ရှိမိုဂယောရပ်ကွက်၊ ကျိုတို
From Wikipedia, the free encyclopedia
ရှိမိုဂယောရပ်ကွက် (下京区) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ရှိ ရပ်ကွက် (၁၁) ခုထဲတွင် ပါဝင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည်။ ဤရပ်ကွက်ကို ၁၈၇၉ ခုနှစ်တွင် စတင်အကောင်ထည်ဖော်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ရပ်ကွက်အား ပေါင်းစပ်ခြင်း၊ ခွဲထုတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဤရပ်ကွက်ကို “မိနမိရပ်ကွက်” အဖြစ်သို့ သီးခြားရပ်ကွက်သစ်တစ်ခု ခွဲထုတ်ခဲ့ပြီး ယခုလက်ရှိကာလ နယ်နိမိတ်အပိုင်းအခြားအတိုင်း ဖြစ်လာခဲ့သည်။
Shimogyō 下京区 | |
---|---|
Ward of Kyoto | |
Location of Shimogyō-ku in Kyoto | |
Location of Shimogyō-ku in Japan | |
ကိုဩဒိနိတ်: 34°59′15″N 135°45′20″E | |
Country | Japan |
Prefecture | Kyoto |
City | Kyoto |
Founded | 1879 |
ဧရိယာ | |
• စုစုပေါင်း | ၆.၇၈ စတုရန်းကီလိုမီတာ (၂.၆၂ စတုရန်းမိုင်) |
အမြင့်ဆုံး နေရာ | ၃၈ မီတာ (၁၂၅ ပေ) |
အနိမ့်ဆုံး နေရာ | ၂၀ မီတာ (၇၀ ပေ) |
လူဦးရေ (October 1, 2020) | |
• စုစုပေါင်း | ၈၂၇၈၄ |
• ခန့်မှန်း (2021) | ၈၂၃၉၁ |
• သိပ်သည်းမှု | ၁၂၀၀၀/km၂ (၃၂၀၀၀/sq mi) |
အချိန်ဇုန် | Japan Standard Time (UTC+9) |
ဝက်ဘ်ဆိုဒ် | city.kyoto.lg.jp/shimogyo/ |
ကျိုတိုတာဝါနှင့် ကျိုတိုဘူတာ တို့သည် ရပ်ကွက်တွင် တည်ရှိသည့် အဓိကအထင်ကရနေရာများ ဖြစ်သည်။ ရပ်ကွက်၏ မြောက်ဘက်အစွန်ဘက်တွင် တည်ရှိပြီး ရှိဂျောခဝရမချိ အပိုင်းရှိ ရှိဂျောလမ်းမသည် ဈေးဆိုင်များဖြင့် စည်းကားသည့် နေရာလည်း ဖြစ်သည်။ ကျိုတိုဘူတာတွင်လည်း ဈေးဝယ်စင်တာပါရှိသည်။ ဘူတာအဆောက်အဦတွင် ကုန်တိုက်တစ်ခုနှင့် မြေအောက်ဈေးဝယ်ရှော့ပင်းမောတစ်ခုလည်း ပါရှိသည်။
ရပ်ကွက်တွင် နေထိုင်သည့် လူဦးရေသည် ၈၂၇၈၄ ဦးရှိပြီး ဧရိယာ ၆.၇၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ဟိုရိခဝ၊ ခမိုဂဝနှင့် တခဆဲဂဝ စသည့်မြစ်သုံးစင်းသည် ရပ်ကွက်ကို ဖြတ်သန်းကာ စီးဆင်းလျက်ရှိသည်။