ဟာဝိုင်ယီပြည်နယ်
From Wikipedia, the free encyclopedia
ဟာဝိုင်ယီပြည်နယ်သည် အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ တွင် နောက်ဆုံးဝင်ရောက်ခဲ့သော ပြည်နယ်ဖြစ်ပြီး အမေရိကန်ပြည်နယ်များတွင် ကျွန်းများဖြင့် ဖွဲ့စည်းထားသော တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ ၎င်း၏ မြောက်ဘက် အကျဆုံးသော ကျွန်းအစုအဝေးမှာ ပိုလီနီးရှားဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းရှိ ကျွန်းစု အတော်များများ ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ဘက်၊ ဂျပန်နိုင်ငံ၏ အရှေ့တောင်ဘက်၊ ဩစတေးလျနိုင်ငံ၏ အရှေ့မြောက်ဘက်တို့တွင် တည်ရှိသည်။ ဟာဝိုင်ယီတွင် သဘာဝကျသော ရှုခင်းအမျိုးမျိုးရှိပြီး ပူနွေးသော မုတ်သုန်ရာသီဥတုရှိသည်။ ပင်လယ်ကမ်းခြေ အများအပြားရှိပြီး သမုဒ္ဒရာဖြင့် ဝန်းရံထားသည်။ မီးမငြိမ်းသေးသော မီးတောင်များကြောင့် ထင်ရှားသည်။ ကမ္ဘာလှည့်ခရီးသည်များ၊ ပင်လယ်လှိုင်းစီးသူများ၊ ဇီဝပညာရှင်များ၊ မီးတောင်ပညာရှင်များ အများအပြား လာရောက်ကြလေ့ ရှိသည်။ ပစိဖိတ် သမုဒ္ဒရာ အတွင်း တည်ရှိခြင်းကြောင့် ဟာဝိုင်ယီတွင် ၎င်း၏ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် အတူ မြောက်အမေရိက နှင့် အာရှမှ ယဉ်ကျေးမှုများ လွှမ်းမိုးသည်။ ဟာဝိုင်ယီပြည်နယ်တွင် အမြဲတမ်းနေထိုင်သူ တစ်သန်းခန့် ရှိပြီး လာရောက်လည်ပတ်သူ အများအပြား နှင့် အမေရိကန် စစ်သားများ နေထိုင်ကြသည်။ မြို့တော်မှာ ဟိုနိုလူလူမြို့ ဖြစ်သည်။
ဟာဝိုင်ယီပြည်နယ် | |||
---|---|---|---|
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဟာဝိုင်ယီ အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
Before statehood | ဟာဝိုင်ယီနယ်မြေ | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | August 21, 1959 (၅၀ခုမြောက်) | ||
အကြီးဆုံးမြို့ | မြို့တော် | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | Neil Abercrombie | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | Brian Schatz | ||
လူဦးရေ | |||
• စုစုပေါင်း | ၁,၃၆၀,၃၀၁ (၂၀၁၀)[1] ၁,၂၁၁,၅၃၇ (၂၀၀၀) | ||
• သိပ်သည်းမှု | ၁၈၈.၆/sq mi (၇၂.၈၃/km၂) | ||
• ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ | $၆၃,၇၄၆ | ||
• ဝင်ငွေအဆင့် | ၅th | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | အင်္ဂလိပ်၊ ဟာဝေယံ | ||
လတ္တီကျူ | 18° 55′ N to 28° 27′ N | ||
လောင်ဂျီကျူ | 154° 48′ W to 178° 22′ W |