ကျိုတိုဘူတာ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ကျိုတိုဘူတာ သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် အဓိကကျသည့် ဘူတာတစ်ခုဖြစ်သည်။ ဤဘူတာအဆောက်အဦသည် ဂျပန်နိုင်ငံရှိ ဘူတာများထဲတွင် နဂိုယဘူတာပြီးလျှင် ဒုတိယမြောက်အကြီးဆုံး ဘူတာအဆောက်အဦတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ ရုပ်ရင်ရုံများ၊ အစိုးရဝန်ဆောင်မှုရုံးများ စသည်တို့ပါဝင်သည့် အဆောက်အဦများထဲတွင် နိုင်ငံ၏ အကြီးဆုံး ဖြစ်သည်။ အဆောက်အဦသည် ၁၅ ထပ်အဆောက်အဦ ဖြစ်သည်။ ဤဘူတာတွင် ကျိုတိုမြို့လေကြောင်းဂိတ်တစ်ခုလည်း ၂၀၀၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်အနေ့အထိ တည်ရှိခဲ့ဖူးသည်။
ကျိုတိုဘူတာတွင် အောက်ပါရထားလိုင်းများ ပြေးဆွဲလျက်ရှိသည်။
အထက်ပါရထားလိုင်းများအပြင် အောက်ပါရထားလိုင်းများသည်လည်း ကျိုတိုဘူတာကို ဖြတ်သန်းကာ ပြေးဆွဲလျက်ရှိသည်။
မြေအောက်ရထားလမ်းကြောင်းတွင် လမ်းကြောင်းနှစ်ခုပါဝင်ပြီး အလယ်တွင် ပလက်ဖောင်းတစ်ခုပါဝင်သည့်ပုံစံ ဖြစ်သည်။
1 | ■ Karasuma Line | for Takeda, Shin-Tanabe and Nara |
2 | for Shijō, Karasuma Oike, Kokusaikaikan |
၁၈၇၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် မီးရထားဆိုင်ရာအစိုးရအဖွဲ့သည် ခိုးဘေးမြို့မှ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ကျိုတိုဘူတာသည် တည်ဆောက်နေဆဲဖြစ်သည်။ ဘူတာမဖွင့်လှစ်မီအထိ အိုးမိယဒိုအိုရိ (အိုးမိယလမ်း) ဘူတာကို ယာယီဘူတာအနေဖြင့် အသုံးပြုထားသည်။ ပထမဆုံးသော ကျိုတိုဘူတာကို ၁၈၇၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[2]
လက်ရှိကျိုတိုဘူတာကို ၁၉၉၇ ခုနှစ်တွင် ကျိုတိုမြို့ ၁၂၀၀ နှစ်ပတ်လည်အမှတ်တရအနေဖြင့် ဖွင့်လှစ်ခဲ့သည်။ ဤဘူတာသည် အမြင့် ၇၀ မီတာရှိပြီး အရှေ့မှ အနောက်သို့ ၄၇၀ မီတာ ရှိသည်။ စုစုပေါင်းကြမ်းခင်းဧရိယာသည် ၂၃၈,၀၀၀ စတုရန်းကီလိုမီတာရှိသည်။ ဗိသုကာပိုင်းဆိုင်ရာအနေဖြင့် ဤဘူတာတွင် ၂၀ ရာစု၏ လက်ရာများကို မြင်တွေ့နိုင်သည်။ ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် ဟိရိုရှိဟရသည် ဒီဇိုင်းရေးဆွဲခဲ့သည်။
ကျိုတိုသည် ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦများ ပေါများသည့်အတွက် ဂျပန်နိုင်ငံရှိ ခေတ်မီမှုအနည်းဆုံးသောမြို့များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဤဘူတာကို ၁၉၉၀ နှစ်လယ်လက်ရာများအတိုင်း ဆောက်လုပ်ရန်အတွက်လည်း တုန့်ဆိုင်းမှုများရှိခဲ့သည်။
၂၀၁၆ ခုနှစ်တွင် JR West ကို အသုံးပြုသူ နေ့စဉ် ခရီးသည်အရေအတွက် ၂၀၀,၄၂၆ ဦး (တက်ရောက်စီးနင်းသည့် ခရီးသည်များ) အထိ အသုံးပြုခဲ့ကြသည်။[3] JR West လမ်းကြောင်း၏ ဘူတာများထဲတွင် အိုဆာကာဘူတာပြီးလျှင် ဒုတိယမြောက်အလုပ်အများဆုံးဘူတာလည်း ဖြစ်သည်။[4]
ခုနှစ် | JR West (Boarding) | JR Central (Boarding) | Kintetsu (Total) | မြေအောက်ရထား (Total) |
---|---|---|---|---|
1908 | 2,255,334 | |||
2000 | 60,120,000 | 12,101,000 | 43,666,000 | 38,422,000 |
2005 | 64,388,000 | 11,286,000 | 39,607,000 | 38,582,000 |
2010 | 67,056,000 | 11,580,000 | 37,818,000 | 38,605,000 |
2015 | 73,216,000 | 13,566,000 | 37,224,000 | 44,459,000 |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.