ဟန်ဂေရီနိုင်ငံ
From Wikipedia, the free encyclopedia
ဟန်ဂေရီနိုင်ငံ (တရားဝင်အခေါ်အားဖြင့် [1]ဟန်ဂေရီ သမ္မတနိုင်ငံ) သည် ဥရောပ အလယ်ပိုင်းတွင် ရှိသော ကုန်းတွင်းပိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ပန်နိုနီယမ် မြစ်ဝှမ်းဒေသတွင် တည်ရှိပြီး မြောက်ဘက်တွင် ဆလိုဗက်ကီးယားနိုင်ငံ၊ အရှေ့ဘက်တွင် ယူကရိန်းနိုင်ငံ နှင့် ရိုမေးနီးယားနိုင်ငံ၊ တောင်ဘက်တွင် ဆားဘီးယားနိုင်ငံ နှင့် ခရိုအေးရှားနိုင်ငံ၊အနောက်တောင်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံ နှင့် အနောက်ဘက်တွင် ဩစတြီးယားနိုင်ငံ တို့ ရှိကြသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘူဒါပတ်စ်မြို့ ဖြစ်သည်။ ဟန်ဂေရီသည် ဥရောပသမဂ္ဂ၊ နေတိုးအဖွဲ့၊ အိုအီးစီဒီ အဖွဲ့ နှင့် ဗိုက်စ်ဂရက်ဒ် အဖွဲ့ တို့၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် အပြင် ရှန်ဂန်နယ်နိမိတ်တွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ရုံးသုံးဘာသာစကားမှာ ယူရားလစ် မိသားစုဝင် ဘာသာစကား ဖြစ်သော ဟန်ဂေရီ ဘာသာစကားဖြစ်ပြီး အင်ဒို-ဥရောပ အစုအဖွဲ့တွင် မပါဝင်သော ဘာသာစကားထဲတွင် ဥရောပ၌ အသုံးအများဆုံး ဘာသာစကားဖြစ်သည်။ [2]
ဟန်ဂေရီသမ္မတနိုင်ငံ | |
---|---|
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘူဒါပတ်စ်မြို့ |
ရုံးသုံး ဘာသာစကားများ | ဟန်ဂေရီ |
အမျိုးအစား | ပါလီမန် သမ္မတစနစ် |
အစိုးရ | |
• သမ္မတ | János Áder |
• ဝန်ကြီးချုပ် | Viktor Orbán |
တည်ထောင် | |
• ဟန်ဂေရီ | ၈၉၅ |
• ခရစ်ယာန် ဘုရင်နိုင်ငံ | ၁၀၀၀ |
• တတိယသမ္မတနိုင်ငံတော် | ၁၉၈၉ အောက်တိုဘာ ၂၃ |
ဧရိယာ | |
• စုစုပေါင်း | ၉၃,၀၃၀ km² (အဆင့်: ၁၀၉) |
• ရေထု (%) | ၀.၇၄ |
လူဦးရေ | |
• ခန့်မှန်း | ၉,၉၇၉,၀၀၀ (အဆင့် - ၈၃) |
• သိပ်သည်းမှု | ၁၀၇.၂/km²(၂၇၉.၀/sq mi) (အဆင့် - ၉၄) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | US $ ၁၈၇.၆၂၇ ဘီလီယံ |
• Per capita | US $၁၈,၇၃၈ |
HDI | ၀.၈၀၅ အလွန်မြင့် |
ငွေကြေး | ဖိုရင့် |
တယ်လီဖုန်းကုဒ် | +၃၆ |
Internet TLD | .hu |