ဩစတြေးလျနိုင်ငံ
ဩစတြေးလျတိုက်ရှိနိုင်ငံ / From Wikipedia, the free encyclopedia
ဩစတြေးလျနိုင်ငံ၏ တရားဝင်အမည်မှာ ဩစတြေးလျ ဓနသဟာယ နိုင်ငံဟု ခေါ်ဝေါ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းတွင် တည်ရှိသည်။ ဩစတြေးလျနိုင်ငံတွင် ကမ္ဘာ့အသေးဆုံးတိုက်ဖြစ်သော ဩစတြေးလျတိုက်၊ တက်စမေးနီးယားကျွန်းမကြီး၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုပေါင်းများစွာ ပါဝင်သည်။ အိမ်နီးချင်းနိုင်ငံများမှာ မြောက်ဘက်၌ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့တီမောနိုင်ငံနှင့် ပါပူအာနယူးဂီနီနိုင်ငံ၊ အရှေ့မြောက်ဘက်၌ ဆော်လမွန်ကျွန်းစုများ၊ ဗနွားတူနိုင်ငံနှင့် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဘက်တွင် နယူးဇီလန်နိုင်ငံတို့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုတည်းက တိုက်တစ်ခုလုံးကို နေရာယူထားသော တိုက်ဟူ၍ ဩစတြေးလျတစ်ခုသာ ရှိသည်။
ဩစတြေးလျ ဓနသဟာယနိုင်ငံ Commonwealth of Australia | |
---|---|
ဩစတေးလျဓနသဟာယနိုင်ငံ (အန္တာတိကတိုက်ရှိ ကြေညာထားသော ဩစတေးလျနယ်မြေ အပါအဝင်) | |
မြို့တော် | ကန်ဘာရာမြို့ 35°18′29″S 149°07′28″E |
အကြီးဆုံးမြို့ | ဆစ်ဒနီမြို့ |
ရုံးသုံး ဘာသာစကားများ | ဖက်ဒရယ်အဆင့်၌ တရားဝင်သတ်မှတ်ထားခြင်းမရှိ |
အမျိုးသားဘာသာစကား | အင်္ဂလိပ်[N 2] |
ကိုးကွယ်မှု | |
Demonym | |
အစိုးရ | ဖက်ဒရယ် ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် |
• ဧကရာဇ် | တတိယ ချားလ်စ် |
• ဘုရင်ခံချုပ် | ဒေးဗစ် ဟာလေ |
အန်တိုနီ အယ်လ်ဘာနီစီ | |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဆီးနိတ် | |
ကိုယ်စားလှယ်များလွှတ်တော် | |
လွတ်လပ်သော ယူနိုက်တက် ကင်းဒမ်းမှ | |
၁၉၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် | |
9 October 1942 (with effect from 3 September 1939) | |
၁၉၈၆ ခုနှစ် မတ်လ ၃ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၇,၆၉၂,၀၂၄ km2 (၂,၉၆၉,၉၀၇ sq mi) (အဆင့်: ၆) |
• ရေထု (%) | ၁.၇၉ (၂၀၁၅ ခုနှစ်အရ)[6] |
လူဦးရေ | |
• ၂၀၂၄ ခန့်မှန်း | ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။[7] (အဆင့် - 53) |
• ၂၀၁၆ သန်းခေါင်စာရင်း | 23,401,892[8] |
• သိပ်သည်းမှု | [convert: မရေရာသော ကိန်းဂဏန်း] (အဆင့် - ၁၉၂) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁.၄၁၆ ထရီလီယံ[9] (အဆင့် - ၁၈) |
• Per capita | $၅၄,၈၉၁[9] (အဆင့် - ၁၇) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၁.၆၁၈ ထရီလီယံ[9] (အဆင့် - ၁၂) |
• Per capita | $၆၂,၇၂၃[9] (အဆင့် - ၉) |
Gini (၂၀၁၈) | ၃၂.၅[10] အလယ် · 16th |
HDI (2019) | 0.944[11] အလွန်မြင့် · ၈ |
ငွေကြေး | ဩစလေးလျ ဒေါ်လာ ($) (AUD) |
အချိန်ဇုန် | မတူကွဲပြားသော[N 3] (UTC+8; +9.5; +10) |
• နွေရာသီ (DST) | မတူကွဲပြားသော[N 3] (UTC+8; +9.5; +10; +10.5; +11) |
ရက်စွဲပုံစံ | dd/mm/yyyy yyyy-mm-dd[12] |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၆၁ |
Internet TLD | .au |
ဩစတြေးလျ ကုန်းမကြီးပေါ်တွင် ဩစတြေးလျ နေရင်းလူမျိုးတို့ နေထိုင် လာခဲ့ကြ သည်မှာ နှစ်ပေါင်း ၄၂၀၀၀ ကျော်မျှ ရှိပြီဖြစ်သည်။ မြောက်ဘက်အရပ်မှ တံငါသည်များ တစ်ခါတစ်ရံလာရောက်မှုနှင့် ဥရောပမှ ဒတ်ချ်လူမျိုး စူးစမ်းရှာဖွေသူတို့၏ ၁၆၀၆ ခု ရှာဖွေတွေ့ရှိမှု အပြီးတွင် ဩစတြေးလျအရှေ့ခြမ်းကို ဗြိတိသျှတို့က ပိုင်နက်အဖြစ် ၁၇၇၀ တွင် ကြေညာခဲ့သည်။ အစကနဦးပိုင်းတွင် ၂၆ ဇန်နဝါရီ ၁၇၈၈ မှ အစပြု၍ နယူး ဆောက်ဝေး ကိုလိုနီဒေသသို့ ရာဇဝတ်မှု ကျူးလွန်သူတို့အား ပို့လွှတ်ရာ ဒေသအဖြစ် အသုံးပြုခြင်းအားဖြင့် အင်္ဂလိပ်တို့ စတင် ရောက်ရှိလာခဲ့သည်။ လူဦးရေ တိုးပွားလာပြီး နယ်မြေသစ်များ ရှာဖွေတွေ့ရှိ လာသည်နှင့်အမျှ ၁၉ ရာစုနှစ်တွင် ဗြိတိသျှ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရသော ရေမြေခြား ကိုလိုနီတိုင်းကြီး ၅ တိုင်းကို ထပ်မံ တည်ထောင်ခဲ့သည်။
ဇန်နဝါရီလ ၁ ရက် ၁၉၀၁ တွင် ကိုလိုနီတိုင်းကြီး ၆ တိုင်းကို ဖက်ဒရယ်စနစ်ဖြင့် ပူးပေါင်းခဲ့ပြီး ဩစတြေးလျ ဓနသဟာယနိုင်ငံကို ထူထောင်ခဲ့သည်။