9] အယ်လဖာ စင်တောရိ ဘီမှာ နေ၏ထုထည် ၀.၉၀၇၊ တောက်ပမှု ၀.၄၄၅ ရှိသည်။ ကြယ်နှစ်စင်းသည် ဗဟိုကျသောဆုံမှတ်ကို ဗဟိုပြု၍ ၇၉.၉၁ နှစ်လျင် တစ်ကြိမ်စီ လှည့်ပတ်ကြသည်။ ပရိုဆီမာ စင်တောရိနှင့် အယ်လဖာ စင်တောရိ AB တို့၏အကွာအဝေးသည် အလင်းနှစ် ၀.၂၁ (၁၃၀၀၀ au) ခန့်သာ ကွာဝေးသည်။ သာမန်မျက်လုံးဖြင့်ကြည့်ပါက ပင်မကြယ်နှစ်စင်းသည် တစ်စင်းတည်းအဖြစ်သာ မြင်ရသည်။
လေ့လာရေး ဒေတာ Epoch J2000.0 Equinox J2000.0 | |
---|---|
ကြယ်စုတန်း | စင်တောရပ် |
အယ်လဖာ စင်တောရိ အေ | |
ညာဘက် တိမ်းစောင်းမှု | 14° 39′ 36.49400″[1] |
နိမ့်ဆင်းမှု | –60° 50′ 02.3737″[1] |
မြင်သာသော အရွယ်အစား (V) | +0.01[2] |
အယ်လဖာ စင်တောရိ ဘီ | |
ညာဘက် တိမ်းစောင်းမှု | 14° 39′ 35.06311″[1] |
နိမ့်ဆင်းမှု | –60° 50′ 15.0992″[1] |
မြင်သာသော အရွယ်အစား (V) | +1.33[2] |
ဂုဏ်သတ္တိ | |
A | |
စတီလာ အမျိုးအစား | G2V[3] |
U−B အရောင်ညွန်းကိန်း | +0.24[2] |
B−V အရောင်ညွန်းကိန်း | +0.71[2] |
B | |
စတီလာ အမျိုးအစား | K1V[3] |
U−B အရောင်ညွန်းကိန်း | +0.68[2] |
B−V အရောင်ညွန်းကိန်း | +0.88[2] |
နက္ခတ္တဗေဒ | |
A | |
ဗဟိုခွာအား အလျင် (Rv) | −21.4 ± 0.76[4] km/s |
သင့်လျော် ရွေ့လျားမှု (μ) | RA: −3679.25[1] mas/yr Dec.: 473.67[1] mas/yr |
ပြောင်းလဲ တည်နေရာ (π) | 754.81 ± 4.11[1] mas |
အကွာအဝေး | 4.37[5] ly |
ပကတိ အရွယ်အစား (MV) | 4.38 |
B | |
ဗဟိုခွာအား အလျင် (Rv) | −18.6 ± 1.64[4] km/s |
သင့်လျော် ရွေ့လျားမှု (μ) | RA: −3614.39[1] mas/yr Dec.: 802.98[1] mas/yr |
ပြောင်းလဲ တည်နေရာ (π) | 796.92 ± 25.90[1] mas |
အကွာအဝေး | 4.37[5] ly |
ပကတိ အရွယ်အစား (MV) | 5.71 |
အသေးစိတ် | |
အယ်လဖာ စင်တောရိ အေ | |
ဒြပ်ထု | 1.100 M☉ |
အချင်းဝက် | 1.227[6] R☉ |
တောက်ပမှု | 1.519 L☉ |
မျက်နှာပြင် ဒြပ်ဆွဲအား(log g) | 4.30[7] cgs |
သက်ရောက်သည့် အပူချိန် | 5,790 K |
သတ္တုကြွယ်ဝမှု [Fe/H] | 0.20 dex |
စတီလာ လှည့်ပတ်မှု | 22[6] days |
စတီလာ သက်တမ်း | 4.5–7 Gyr |
အယ်လဖာ စင်တောရိ ဘီ | |
ဒြပ်ထု | 0.907 M☉ |
အချင်းဝက် | 0.865[6] R☉ |
တောက်ပမှု | 0.5002 L☉ |
မျက်နှာပြင် ဒြပ်ဆွဲအား (log g) | 4.37[7] cgs |
သက်ရောက်သည့် အပူချိန် | 5,260 K |
သတ္တုကြွယ်ဝမှု | 0.23 |
စတီလာ လှည့်ပတ်မှု | 41[6] days |
ပတ်လမ်း[8] | |
ပင်မ | A |
အဖော် | B |
ပတ်လမ်းကြာချိန် (P) | 79.91 ± 0.011 နှစ် |
ဆီမီး-မေဂျာ ဝင်ရိုး (a) | 17.57 ± 0.022" |
စက်ဝိုင်းပုံပတ်လမ်း (e) | 0.5179 ± 0.00076 |
နိမ့်ဆင်းမှု (i) | 79.205 ± 0.041° |
ဆုံမှတ်၏လောင်တီကျု (Ω) | 204.85 ± 0.084° |
အနီးဆုံးပတ်လမ်း (T) | 1875.66 ± 0.012 |
အနီးဆုံးပတ်လမ်း၏ထောင့်ဖြတ် (ω) (secondary) | 231.65 ± 0.076° |
ကြယ် စာရင်း | |
Rigil Kentaurus, Rigil Kent, Toliman, Bungula, Gliese 559, FK5 538, CD−60°5483, CCDM J14396-6050, GC 19728 | |
α Cen A: α1 Centauri, HR 5459, HD 128620, GCTP 3309.00, LHS 50, SAO 252838, HIP 71683 | |
α Cen B: α2 Centauri, HR 5460, HD 128621, LHS 51, HIP 71681 | |
ရည်ညွန်း ဒေတာ | |
SIMBAD | AB |
A | |
B | |
ပြင်ပဂြိုဟ် မော်ကွန်း | data |
ARICNS | data |
နေစကြဝဠာပြင်ပဂြိုဟ် စွယ်စုံကျမ်း | data |
ပရိုဆီမာ စင်တောရိကို သာမန်မျက်စိဖြင့်မမြင်ရသော်လည်း နေနှင့်အနီးဆုံးကြယ်ဖြစ်သည်။ အယ်လဖာ စင်တောရိ အေဘီနှင့် ပရိုစီမာ စင်တောရိတို့၏ အကွာအဝေးသည် ၁၃၀၀ AU (အလင်းနှစ် ၀.၂၁) ကွာဝေးသည်။[10] ယင်းသည် နက်ပကျွန်းဂြိုဟ်ပတ်လမ်းကြောင်း၏ အဆပေါင်း ၄၃၀ နှင့် ညီမျှသည်။
အယ်လဖာ စင်တောရိကြယ်စနစ်သည် တောင်ကမ္ဘာခြမ်းကောင်းကင်ယံ၌ တတိယ အတောက်ပဆုံး ကြယ်လည်းဖြစ်ပေသည်။[11] ၂၀၁၆ ခုနှစ်တွင် ပရိုဆီမှာ စင်တောရိ ဘီအမည်ရှိ ကမ္ဘာမြေအရွယ်အစားဂြိုဟ်ကို သက်ရှိများ ရှင်သန်နိုင်သောဇုန်အတွင်း ရှာဖွေတွေ့ရှိခဲ့သည်။